POKÉMON Detective Pikachu
Pokémon ချစ်သူတွေအတွက် Pokémon ဇာတ်ကောင်ကို Live အက်ရှင်အဖြစ် ကြည့်ရှုခံစားနိုင်မယ့် အခွင့်အရေးကြီး ရောက်ရှိလို့လာပြန်ပါပြီ။ ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ Harry Goodman ဆိုတဲ့ စုံထောက်ကျော်ကြီးကို အသက် (၂၁) နှစ်အရွယ်ရှိ သားဖြစ်သူ Tim က အသည်းအသန်ရှာဖွေနေပါတယ်။ Harry ရဲ့ တွဲဖက်ဟောင်း Pokémon က Tim ကို ကူညီဖို့ရောက်ရှိလာပြီး သူတို့နှစ်ယောက်အင်အားပူးပေါင်းက ရှာဖွေပါတော့တယ်။ ထူးဆန်းတာတစ်ခုက Pokémon ရဲ့စကားကို အခြားသူတွေက နားမလည်ကြပါဘူး။ Tim တစ်ယောက်တည်း နားလည်တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် Harry ကို ပြန်ရှာတွေ့နိုင်ပါ့မလား။
Source: Warner Bros. Pictures
ပြသပေးသွားမည့် ရုံများ
Junction City, City Mall (St.John), Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class
Pee Nak
လူငယ် သုံးယောက်က ဒုလ္လဘရဟန်းခံဖို့ အတွက် မြို့ပြင်တစ်နေရာက ကျိန်စာသင့်နေတဲ့ ဘုန်းကြီးကျောင်းကို ရောက်ရှိလာပါတယ်။ သူတို့ မသိသေးတဲ့အရာကတော့ ထိုကဲ့သို့ ဒုလ္လဘရဟန်းခံဖို့ ကြိုးစားသူတိုင်း မအောင်မြင်ဘဲ ထူးဆန်းစွာ သေဆုံးသွားခဲ့ကြတာပါပဲ။ ထိုလူငယ်သုံးယောက်ရော အသက်အန္တရာယ် ကင်းလွတ်ကြပါ့မလား။
Source: Five Star Movies
ပြသပေးသွားမည့် ရုံများ
Shae Saung Cinema, Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class
Avenger: End Game
Marvel ဖန်တွေ စောင့်မျှော်နေကြတဲ့ End Game ကတော့ ရုံတင်နေပြီနော်။ ဖန်တွေအချင်းချင်းလည်း ကြည့်ပြီးတဲ့သူက ဇာတ်လမ်းအကြောင်းအရာကို လျှောက်မဖွရဘူးဆိုပြီး အကဲဆတ်နေကြတာပါ။ ဒါ့ကြောင့် သူ့ထက်ငါ အရင်ဦးအောင် သွားကြည့်ဖို့ ပြင်နေတဲ့သူတွေလည်း အများကြီးပါပဲ။ Kwee ရုပ်ရှင်ချစ်ပရိသတ်လည်း Marvel ဖန်ဆိုရင်တော့ မြန်မြန်သွားကြည့်ထားမှ တော်ရာကျမှာနော်။
Source: Marvel Entertainment
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John), Junction Mawtin, Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yein Nyein), Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class
Kanchana 3
သည်းထိတ်ရင်ဖို ဇာတ်ကားကြိုက်နှစ်သက်သူတွေအတွက် Kanchana 3 က တကယ့်ကို ကြောက်ဒူးတုန်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ လူတစ်ယောက်က ဝိညာဉ်ဝင်ပူးခြင်း ခံရပြီးနောက် ဘယ်လိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကို ပိတ်ကားထဲမှာ အူလှိုက်သည်းဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Source: Sun TV
ပြသပေးသွားမည့် ရုံများ
Junction City
မဟူရာ ရုပ်ရှင်ရုံ
ဒါရိုက်တာ ပြည့်ဇော်ဖြိုး ရိုက်ကူးပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ နန်းဆုဦးနဲ့ အိန္ဒိယ မင်းသမီးချောလေးပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပါပြီ။ လူငယ်တစ်စု ရုပ်ရှင်ရုံထဲမှာ ဘယ်လိုသရဲခြောက်ခံရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
https://youtu.be/0hy5AEQ3oiQ
Source: Craziness Quotes!
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St. John), Junction Mawtin
လေဆန်ကကြိုး
အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ဇင်ဝိုင်း၊ ဒေါင်း၊ အောင်လေး၊ Leo၊ အိန်ဂျယ်လမုန်၊ Alic Ong နဲ့ အခြားသော အနုပညာရှင်ပေါင်းများစွာ ပါဝင်တဲ့ လေဆန်ကကြိုး ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပြီနော်။ အချစ်၊ အလွမ်း၊ အဆွေးစတဲ့ ရသမျိုးစုံကို ပိတ်ကားထက်ပေါ်မှာ တစ်ဝကြီး မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။
Source: Myanmar Latest Videos
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall, Junction Mawtin
ပြဿနာ
နေတိုး၊ ဇာဂနာ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ယဉ်လတ်၊ ရွှေပိုးအိမ်အပြင် အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတဲ့ ပြဿနာ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပါပြီ။ ဟာသဇာတ်ကားကြိုက်နှစ်သက်သူများအတွက် တစ်ပတ်တာလုံးကြုံတွေ့ခဲ့ရတဲ့ ဘဝအမောတွေကို ဖြေဖျောက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/Bos4ZxbBm9o
Source: Mac Crazy
ပြသပေးသွားမည့် ရုံများ
Thamada Cinema, Thwin Cinema, Mingalar (Thein Gyi Zay), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Waziyar, Top Royal (Parami-Sein Gay Har), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)
Show Time @ Junction Cinemas
Sunday _ Thursday: 10 AM, 1PM, 4PM, 7PM
Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM
Show Time @ Mingalar Cinemas
Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM
Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9252592
Junction Square | 01 527 055
City Mall | 09 764802081
Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165
Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73
Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92