ဒီလအစောပိုင်းတုန်းက သတင်းတွေပေါက်ကြားခဲ့တဲ့ Realme Watch 5 ကို အခု Realme ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ တရားဝင် ကြေညာလိုက်ပါပြီ။ Realme Watch 5 မှာ 460 mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး တစ်ခါ အားသွင်းထားရုံနဲ့ ရက်ပေါင်း ၁၄ ရက် လဝက် နီးပါး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Photo : TechNave
Realme Watch 5 မှာ ၁.၉၇ လက်မ စတုဂံပုံ AMOLED မျက်နှာပြင် ပါရှိပြီး 390×450 resolution ၊ 60Hz refresh rate နဲ့ 600-nit peak brightness ထောက်ပံ့ပေး ထားတဲ့အပြင် 108 sports modes ၊ watch faces ၃၀၀ ကျော် ၊ GPS နဲ့ GNSS ၊ NFC payments ၊ နှလုံးခုန်နှုန်း ၊ သွေးတွင်းသကြားဓာတ် ပမာဏတွေကိုပါ ခြေရာခံ တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။
ဖုန်ဒဏ်ရေစိုဒဏ် IP68 အဆင့်သတ်မှတ်ချက် ပါရှိပြီး Google ရဲ့ Wear OS အစား Realme ရဲ့ တစ်ဦးတည်းပိုင် ကိုယ်ပိုင် ဆော့ဖ်ဝဲလ်ကို အသုံးပြုပေးထားပါတယ်။ လက်ရှိမှာတော့ ဂျာမနီနိုင်ငံရဲ့ Amazon စတိုးမှာ ယူရို ၇၀ နဲ့ အရောင်းတင်ထားပြီး နိုင်ငံတကာ ဈေးကွက်ကို မကြာမီ ရက်သတ္တပတ်အတွင်း ရောင်းချသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Photo : Gadgets & Wearables
ကွီးတို့ ဈေးတန်တန်နဲ့ တစ်ခါအားသွင်း လဝက် လောက်သုံးလို့ရတဲ့အထိ ဘက်ထရီ သက်တမ်း ကြာကြာခံတဲ့ Smartwatch ကိုရှာနေရင်တော့ Realme Watch 5 က စဉ်းစားသင့်တဲ့ ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
Source : GSMArena.com
Featured Photo : GSMArena.com