ONE Championship ၏ ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်သူ၊ မြန်မာ့ စပါးအုံးမြွေလို့ တင်စားခေါ်ဝေါ်ကြတဲ့ အောင်လအန်ဆန်းဟာ လာမည့် အောက်တိုဘာလမှာ Heavyweight World Champion ဖြစ်သူ Brandon Vera နှင့် ထိုးသတ်ရန် စီစဉ်ထားပါတယ်။ အခုဖော်ပြပေးမှာကတော့ Brandon Vera နဲ့ ထိုးသတ်ပြီးရင် အောင်လအတွက် အကောင်းဆုံး ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ကစားသမား (၃) ဦးအကြောင်းပါ။
(၁) Reinier De Ridder
Source: One Championship
European Mixed Martial Arts Champion ဖြစ်သူ Reinier De Ridder ဟာ အသက် Reinier De Ridder ( ၅) နှစ်အရွယ်ကတည်းက ဂျူဒို ပညာကို သင်ကြားခဲ့သူပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ Jiu Jitsu ပညာကို သင်ယူခဲ့ပြီး ဥရောပနိုင်ငံတွေမှာ ကျင်းပတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များ ရယူနိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ ONE Championship ပြိုင်ပွဲတွေမှာ စတင်ယှဉ်ပြိုင်ခဲ့ပြီးတော့ လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးပါဘူး။ သူဟာ ပြိုင်ပွဲတိုင်းမှာ ဒိုင်ပွဲရပ်၊ အလဲထိုး၊ အရှုံးပေး ရလဒ်များဖြင့်သာ အနိုင်ယူခဲ့သူပါ။ သူဟာ ဂျူဒိုပညာနဲ့၊ ချုပ်ကွက်တွေမှာ နာမည်ကြီးပါတယ်။
(၂) Gilberto Galvao
Source: One Championship
ဘရာဇီးနိုင်ငံသား Gilberto Galvao ဟာ Middleweight ချန်ပီယံတစ်ယောက်ဖြစ်ပြီးတော့ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ (၁၄) နှစ်ခန့် အတွေ့အကြုံရှိတဲ့ ဖိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲစုံ (၃၇) ပွဲမှာ ပွဲပေါင်း (၃၀) ထိ အနိုင်ရအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။ ONE Championship ပြိုင်ပွဲကိုတော့ ၂၀၁၆ ခုနှစ်ကမှ စတင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
Gilberto Galvao ဟာ အတွေ့အကြုံရင့်ဖိုက်တာတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် အောင်လအတွက် ယှဉ်ပြိုင်ရခက်တဲ့ ကစားသမားတစ်ယောက်ဖြစ်မှာအမှန်ပါပဲ။
(၃) Leandro Ataides
Source: Championship
Leandro Ataides ဟာ Jiu-Jitsu ခါးပတ်နက်ရရှိထားတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Copa De Mundo ပြိုင်ပွဲမှာ Medium Heavyweight ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့အတွက်ကြောင့် လူသိများထင်ရှားပါတယ်။ သူဟာ ၂၀၀၈ ခုနှစ် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကို စတင်ဝင်ရောက်ခဲ့ပြီး (၅) ပွဲဆက် အနိုင်ရရှိအောင်ထိုးသတ်နိုင်ခဲ့ပါတယ်။
ONE Championship ပြိုင်ပွဲကိုတော့ ၂၀၁၃ ခုနှစ်မှာ ဝင်ရောက်လာခဲ့ပါတယ်။ အဲ့နှစ်မှာပဲ ပြင်သစ်ဖိုက်တာ Veteran Bryan Rafiq ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂျပန်ဖိုက်တာTatsuya Mizuno ကိုလည်း ပထမအချီမှာတင် အနိုင်ရအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် Leandro Ataides နဲ့ အောင်လတို့သာ ယှဉ်ပြိုင်ထိုးသတ်မည်ဆိုပါက ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာအမှန်ပါပဲ။