လက်ဖက်ခြောက်၊ လက်ဖက်စိမ်းကို လူငယ်တွေထက်စာရင် လူကြီးတွေက ပိုသောက်သုံးလေ့ရှိပါတယ်။ လက်ဖက်ခြောက်ရော လက်ဖက်စိမ်းရောက ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။

လက်ဖက်ပင်ကို အများအားဖြင့် အရှေ့အာရှနိုင်ငံတွေက အစိုက်များတာကို တွေ့ရမှာပါ။ သူတို့ကို ခူးဆွတ်တဲ့အခါ ခူးပုံခူးနည်းကလည်း မှန်ကန်ရပါမယ်။ ဒါမှ အလွန်အမင်းခါးတဲ့အရသာပျောက်မှာဖြစ်ပြီး ပိုချိုမှာပဲဖြစ်ပါတယ်။ လူကြီးတွေအပြင် လူငယ်လူရွယ်၊ ကျား မ မရွေး လက်ဖက်စိမ်းကို ဘာ့ကြောင့် သောက်သုံးသင့်သလဲ။

၁။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မကို မြှင့်တင်ပေးပြီး ဝိတ်ကျစေခြင်း

လက်ဖက်စိမ်းကို သောက်လိုက်တာနဲ့ ခန္ဓာကိုယ်ရှိ ဇီဝကမ္မဓာတ်က လျင်မြန်စွာမြှင့်တက်လာပါတယ်။ ဒါ့ကြောင့် ကယ်လိုရီများများလောင်ကျွမ်းနိုင်ပြီး အဆီပိုတွေကိုလည်း ပယ်ဖျက်ပေးနိုင်ပါလိမ့်မယ်။

၂။ အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း

မွန်းလွဲ သုံးနာရီကျော်တာနဲ့ တစ်နေကုန် ဆက်တိုက်အလုပ်လုပ်နေရတာကြောင့် အာရုံစူးစိုက်နိုင်စွမ်းတွေကျဆင်းသွားပါလိမ့်မယ်။ လက်ဖက်စိမ်းသောက်ပေးခြင်းဖြင့် အာရုံကြောကို နိုးကြားတက်ကြွစေပြီး ဦးနှောက်စွမ်းဆောင်ရည်မြှင့်တင်ပေးကာ စိတ်အေးချမ်းတည်ငြိမ်အောင်လည်း ပြုလုပ်ပေးပါတယ်။

၃။ အယ်လ်ဇိုင်းမားရောဂါမဖြစ်ပွားအောင် ကူညီပေးခြင်း

လက်ဖက်စိမ်းကို တစ်နေ့တစ်ခွက် မှန်မှန်သောက်သုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာတဲ့အခါ မှတ်ဥာဏ်စွမ်းအားကျဆင်းလာခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၎။ စိတ်လှုပ်ရှားမှုကို လျော့ချပေးခြင်း

ကော်ဖီချစ်သူတွေအနေနဲ့ လက်ဖက်စိမ်းကိုသာ ပြောင်းသောက်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ကော်ဖီတစ်ခွက်သောက်လိုက်တာက စိတ်ကိုလန်းဆန်းတက်ကြွစေပေမယ့် တစ်ချိန်တည်းမှာပဲ သင့်ကို နှလုံးတုန်ရင်ခုန်သလိုခံစားရပြီး စိတ်လှုပ်ရှားတတ်ပါတယ်။ လန်းဆန်းတက်ကြွဖို့ဆိုရင်တော့ လက်ဖက်စိမ်းတစ်ခွက်က သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။

၅။ နှလုံးရောဂါအတွက်လည်း အထူးကောင်းမွန်ခြင်း

လက်ဖက်စိမ်းတစ်ခွက်က နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ စတဲ့ နှလုံး (သို့) သွေးကြောနဲ့ပတ်သက်တဲ့ရောဂါများ မခံစားရအောင် ကိုလက်စထရောကို ထိန်းညှိပေးရင်း ကူညီပေးနိုင်ပါတယ်။

၆။ အရိုးများ ကျန်းမာကြံ့ခိုင်နေအောင် ကူညီပေးခြင်း

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အရိုးများအားနည်းလာပြီး အရိုးပွရောဂါကို ခံစားရပါတော့တယ်။ လက်ဖက်စိမ်းမှာ အယ်ကာလိုင်း သတ္တုဓာတ်ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

၇။ အသားအရေ ကျန်းမာစိုပြေလှပနေအောင် ကူညီပေးခြင်း

တဖြည်းဖြည်းအသက်ရလာတဲ့အခါ ပါးရေတွန့်ခြင်းနဲ့ အရေးအကြောင်းတွေရန်မှ ကင်းဝေးပြီး နုပျိုစိုပြေလှပချင်တယ်ဆိုရင်တော့ လက်ဖက်စိမ်းတစ်ခွက်သာ နေ့စဉ်မှန်မှန်သောက်သုံးပေးပါ။

Source: Fashionbeans.com