၂၅ ရာခိုင်နှုန်းသော အမျိုးသားတွေက အသက် ၃၀ ကျော်လာတဲ့အခါ ဆံပင်အကျွတ်များလာပြီး ထိပ်ပြောင်ခြင်းများ အစပြုလာပါတော့တယ်။ များသောအားဖြင့် ဆံပင်တဖြည်းဖြည်းကျွတ်လာတာကိုတော့ သတိမထားမိကြဘဲ ထိပ်ပြောင်စပြုလာတော့မှ စိုးရိမ်တတ်ကြပါတယ်။

ဆံပင်ကျွတ်ခြင်းကို ဘယ်လိုတားဆီးရမလဲ။ ဆံပင်အုံထူထဲလာအောင်ရော ပြုလုပ်လို့မရဘူးလား။ စာဖတ်သူပုရိသတို့ရဲ့ ဆံကေသာကို ထူထဲလာအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို လိုက်နာပေးလိုက်ပါ။

ခေါင်းလျှော်ပါ

Source: menshealth.com

တချို့သူတွေ အထင်မှားနေကြတာကတော့ ခေါင်းလျှော်ခြင်းက ဆံပင်ပါးအောင် ပြုလုပ်နေတယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ခေါင်းမလျှော်ဘဲနေခြင်းက ဖုန်မှုန့်နဲ့အညစ်အကြေးများက ဆံပင်မှာကပ်ငြိနေပြီး ဆံပင်ကဆီအလိမ်းလိမ်းနဲ့ ပါးတဲ့ပုံပေါက်နေပါတယ်။ ရလဒ်ကောင်းတွေ ရရှိချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ရည်နဲ့ လျှော်တဲ့အခါ ရေနွေးနွေးလေးနဲ့ လျှော်ပေးလိုက်ပါ။ အရမ်းပူတဲ့ရေနွေးနဲ့ မလျှော်ရပါဘူး။ ဦးရေပြားနဲ့ ဆံကေသာခြောက်သွေ့တတ်လို့ပါ။

လက်ချောင်းလေးများနဲ့ ခေါင်းဖြီးပါ

Source: menshealth.com

ဘီးနဲ့ လိုသည်ထက်ပိုပြီး မကြာခဏခေါင်းဖြီးခြင်းက သင့်ဆံပင်ကေ ပြားကပ်နေတဲ့ပုံပေါက်ပါတယ်။ ဒါ့ကြောင့် လက်ချောင်းလေးများနဲ့ ခေါင်းဖြီးတတ်အောင် လေ့ကျင့်ထားလိုက်ပါ။

မှန်ကန်တဲ့ ထုတ်ကုန်ပစ္စည်းများ အသုံးပြုပါ

Source: menshealth.com

ဖယောင်းနဲ့ ဂျယ်လ်အမြောက်အမြားအသုံးပြုခြင်းက သင့်ကိုဆံပင်ထူအောင် ကူညီပေးမှာမဟုတ်ပါဘူး။ ဆံပင်ရဲ့အလေးချိန်ကို တိုးစေပြီး ပြားကပ်နေတဲ့ပုံပေါက်ပါလိမ့်မယ်။ အရည်ပျစ်ပျစ် ဆံပင်ပုံသွင်းဆေး (Mousse) သုံးပြီး ဆံပင်စပရေးဖြန်းပေးလိုက်ပါ။

ဆေးလိပ်မသောက်ပါနဲ့

Source: Freepik.com

လေ့လာတွေ့ရှိချက်အရ ဆေးလိပ်သောက်ခြင်းက ဆံပင်ကျွတ်စေတဲ့ ဟော်မုန်းကို တိုးမြှင့်စေရုံသာမကဘဲ ဆံပင်ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို ဦးရေပြားဆီမရောက်အောင် သွေးကြောလေးတွေကို ပိတ်လှောင်ထားတတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ဆံပင်တွေ တားဆီးမရအောင် ကျွတ်လာပါလိမ့်မယ်။

နေပူထဲအထွက်များခြင်းကြောင့် ဆံပင်ပျက်စီးခြင်း

Source: menshealth.com

ဦးထုပ်နဲ့ထီး မဆောင်းဘဲ နေပူထဲမကြာခဏထွက်ခြင်းက ဆံပင်ကျွတ်စေတဲ့ စူပါအောက်ဆိုဒ်ဓာတ်က ဦးရေပြားမှ ထွက်လာပြီး ဆံပင်မွှေးညှင်းပေါက်လေးတွေ အားနည်းလာပါလိမ့်မယ်။

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်းမှ ရှောင်ကြဉ်ပါ

Source: menshealth.com

ရေစိုနေတဲ့ဆံပင်က သာမန်အချိန်ထက်စာရင် သုံးဆပိုမိုအားနည်းတတ်ပါတယ်။ ဒါ့ကြောင့် ရေစိုနေတဲ့အချိန်မှာ ဘီးနဲ့ ကြမ်းကြမ်းတမ်းတမ်းဖြီးခြင်း၊ ပုဝါနဲ့ ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်းတို့မှ ရှောင်ကြဉ်သင့်ပါတယ်။