စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ အိပ်စက်ခြင်းဟာ အဓိက အရေးပါတယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ရက်ကို ၇ နာရီကနေ ၉ နာရီကြား အိပ်စက်ဖို့ လိုပါတယ်။ အိပ်စက်ချိန် မလုံလောက်တာက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာ လူတိုင်းနားလည်ထား ကြပါတယ်။ သို့သော် လိုတာထက် ပိုအိပ်မိရင် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း သတိပြုမိဖို့ လိုပါမယ်။
(၁) အဝလွန် နိုင်ခြေများတယ်
Photo : Alabama Bariatrics
အလွန်အကျွံ အိပ်စက်ခြင်းက ခန္ဓာကိုယ် ကိုယ်အလေးချိန် တိုးလာစေပြီး အဝလွန်ခြင်းဖြစ်ဖို့ ရာခိုင်နှုန်း ပိုများစေပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ၉ နာရီထက်ကျော်လွန်ပြီး အိပ်စက်သူတွေဟာ ပုံမှန်အိပ်ချိန်အတိုင်း အိပ်စက်ကြသူတွေထက် (၂၁) ရာခိုင်နှုန်းပိုပြီး အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၂) ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်တယ်
Photo : Rancho Santa Margarita Optometry
ကွီးတို့ လိုအပ်တာထပ် ပိုအိပ်မိခြင်းရဲ့ နောက်ထပ် ဆိုးကျိုးတစ်ခုက ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရနိုင်တာပဲ ဖြစ်ပါတယ်။ ပုံမှန်အိပ်ချိန်ထက် ကျော်လွန်ပြီး အိပ်စက်လိုက်မယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောစနစ်အပေါ် သက်ရောက်မှု ဖြစ်စေပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှု များစေတယ်
Photo : Bay Psychiatric Associates
ပုံမှန် အိပ်စက်ချိန်ထက် ကျော်လွန်ပြီး ကွီးတို့ အိပ်ချိန်များနေမယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပင်ခြင်း ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အလွန်အကျွံ အိပ်စက်ခြင်းဟာ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
(၄) နှလုံးရောဂါ ဖြစ်နိုင်တယ်
Photo : MediCircle
လေ့လာမှုတွေအရ အိပ်စက်ချိန် များလွန်းသူတွေမှာ နှလုံးကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ၉ နာရီကနေ ၁၁ ကြား အိပ်သူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း ပိုများတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
Source : Johns Hopkins Medicine
Featured Photo : HBF