ဒီရာသီ ချဲလ်ဆီးနဲ့ လီဗာပူး တို့ ၂ သင်းလုံးရဲ့ ခြေစွမ်းပိုင်းတွေကတော့ အားရလောက်စရာ တစ်ကွက်မှ မမြင်ရသေးပါဘူး။ ချဲလ်ဆီးအနေနဲ့ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ရလဒ်တွေနဲ့အတူ အခြေအနေတွေ ဆက်တိုက်ကို ဆိုးရွားနေခဲ့တာပါ။

liverpool vs chelsea

Photo : Chelsea Football Club

နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘင်ဖီကာကို ၁ – ၀ ဂိုးနဲ့ အနိုင်ရခဲ့တာကတော့ ချဲလ်ဆီးတို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ခွန်အားပြန်ရစေခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းမှာပါ လိုအပ်ချက်တွေ များနေတဲ့ ချဲလ်ဆီးတို့အတွက် လီဗာပူးကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၇ က စိန်ခေါ်မှု ပြင်းထန်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာဦးပါ။

တစ်ဖက်က လီဗာပူး တို့ကတော့ ရာသီအစမှာ နောက်ကျ ဂိုးသွင်းတွေနဲ့ နိုင်ပွဲရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပေမယ့်လည်း ပဲလေ့စ် ၊ ဂါလာတာစာရေး တို့ကို ဆက်တိုက် ရှုံးပွဲတွေ့ထားလို့ ဖိအားများနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကစားသမားအစုအဖွဲ့နဲ့ တိုက်စစ်အင်အားက ချဲလ်ဆီးနဲ့ ယှဉ်ရင်တော့ သာလွန်တယ်လို့ ပြောလို့ရပေမယ့် စတန်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ချဲလ်ဆီးကို ရင်ဆိုင်ရတဲ့ ပွဲစဉ်တိုင်းက လီဗာပူးအတွက် ရလဒ်ကောင်းတွေ မရခဲ့ပါဘူး။ ချဲလ်ဆီးအိမ်ကွင်းမှာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၃ ပွဲကို ပြန်ကြည့်မယ်ဆိုရင် လီဗာပူးတို့က  ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ထွက်ပေါ်ထားတာပါ။

liverpool vs chelsea

Photo : Chelsea Football Club

အခုလာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၇ မှာရော လီဗာပူး တို့အတွက် သတ်ကွင်း စတန်းဖိုဒ့်ဘရစ်ချ်မှာ စိတ်ဓာတ်ပိုင်းနဲ့ အိမ်ရှင် ချဲလ်ဆီးတို့ကပဲ အနိုင်ယူပြသွားမလား ? ဒါမှမဟုတ် အဝေးကွင်း ရလဒ်ဆိုးတွေနဲ့ ၂ ပွဲဆက် အရှုံးရလဒ်ကို လီဗာပူးတို့က ပြန်လည်ချိုးဖျက်ပြီး အိမ်ရှင်ချဲလ်ဆီးကို အနိုင်ယူပြ သွားမလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ကွီးပရိသတ်တွေရော ချဲလ်ဆီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ ခန့်မှန်းပေးခဲ့ပါဦး။

Featured Photo : Goal.com