ဘဝမှာ ဘယ်လိုအခက်အခဲ အတားအဆီးပဲ ကြုံလာကြုံလာ တကယ် စိတ်မာ တဲ့ လူတွေကပဲ အကောင်းဆုံး ကျော်ဖြတ်နိုင်ကြတာပါ။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာလာဖို့က တဖြည်းဖြည်းချင်း တည်ဆောက်ယူရတာ ဖြစ်ပါတယ်။ စာရေးသူတို့က ဘဝမှာ ကြုံတွေ့ရတဲ့ အနိမ့်အမြင့် အတက်အကျလိုက် အတွေ့အကြုံများစွာကို ကျော်ဖြတ်ရင်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ရှိလာဖို့ သင်ယူလေ့ကျင့်ကြရတာပါ။ ဒီဆောင်းပါးမှာတော့ စိတ်မာ တဲ့ သူတစ်ယောက်ဖြစ်ဖို့ လေ့ကျင်ယူလို့ ရနိုင်မယ့် အလေ့အကျင့် ကောင်းလေးတွေကို ပြောပြပေးပါမယ်။
(၁) ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင် လေ့ကျင့်ပါ
Photo : The Manual
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဟာ အမြဲဆက်စပ်မှု ရှိပါတယ်။ စိတ်ကြံ့ခိုင်မှုရှိဖို့ဆိုရင် အရင်ဆုံး ကိုယ်ကာယ ကျန်းမာကြံ့ခိုင်အောင် လုပ်ဖို့လိုပါတယ်။ အားကစားပုံမှန်လုပ်ဆောင်ခြင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းရုံသာမက စိတ်စွမ်းရည်ကိုပါ မြှင့်တင်ပေးပြီး တီထွင်ဖန်တီးနိုင်စွမ်း ၊ မှတ်ဉာဏ်နဲ့ သိမြင်မှု ၊ ဘဝအတွက် စိတ်အားထက်သန်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေ ရစေမှာ ဖြစ်ပါတယ်။
(၂) စိတ်ကို ပြည့်ပြည့်ဝဝ အနားပေးပါ
Photo : MedicalNewsToday
နေ့စဉ် အတွေးပေါင်းများစွာ ၊ ဆုံးဖြတ်မှု ပေါင်းများစွာဟာ စိတ်နဲ့ လုပ်ဆောင်ရတာပါ။ စိတ်ကို ခိုင်းစေမှု လွန်ကဲလာရင် မလိုလားအပ်တဲ့ အတွေးလွန်ခြင်းတွေ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေ ဖြစ်လာတက်ပါတယ်။ ဒါကြောင့် တစ်ချို့အချိန်တွေမှာ စိတ်ကိုလေဟာနယ်တစ်ခုထဲ လွတ်ထားသလို ရှင်းလင်းထားပြီး အနားကောင်းကောင်းပေးဖို့ လိုပါတယ်။
(၃) ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအပေါ် ယုံကြည်ချက် အပြည့်ထားပါ
Photo : Medium
မယုံကြည်စိတ်တွေ ၊ သံသယစိတ်တွေဟာ ကွီးတို့ရဲ့အစွမ်းအစနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို လျော့သွားစေတက်ပါတယ်။ တစ်စုံတစ်ခုကို ကြိုးစားကြည့်တော့မယ်ဆိုရင် ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကို အပြည့်အဝ သွင်းထားပါ။ ကိုယ်စွမ်းကိုယ်စကို အပြည့်အဝ ယုံကြည်ထားဖို့ လိုပါတယ်။
Source : Peloton
Featured Photo : SimpliFaster