[Unicode]

လူတော်တော်များများက အလုပ်ကောင်းကောင်းရဖို့ မျှော်လင့်ကြတယ်။ လက်တွေ့မှာလဲ ရှာဖွေကြတယ်။ အလုပ်လက်မဲ့တစ်ယောက်ရဲ့ ဘဝဟာ စိတ်ဖိစီးမှုများလွန်းလို့ပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေအတွက်ကျတော့လည်း စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရတာဟာ ငြီးငွေ့စရာကောင်းပြီး စိတ်အားတက်ကြွမှုလျော့ပါးလာစေပါတယ်။

ဒါကြောင့် တစ်ချို့တွေဟာ အဲ့လိုအလုပ်တွေကနေ ထွက်ပြီး သူတို့လိုချင်တဲ့ဘဝအတွက် ဆက်လျှောက်လှမ်းကြပါတယ်။ မထင်မှတ်ထားတာက အဲ့လိုလူတွေထဲမှာ မိမိခန္ဓာကိုယ် ပိုပြီး သန်မာဖို့ ပိုပြီးလှပဖို့အတွက် အလုပ်ထွက်တဲ့လူတွေ ရှိတာပါပဲ။

အဲ့လို Bodybuilder ဖြစ်ဖို့ ဝင်ငွေကောင်းတဲ့အလုပ်ကို စွန့်ခဲ့တဲ့လူတွေ ကို ဖော်ပြလိုက်ပါတယ်။

Ronnie Coleman

Source: Austin Food Magazine

လူသန်ကြီး Ronnie Coleman က အခုချိန်မှာ အရမ်းကို နာမည်ကျော်တဲ့သူတစ်ဦးဖြစ်နေပါပြီ။ သူက တက်ကဆက်မြို့ ရဲဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၀၃ မှာ အလုပ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ  သူအရမ်းတော်တဲ့ ဝိတ်မတဲ့ဘက်မှာ ပိုကြိုးစားခဲ့ပြီး ခုဆိုရင်တော့ သူဟာ တကယ်အံ့သြဖို့ကောင်းတဲ့ Bodybuilder တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Philip Pfister

Source: Mrs Geek

သူကတော့ ၂၀၀၆ ကမ္ဘာ့အသန်မာဆုံးလူသား ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့သူပါ။ သူက မီးသတ်သမားအလုပ်ကနေ ထွက်ခဲ့ပြီး သူအမြဲတမ်းဝါသနာပါခဲ့တဲ့ Bodybuilding ဘက်ကို လှည့်ခဲ့ပါတယ်။ သူဟာ ကျောင်းတုန်းက ဘယ်အားကစားကိုမှ ဝါသနာမပါခဲ့ပေမယ့် သူ့ရဲ့ရုတ်ချည်းဆိုသလိုပေါ်လာတဲ့ ဒီ Bodybuilding ကတော့ သူ့ကို အသန်မာဆုံးလူဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်မှုတစ်ခုပါပဲ။

Brian Shaw

Source: Muscle&Fitness

စာရင်းထဲမှာတော့ Brian Shaw ဟာ ပုံပြင်ဆန်တဲ့ လူစွမ်းကောင်းတစ်ယောက်ပါပဲ။ အရပ်က ၆ ပေ ၈ လက်မကျော်ပြီး ဘက်စကတ်ဘောကစားသမားတစ်ဦးဖြစ်ပါတယ်။ နောက်တော့ သူက ဝိတ်မတဲ့ဘက်ကို အာရုံကျခဲ့ပြီး ကမ္ဘာ့အသန်မာဆုံးလူသားဆုကို ၂၀၁၆ မှာ ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၆ တင်မကပါဘူး။ ၂၀၁၁၊ ၂၀၁၃ နဲ့ ၂၀၁၅ မှာလဲ ကမ္ဘာ့အသန်မားဆုံးဆုကို ရရှိခဲ့ပါတယ်

Iris Kyle

Source: Girls with Muscle

ဒီအမေရိကန်သူဟာ Business Administration ဘွဲ့ရတစ်ယောက်ဖြစ်ပြီး သူမက ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကို အမြဲလိုက်စားခဲ့သူတစ်ယောက်ပါ။ သူမဟာ Gym Trainer အဖြစ် စတင်ခဲ့ပြီး နောက်ပိုင်း အင်တာနက်မှာ အစားအသောက်ဆိုင်ရာ Training တွေကို Healthier By Choice ဆိုတဲ့နာမည်နဲ့ စပေးခဲ့ပါတယ်။ ၁၉၉၉ မှာ သူမဟာ Bodybuilding ဘက်ကို လုံးဝပြောင်းလဲခဲ့ပြီး အခုဆိုရင် အောင်မြင်နေတဲ့ အမျိုးသမီး Bodybuilder တစ်ယောက်ဖြစ်နေပါပြီ။ သူမဟာ Miss Olympia နဲ့တစ်ခြားဆုတွေလည်း ရခဲ့ပါတယ်။

[Zawgyi]

လူေတာ္ေတာ္မ်ားမ်ားက အလုပ္ေကာင္းေကာင္းရဖို႔ ေမွ်ာ္လင့္ၾကတယ္။ လက္ေတြ႔မွာလဲ ရွာေဖြၾကတယ္။ အလုပ္လက္မဲ့တစ္ေယာက္ရဲ႕ ဘဝဟာ စိတ္ဖိစီးမႈမ်ားလြန္းလုိ႔ပါပဲ။ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြအတြက္က်ေတာ့လည္း စားပဲြမွာထုိင္ၿပီး အလုပ္လုပ္ရတာဟာ ၿငီးေငြ႔စရာေကာင္းၿပီး စိတ္အားတက္ၾကြမႈေလ်ာ့ပါးလာေစပါတယ္။

