ဂရေးဂျွိုင်းအိမ်တော်သည် အနောက်ဖက်ဒေသကြီးရှိ ထင်ရှားသောအိမ်တော်များထဲမှတစ်ခုဖြစ်သည်။ ဂရေးဂျွိုင်းအိမ်တော်ဟာ Iron Islands တခုလုံးကို အုပ်ချုပ်ရတဲ့ အိမ်တော်ကြီးဖြစ်ပါတယ်။
ဂရေးဂျွိုင်းတို့ဟာ သူတို့ရဲ့ အိမ်တော်ကြီးကို ပိုက်(ခ်)(Pyke) လို့ခေါ်တဲ့ ဒေသမှာတည်ဆောက်ပြီး Iron Islands တခုလုံးကို အုပ်ချုပ်ခဲ့ပါတယ်။ Iron Islands မှာရှိတဲ့ ကျွန်းများတွေဟာ သာမန်လူတွေမနေနိုင်လောက်အောင် ခတ်ထန်ကြမ်းတမ်းလှပါတယ်။ ကျွန်းတွေရဲ့ အနေအထားတွေ ကြမ်းတမ်းရုံတင်မကဘဲ ကျွန်းပေါ်မှာနေထိုင်တဲ့ ကျွန်းသူကျွန်းသားတို့ရဲ့ ပင်ကိုယ်ဗီဇဟာလည်း ခတ်ထန် ကြမ်းတမ်းကြပါတယ်။ ကျွန်းသားတို့တွေက သူတို့ရဲ့ အိမ်နီးချင်းတွေကို တိုက်ခိုက်ခြင်းဖြင့် ရှင်သန်နေထိုင်ခဲ့ကြပါတယ်။ ဒါတွေတင်မကပဲသူတို့ဟာ အမြဲလိုလို ကုန်းတွင်းပိုင်းဒေသတွေဆီ ကျုးကျော်ရန်အတွက် အစီအစဉ်တွေ ချမှတ်လေ့ရှိကြပါတယ်။
Source: Artstation
ကျွန်းသားတွေက သူတို့ကိုယ်သူတို့ ဂရေးဘုရင် (Grey King) ကနေ ဆင်းသက်လာတဲ့ မျိုးနွယ်တွေဆိုပြီး ဂုဏ်ယူစွာ ကြွားဝါလေ့ရှိကြပါတယ်။ ဂရေးဘုရင်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက Iron Islands ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်တဦးပါ။ ဘယ်လွန် ဂရေးဂျွိုင်း(Balon Greyjoy) သည် သံကျွန်းနိုင်ငံတော် (Kingdom of the Iron Islands) ကို စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တဦးပါ။ သူဟာ စတာ(စ်) နဲ့ လန်ဆစ်စတာတွေ အကြား စစ်ပွဲမဖြစ်ပွားခင် ရှစ်နှစ်အလိုမှာ ပြည်ထောင်စုကို ပုန်ကန်ပြီး ဘုရင့်နိုင်ငံတော် တည်ထောင်ခဲ့တာပါ။
Source: Game of Thrones Wiki-Fandom
အဆိုပါဘုရင်ဟာ ရောဘတ် ဘရာသီယွန် ဘုရင်အား ပုန်ကန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပုန်ကုန်မှုမအောင်မြင်ဘဲ ပုန်ကန်မှုကြောင့်ဖြစ်ပွားသော စစ်ပွဲများအတွင်းမှာ ဘယ်လွန်ုဘုရင်၏ သားတော်နှစ်ပါး အသက်ပေးခဲ့ရပါတယ်။ ဒါ့အပြင်အသင်ရှင်ကျန်ရစ်ခဲ့တဲ့ သားတော် သီယွန် ဂရေးဂျွိုင်း (Theon Greyjoy) ကိုလည်း နောက်ထပ် ပုန်ကန်မှုမပေါ်ပေါက်စေရန် နဒ်စတာ့(စ်) တို့ရဲ့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။
ဂရေးဂျွိုင်းအိမ်တော်၏ အထိမ်းအမှတ်သင်္ကေတဟာ အနက်ရောင်ပြင်ညီပေါ်မျာ ရေးချယ်ထားတဲ့ ရွှေရောင် ရေဘ၀ဲကြီး ဖြစ်ပါတယ်။
Source: Dragoart
ကျွန်းသားတို့၏ ဆောင်ပုဒ်ကတော့ ငါတို့သည် စိုက်ပျိုးသူများ မဟုတ်ကြ (We Do Not Sow) ဖြစ်ပြီး အဓိပ္ပါယ်မှာ တိုက်ခိုက်သတ်ဖြတ်ခြင်းကသာ ကျွန်းသားတွေရဲ့ ရှင်သန်နေထိုင်ရန်နည်းလမ်းဖြစ်ပြီး ကျန်တဲ့ စိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးအလုပ်တွေကို ၀ါသနာမပါကြဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။
House Greyjoy ဟာ ခုနှစ်ပြည်ထောင်စလုံးမှာ ရေတပ်အင်အား အကြီးမားဆုံးဖြစ်ပြီး စစ်သင်္ဘောများပြုလုပ်တဲ့ အတတ်ပညာကိုလည်း နတ်ဘုရားတွေက လက်ဆောင်ပေးခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။