[Unicode]

ကွန်ပြူတာအသုံးများသူတွေ ဖုန်းနဲ့တခြား IT ပစ္စည်းအသုံးများသူတွေဟာ မျက်စိနဲ့ပတ်သက်တဲ့ ပြဿနာတော်တော်များများ ကြုံတွေ့ကြရပါတယ်။ ယနေ့ခေတ်မှာ အားလုံးသိကြတဲ့အတိုင်း လူတွေအားလုံး Social Media တွေ ဖုန်းတွေကွန်ပြူတာတွေပေါ်မှာပဲ အချိန်ကုန်လာကြတာများပါတယ်။

ဖုန်းတွေ ကွန်ပြူတာတွေကထွက်တဲ့ Radiation တွေဟာ ကင်ဆာရောဂါကိုတောင် ဖြစ်စေနိုင်တာဖြစ်ပြီး မျက်စိကိုအင်မတန်ဆိုးရွှားစွာ ထိခိုက်စေတဲ့ အပြင် မျက်စိညောင်းညာကိုက်ခဲခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိစပ်ခြင်းများ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဖုန်းတွေ ကွန်ပြူတာတွေအသုံးများတိုင်း သိထားသင့်တဲ့ မျက်စိနဲ့ ပတ်သက်တဲ့ အလေ့ကျင့်ကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

Source : Men’s Skin Centres

(၁) ဖုန်းတွေ ကွန်ပြူတာတွေကို အချိန်ကြာကြာ အသုံးပြုပြီးချိန်တွင် ကိုယ့်ပတ်ဝန်းကျင်က အစိမ်းရောင်ရှိတဲ့ သစ်ပင်၊ ပန်းပင်တွေကို ၅ မိနစ်ခန့် ကြည့်ပေးပါ။ ထို့သို့ ပြုလုပ်ပေးပါက မျက်စိညောင်းညာကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

Source : Freepik

(၂) လတ်ဆတ်တဲ့ သခွားသီးကို အနေတော် မထူမပါးအရွှယ်လှီးဖြတ်ပြီး မျက်စိပေါ် မိနစ်(၃၀) ခန့်တင်ထားပေးပါ။ အဲ့ဒီနောက်မှာတော့ ရေအေးနဲ့ ဆေးကြောပါ။ သင့်ရဲ့ မျက်လုံးကို ထူးခြားစွာ အေးမြလန်းဆန်းစေမှာဖြစ်ပါတယ်။

Source : Uri Geller

(၃) စားပွဲတင်ဇွန်း (၂) ချောင်းကို ရေခဲသေတ္တာထဲတွင် နာရီဝက်ခန့် ထည့်ထားပြီး အအေးခံပေးပါ။ ထို့နောက် ဇွန်းကို မျက်လုံးပေါ် အုပ်ပြီး ကပ်ထားပေးပါ။ ဒီနည်းလမ်းဟာ မျက်စိညောင်းညာမှုတွေကို ပြေလျော့စေမှာဖြစ်ပါတယ်။

Source : The Manual

(၄) ရေခဲရေနဲ့ မျက်စိကို အပေါ်ယံဆေးကြောပေးပါ။ ရေခဲရေနဲ့ ဆေးကြောပေးခြင်းဟာ မျက်စိညောင်းညာမှု ၊ ပင်ပန်းနွယ်မှု ၊ မျက်စိစပ်ခြင်းတို့ကို အထိရောက်ဆုံး သက်သာစေပါတယ်။

Source : picswe.com

(၅) အအေးခံထားတဲ့ နွားနို့ထဲ ဂွမ်းစစိမ်ပြီး မျက်လုံးပေါ် (၁၅) မိနစ်ခန့် ကပ်ထားပေးပါ။ ဒီနည်းလမ်းဟာ အိပ်ရေး ပျက်ခြင်းကြောင့် မျက်လုံးဖောင်းအစ် ယောင်ရမ်းမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။

Source : Men’s Health

(၆) မျက်စိညောင်းညာကိုက်ခဲမှုတွေရဲ့ အဓိကတရားခံဟာ အိပ်ရေးပျက်ခြင်း ၊ ညဥ့်နက်တဲ့ အထိ ဖုန်းတွေကွန် ပြူတာတွေ အသုံးပြုခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်အိပ်ရေးဝဝ အိပ်ပါ။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း မျက်စိစပ်ဖျဉ်းစပ်ဖျဉ်းဖြစ်တာတွေ ညောင်းညာကိုက်ခဲတာတွေဖြစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့လိုအပ်ပါတယ်။

အထက်ပါနည်းလမ်းလေးတွေဟာ လွယ်ကူပြီး စရိတ်စကလည်း သက်သာစေတဲ့အပြင် အိမ်တွင်း ပစ္စည်းလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။

[Zawgyi]

ကြန္ျပဴတာအသံုးမ်ားသူေတြ ဖုန္းနဲ႔တျခား IT ပစၥည္းအသံုးမ်ားသူေတြဟာ မ်က္စိနဲ႔ပတ္သက္တဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ား ႀကံဳေတြ႔ၾကရပါတယ္။ ယေန႔ေခတ္မွာ အားလံုးသိၾကတဲ့အတိုင္း လူေတြအားလံုး Social Media ေတြ ဖုန္းေတြကြန္ျပဴတာေတြေပၚမွာပဲ အခ်ိန္ကုန္လာၾကတာမ်ားပါတယ္။