ဒါေၾကာင့္ တစ္ခ်ိဳ႕ေတြဟာ အဲ့လုိအလုပ္ေတြကေန ထြက္ၿပီး သူတုိ႔လုိခ်င္တဲ့ဘဝအတြက္ ဆက္ေလွ်ာက္လွမ္းၾကပါတယ္။ မထင္မွတ္ထားတာက အဲ့လုိလူေတြထဲမွာ မိမိခႏၶာကိုယ္ ပိုၿပီး သန္မာဖို႔ ပိုၿပီးလွပဖို႔အတြက္ အလုပ္ထြက္တဲ့လူေတြ ရွိတာပါပဲ။

အဲ့လုိ Bodybuilder ျဖစ္ဖို႔ ဝင္ေငြေကာင္းတဲ့အလုပ္ကို စြန္႔ခဲ့တဲ႔လူေတြ ကို ေဖာ္ျပလုိက္ပါတယ္။

Ronnie Coleman

Source: Austin Food Magazine

လူသန္ႀကီး Ronnie Coleman က အခုခ်ိန္မွာ အရမ္းကို နာမည္ေက်ာ္တဲ့သူတစ္ဦးျဖစ္ေနပါၿပီ။ သူက တက္ကဆက္ၿမိဳ႕ ရဲဝန္ထမ္းတစ္ေယာက္ျဖစ္ခဲ့ၿပီး ၂၀၀၃ မွာ အလုပ္ထြက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ  သူအရမ္းေတာ္တဲ့ ဝိတ္မတဲ့ဘက္မွာ ပိုႀကိဳးစားခဲ့ၿပီး ခုဆိုရင္ေတာ့ သူဟာ တကယ္အံ့ၾသဖုိ႔ေကာင္းတဲ့ Bodybuilder တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

Philip Pfister

Source: Mrs Geek

သူကေတာ့ ၂၀၀၆ ကမၻာ့အသန္မာဆံုးလူသား ၿပိဳင္ပြဲမွာ ပထမဆုရခဲ႔တဲ႔သူပါ။ သူက မီးသတ္သမားအလုပ္ကေန ထြက္ခဲ့ၿပီး သူအၿမဲတမ္းဝါသနာပါခဲ့တဲ့ Bodybuilding ဘက္ကို လွည့္ခဲ့ပါတယ္။ သူဟာ ေက်ာင္းတုန္းက ဘယ္အားကစားကိုမွ ဝါသနာမပါခဲ့ေပမယ့္ သူ႔ရဲ႕ရုတ္ခ်ည္းဆုိသလိုေပၚလာတဲ့ ဒီ Bodybuilding ကေတာ့ သူ႔ကို အသန္မာဆံုးလူျဖစ္ေစခဲ့ပါတယ္။ သူ႔ရဲ႕ေအာင္ျမင္မႈတစ္ခုပါပဲ။

Brian Shaw

Source: Muscle&Fitness

စာရင္းထဲမွာေတာ့ Brian Shaw ဟာ ပံုျပင္ဆန္တဲ့ လူစြမ္းေကာင္းတစ္ေယာက္ပါပဲ။ အရပ္က ၆ ေပ ၈ လက္မေက်ာ္ၿပီး ဘက္စကတ္ေဘာကစားသမားတစ္ဦးျဖစ္ပါတယ္။ ေနာက္ေတာ့ သူက ဝိတ္မတ့ဲဘက္ကို အာရံုက်ခဲ့ၿပီး ကမၻာ့အသန္မာဆံုးလူသားဆုကို ၂၀၁၆ မွာ ရရွိခဲ့ပါတယ္။ သူဟာ ၂၀၁၆ တင္မကပါဘူး။ ၂၀၁၁၊ ၂၀၁၃ နဲ႔ ၂၀၁၅ မွာလဲ ကမၻာ့အသန္မားဆံုးဆုကို ရရွိခဲ႔ပါတယ္

Iris Kyle

Source: Girls with Muscle

ဒီအေမရိကန္သူဟာ Business Administration ဘဲြ႔ရတစ္ေယာက္ျဖစ္ၿပီး သူမက ကို္ယ္ခႏၶာနဲ႔ က်န္းမာေရးကို အၿမဲလုိက္စားခဲ့သူတစ္ေယာက္ပါ။ သူမဟာ Gym Trainer အျဖစ္ စတင္ခဲ့ၿပီး ေနာက္ပုိင္း အင္တာနက္မွာ အစားအေသာက္ဆိုင္ရာ Training ေတြကို Healthier By Choice ဆိုတဲ့နာမည္နဲ႔ စေပးခဲ့ပါတယ္။ ၁၉၉၉ မွာ သူမဟာ Bodybuilding ဘက္ကို လံုးဝေျပာင္းလဲခဲ့ၿပီး အခုဆိုရင္ ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီး Bodybuilder တစ္ေယာက္ျဖစ္ေနပါၿပီ။ သူမဟာ Miss Olympia နဲ႔တစ္ျခားဆုေတြလည္း ရခဲ့ပါတယ္။