Forrest Gump စကားကို ငှားသုံးရမယ်ဆိုရင်တော့ဖြင့် အချစ်ဆိုတာ ချောကလက်ဗူးလေးတွေလိုပဲ။ ကိုယ်ဘာကိုရမလဲ မသိရဘူးဆိုတဲ့အတိုင်း ပြောရမှာပါ။ ကိုယ်ရလိုက်တဲ့ အချစ်ဟာ ခါးသီးစရာ အိပ်မက်ဆိုးတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ ပျော်ရွှင်ချိုမြိန်တဲ့ အချစ်ရေးလည်း ဖြစ်ချင်ဖြစ်မယ်။ တကယ်လို့ ခါးသီးစရာ ဘဝနဲ့ ချစ်သူက ထားသွားခံရတဲ့ သူဆိုရင်တော့ ကိုယ်နဲ့ အချစ်အကြားမှာ အကြောင်းတရားတစ်ချို့ အဆင်မပြေခဲ့ပုံပါပဲ။

(၁) ကိုယ်ကသူ့ ကို စိတ်အနှောင့်အယှက်ပေးလို့ 

Source: Freepik

ကိုယ့်မှာ သူ လုံးဝမကြိုက်တဲ့ အကျင့်ဆိုးကြီး တစ်ခုခု ရှိနေသလား။ ဥပမာ- ဂိမ်းကစားပြီဆိုရင် ထမင်းမေ့ဟင်းမေ့ ချစ်သူကို ပစ်ထားမိတာမျိုး ၊ စကားပြောရင် အနိုင်လိုစိတ်နဲ့ ပြောတတ်လို့ လား။ အလိုက်ကမ်းဆိုး မသိဘဲ သူ့ အလုပ်ချိန်မှာ ဖုန်းတွေ တဂွမ်ဂွမ်ဆက်တာမျိုးလား…သူ မကြိုက်တဲ့ အရက်တွေ သောက် ညနက်သန်းခေါင် ဘော်ဒါတွေနဲ့ လျှောက်ကဲမိလို့ လား။

(၂) မျက်နှာများလို့လား

Source: Freepik

ဒါမျိုးကတော့ ဘယ်ရည်းစားကမှ ကြိုက်မှာ မဟုတ်ပါဘူး။ အတိတ်တစ်ခုမှာ ရည်းစားတွေ ထည်လဲတွဲခဲ့တယ်ဆိုရင်တော့ အခုချိန်မှာ ကိုယ့်ချစ်သူကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မညွှတ်တာဟာ အကောင်းဆုံးပါ။ ဒါဟာ ချစ်သူကောင်းတစ်ယောက်အဖြစ် အမျိုးသမီးတိုင်း ဂုဏ်ယူတတ်တဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၃) သူမမှာတစ်ခြား စိတ်ဝင်စားရမယ့်သူ ရှိလို့ လား

Source: Pixabay

Relationship တစ်ခုဟာ တစ်ယောက်တစ်နေရာစီ အလှမ်းကွာနေချိန် ကိုယ်က သူ့ ကိုအချိန်ပေးပြီး အမြဲ မတွေ့ နိုင်ချိန်မှာ ရင်နာစရာတွေ ဖြစ်သွားတတ်ပါတယ်။ LDRS တွေအတွက် သစ္စာနဲ့ သံယောဇဉ်တွေကပဲ အချစ်ရေး တည်မြဲဖို့ ကျားကန်ပေးနိုင်ပါတယ်။တကယ်လို့ ချစ်သူနှစ်ဦးအကြား တတိယလူ ရောက်လာခဲ့ပြီဆိုရင်တော့ တစ်ယောက်ယောက်ကတော့ ချန်ထားခံရတော့မှာပါ။

(၄) သူမ အသိုင်းအဝိုင်းက ကိုယ့်ကို သဘောမကျလို့ လား

Source: Pixabay

ဒီအချက်ဟာလည်း ချစ်သူနှစ်ဦးအကြား ဝေးကွာသွာစေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။ မိန်းကလေးအများစုဟာ သူတို့ သူငယ်ချင်း အသိုင်းအဝိုင်းနဲ့ မိဘဆွေမျိုးတွေရဲ့ အမြင်ကို အရေးကြီးတယ်လို့ ခေါင်းထဲ ထည့်ထားတတ်သူတွေပါ။ သူ့ သူငယ်ချင်းတွေက ကိုယ့်ကို ကြည့်မရတဲ့ သူတွေ ဖြစ်နေရင် အဆင်မပြေဖို့ များပါတယ်။

(၅) ဘာမှအားမကိုးရဘူး

Source: Pexels

အနာဂါတ်လည်း မရှိ ၊ ချစ်သူကိုလည်း လူတန်းစေ့ထားဖို့ မကြိုးစား ၊ စိတ်အားကလည်း ငယ်သေး ၊ လက်ကြောတင်းတင်းနဲ့ ရိုးသားရဲရင့်မှူလည်း မရှိရင် ဘယ်မိန်းကလေးက ရှေ့ လျှောက် လက်တွဲရဲမလဲ။ မိန်းကလေးတွေဟာ ယောင်္ကျားတစ်ယောက်ကို ချစ်ရာမှာ အားကိုးလိုစိတ်က ထက်ဝက်လောက် ပါပါတယ်။ အားမကိုးရတဲ့ ယောင်္ကျားတစ်ယောက်ကို ရေရှည် ချစ်နိုင်ဖို့ ဟာ သူတို့ အတွက် တကယ်ခက်ပါတယ်။