ဖုန္းေတြ ကြန္ျပဴတာေတြကထြက္တဲ့ Radiation ေတြဟာ ကင္ဆာေရာဂါကိုေတာင္ ျဖစ္ေစႏိုင္တာျဖစ္ၿပီး မ်က္စိကိုအင္မတန္ဆိုးရႊားစြာ ထိခိုက္ေစတဲ့ အျပင္ မ်က္စိေညာင္းညာကိုက္ခဲျခင္း၊ မ်က္ရည္ပူက်ျခင္း၊ မ်က္စိစပ္ျခင္းမ်ား ႀကံဳေတြ႔ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ ဖုန္းေတြ ကြန္ျပဴတာေတြအသံုးမ်ားတိုင္း သိထားသင့္တဲ့ မ်က္စိနဲ႔ ပတ္သက္တဲ့ အေလ့က်င့္ေကာင္းေလးေတြ မွ်ေဝေပးလိုက္ပါတယ္။

Source : Men’s Skin Centres

(၁) ဖုန္းေတြ ကြန္ျပဴတာေတြကို အခ်ိန္ၾကာၾကာ အသံုးျပဳၿပီးခ်ိန္တြင္ ကိုယ့္ပတ္ဝန္းက်င္က အစိမ္းေရာင္ရွိတဲ့ သစ္ပင္၊ ပန္းပင္ေတြကို ၅ မိနစ္ခန္႔ ၾကည့္ေပးပါ။ ထို႔သို႔ ျပဳလုပ္ေပးပါက မ်က္စိေညာင္းညာကိုက္ခဲမႈေတြကို သက္သာေစပါတယ္။

Source : Freepik

(၂) လတ္ဆတ္တဲ့ သခြားသီးကို အေနေတာ္ မထူမပါးအရႊယ္လွီးျဖတ္ၿပီး မ်က္စိေပၚ မိနစ္(၃၀) ခန္႔တင္ထားေပးပါ။ အဲ့ဒီေနာက္မွာေတာ့ ေရေအးနဲ႔ ေဆးေၾကာပါ။ သင့္ရဲ႕ မ်က္လံုးကို ထူးျခားစြာ ေအးျမလန္းဆန္းေစမွာျဖစ္ပါတယ္။

Source : Uri Geller

(၃) စားပြဲတင္ဇြန္း (၂) ေခ်ာင္းကို ေရခဲေသတၱာထဲတြင္ နာရီဝက္ခန္႔ ထည့္ထားၿပီး အေအးခံေပးပါ။ ထို႔ေနာက္ ဇြန္းကို မ်က္လံုးေပၚ အုပ္ၿပီး ကပ္ထားေပးပါ။ ဒီနည္းလမ္းဟာ မ်က္စိေညာင္းညာမႈေတြကို ေျပေလ်ာ့ေစမွာျဖစ္ပါတယ္။

Source : The Manual

(၄) ေရခဲေရနဲ႔ မ်က္စိကို အေပၚယံေဆးေၾကာေပးပါ။ ေရခဲေရနဲ႔ ေဆးေၾကာေပးျခင္းဟာ မ်က္စိေညာင္းညာမႈ ၊ ပင္ပန္းႏြယ္မႈ ၊ မ်က္စိစပ္ျခင္းတို႔ကို အထိေရာက္ဆံုး သက္သာေစပါတယ္။

Source : picswe.com

(၅) အေအးခံထားတဲ့ ႏြားႏို႔ထဲ ဂြမ္းစစိမ္ၿပီး မ်က္လံုးေပၚ (၁၅) မိနစ္ခန္႔ ကပ္ထားေပးပါ။ ဒီနည္းလမ္းဟာ အိပ္ေရး ပ်က္ျခင္းေၾကာင့္ မ်က္လံုးေဖာင္းအစ္ ေယာင္ရမ္းမႈေတြကို သက္သာေစမွာျဖစ္ပါတယ္။

Source : Men’s Health

(၆) မ်က္စိေညာင္းညာကိုက္ခဲမႈေတြရဲ႕ အဓိကတရားခံဟာ အိပ္ေရးပ်က္ျခင္း ၊ ညဥ့္နက္တဲ့ အထိ ဖုန္းေတြကြန္ ျပဴတာေတြ အသံုးျပဳျခင္းေတြေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္အိပ္ေရးဝဝ အိပ္ပါ။ ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္လည္း မ်က္စိစပ္ဖ်ဥ္းစပ္ဖ်ဥ္းျဖစ္တာေတြ ေညာင္းညာကိုက္ခဲတာေတြျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေရမ်ားမ်ားေသာက္ဖုိ႔လိုအပ္ပါတယ္။

အထက္ပါနည္းလမ္းေလးေတြဟာ လြယ္ကူၿပီး စရိတ္စကလည္း သက္သာေစတဲ့အျပင္ အိမ္တြင္း ပစၥည္းေလးေတြနဲ႔ ေပါ့ေပါ့ပါးပါး ျပဳလုပ္ႏိုင္တာပဲျဖစ္ပါတယ္။