ခြင်္သေ့ပြာတို့ကတော့ ရာသီအစမှာကတည်းက ရှုံးပွဲများနေလို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ချဲလ်ဆီး အသင်း နောက်ဆုံး ကစားထားတဲ့ ၃ ပွဲကို ကြည့်ရင် ဘိုင်ယန်နဲ့ မန်ယူကို ၂ ပွဲဆက်ရှုံးထားပြီး လင်ကွန်းစီးတီးနဲ့ ပွဲစဉ်မှာသာ အနိုင်ရလဒ် ပြန်လည်ဖော်ဆောင် ထားနိုင်တာပါ။

chelsea vs brighton

Photo : Chelsea Football Club

ဆိုတော့ စနေနေ့ညမှာ ဘရိုက်တန်နဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာ သေချာပေါက် နိုင်ပွဲရဖို့ လိုအပ်နေတာဖြစ်ပြီး အကယ်၍ ဒီပွဲသာ ခြေချော်လက်ချော် ဖြစ်သွားခဲ့ရင် ခြင်္သေ့ပြာတို့အတွက် ဖိအားပိုများသွားရဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာ ဘရိုက်တန်တို့ကတော့ ရာသီအစမှာ ကတည်းက တိုက်စစ်အားကောင်းကောင်းနဲ့ သွင်းဂိုးတွေ ရယူနေပြီး မန်စီးတီး ၊ စပါးတို့လို အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွာနေတာ တွေ့ရပါတယ်။ တိုက်စစ်အစုအဖွဲ့ ကောင်းကောင်းနဲ့ ဂိုးတွေသွင်းပြနေတဲ့ ဘရိုက်တန်တို့က ချဲလ်ဆီးရဲ့ နောက်တန်းခံစစ်ကို ကောင်းကောင်းကြီး ဖိအားပေးသွားနိုင်ဖွယ် ရှိပါတယ်။

ဘရိုက်တန်က တိုက်စစ်အားကောင်းနေပေမယ့် ခံစစ်ပိုင်းအားနည်းချက်တွေ ရှိနေတာဆိုတော့ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းတိုင်းကို ဂိုးတွေခွင့်ပြု ပေးထားရတာပါ။ ခြင်္သေ့ပြာတို့ကလည်း လက်ရှိ ခံစစ်ပိုင်းအားနည်းချက်တွေ များနေတာဆိုတော့ ဒီပွဲက နှစ်ဖက်သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အကြိတ်အနယ်ဖြစ်မယ့် ပွဲကောင်းတစ်ပွဲဖြစ်မှာ အသေအချာပါပဲ။

chelsea vs brighton
Photo : Chelsea Football Club

ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၃ ပွဲမှာ ဘရိုက်တန်က ချဲလ်ဆီးကို ၂ ပွဲနိုင် ၁ ရှုံးရလဒ် ထွက်ပေါ်ထားပါတယ်။ စနေနေ့ညမှာ ဒီ ၂ သင်း ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာရော ဘယ်လိုမျိုး ရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရပါမယ်။ ကွီးတို့ရော စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အိမ်ရှင် ချဲလ်ဆီး တို့ကပဲ လိုအပ်နေတဲ့ နိုင်ပွဲရလဒ်ကို ဖော်ဆောင်သွားနိုင်မလား ? တိုက်စစ်အားကောင်းနေတဲ့ ဘရိုက်တန်တို့ပဲ အိမ်ရှင်အသင်းကို ကြိတ်သွားမလား ? ကွန်းမန့်မှာ ခန့်မှန်းပေးခဲ့ပါဦး။

Featured Photo : Khel Now