ဘရာသီယွန် မျိုးနွယ်ဝင်တွေဟာ စစ်တိုက်ဝါသနာပါသော မျိုးနွယ်ဝင်တွေဖြစ်ပြီးတော့ စစ်ရေးစစ်ရာမှာလည်း တော်ကြပါတယ်။ အေဂွန်တာဂေးရီးယန်း (Aegon the Conqueror) လက်ထက်တွင် အနောက်ဖက်ဒေသကြီးတစ်ခုလုံးကိုသိမ်းယူပြီးတော့ စစ်ဗိုလ်ချုပ် အိုရီ(စ်) ဘရာသီယွန်ကို စတုန်းလန်း (Stormlands) ဒေသတွင် ဘရာသီယွန် အိမ်တော်အား တည်ဆောက်ပြီး အုပ်ချုပ်စေခဲ့ပါတယ်။
Source: Pinterest.ch
ဒါကြောင့် အိုရီ(စ်) (Orys Baratheon) ဟာ ဘရာသီယွန် အိမ်တော်အား စတင်တည်ထောင်ခဲ့တဲ့ ပထမဆုံး ခေါင်းဆောင်တဦးဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုံးက ထွက်ပေါ်ခဲ့တဲ့ အဆိုအရ အိုရီ(စ်)သည် အေဂွန်ဘုရင်၏ မျိုးမစစ်သား တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Stormlands ဒေသကို အပိုင်ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အိုရီ(စ်)ဟာ Stormlands ဒေသမှာ မင်းမူအုပ်ချုပ်နေတဲ့ Argilac The Arrogant ကို တိုက်ခိုက်အနိုင်ယူခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ အိုရီ(စ်)ဟာ ဒူရေဒွန်အိမ်တော် (House Dourrandon) ရဲ့ မင်းသမီးတစ်ပါးဖြစ်သူ အယ်ဂျလာ ဒူရေဒွန်( Argella Dourrandon ) ကို လက်ထက်ပြီး စတုန်းလန်းအား အုပ်ချုပ်ခဲ့ပါတယ်။
Source: Forums-Chronicles of Elyria
ဘရာသီယွန်အိမ်တော်ဟာ စတည်ထောင်သည့်ချိန်မှစ၍ နှစ်ပေါင်း၂၈၁ နှစ်တိုင်အောင် ငြိမ်းချမ်းစွာနေခဲ့သော အိမ်တော်ဖြစ်ပါတယ် နောက်ပိုင်း ရောဘတ် ဘရာသီယွန်( Robert Baratheon )က တာဂေးရီးယန်းမင်း အရူးဘုရင်(Mad King) အားပုန်ကန်ရာမှ အစပြုပြီး စစ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးသွားတဲ့အခါမှာတော့ ရောဘတ်ဟာ ခုနှစ်ပြည်ထောင်ရဲ့ ဘုရင်ဖြစ်လာပြီး စတုန်းလန်ဒေသအား ညီမဖြစ်သူ ရန်လေး ဘရာသီယွန်( Renly Baratheon ) ကို ပေးအပ်ခဲ့ပါတယ်။ သူ့ရဲ့ညီတော် (Stannis Baratheon) ဒရာဂွန်စတုန်းဒေသရဲ့ ခေါင်းဆောင်အဖြစ် အုပ်ချုပ်စေခဲ့ပါတယ်။
Source: aRTsTATION
အစဉ်အလာများအရ ဒရာဂွန်စတုန်းဒေသ (Dragonstone) အား အုပ်ချုပ်ရသူသည် ထီးနန်းကို ဆက်ခံရသူပါ။ ဒါကြောင့် ရောဘတ်ဘုရင် သေဆုံးသွားသောအခါမှာ သားတော်ဖြစ်သူ စတန်းနစ် ဘရာသီယွန် ကထီးနန်းဆက်ခံခဲ့ပါတယ်။ ရောဘတ်ဘုရင်၏ညီတော်က ဒါကိုမကျေနပ်တဲ့အတွက်ကြောင့် စစ်ပွဲများတဖန်ပေါ်ပေါက်ခဲ့ပြန်ပါတယ်။
ဘရာသီယွန်အိမ်တော်၏ အထိမ်းအမှတ်သင်္ကေတသည် ရွှေရောင်ပြင်ညီပေါ်တွင် ငြိမ်သက်စွာ ရပ်တည်နေသည့် သရဖူဆင်မြန်းထားသော သမင်ဖိုဖြစ်ပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်ကတော့ Ours is Fury ဖြစ်ပြီး စိတ်မာန်ကြီးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။