ခင်ဗျားသာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဂျိမ်းစ်ဘွန်းကို ကြိုက်ကောင်းကြိုက်ခဲ့မယ် ၊ ရှာရွတ်ခန် ဖြစ်ဖြစ် နောက်ဆုံးဗိုလ်အောင်ဒင်ပဲဖြစ်ဖြစ် သဘောကျကောင်း သဘောကျခဲ့မယ်။ သူတို့အနုပညာအစွမ်းကြောင့် နှစ်သက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီထဲမှာ သူတို့ရဲ့ ယောင်္ကျားပီသမှုကလည်း ကြိုက်နှစ်သက်ရတဲ့ အဓိကအချက်တစ်ခု ဖြစ်မှာပါ။

ဒီရုပ်ရှင်မင်းသားတွေဟာ ဉာဏ်ရည်မြင့်တယ် ၊ စိတ်ဝင်စားစရာကောင်းတဲ့ ဥပဓိရုပ်ရှိပြီး ယောင်္ကျားပီသတဲ့ လုပ်ရပ်တွေ လုပ်တယ်။ မုတ်ဆိတ်မွေးတွေနဲ့နည်နည်း ကြမ်းတမ်းသယောင်ထင်ရပေမယ့် အားနည်းသူကို ကူညီဖို့ဝန်မလေးသူ အမှန်တရားဘက်တော်သားတွေ အဖြစ် သရုပ်ဆောင်ကြသူတွေဖြစ်လို့ကျွန်တော်တို့စိတ်ထဲ စွဲထင်နေခဲ့တာပါ။ ဒါဆို ယောင်္ကျားပီသသူတွေရဲ့ စရိုက်လက္ခဏာ ဘယ်လိုရှိသလဲ။

(၁) ဝတ်တတ်စားတတ်တယ်

 

Source : Shutterstock

ယောင်္ကျားပီသသူတွေ အဝတ်အစားဝတ်ရင် ကြည့်ကောင်းနေတာ အကြောင်းရှိပါတယ်။ သူတို့ဟာ ဘယ်အခြေအနေမှာ ဘယ်လို အဝတ်အစား ဝတ်ရမလဲ သိပါတယ်။ နောက်တစ်ခုက သူတို့ဟာ ခေတ်နဲ့လိုက်ဖက်အောင် ဝတ်သူတွေပါ။ ပြောရရင် သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို အထောက်အကူပြုဖို့အဝတ်အစားတွေကို အလုပ်လုပ်ခိုင်းတာပါ။

(၂) ပြောတတ်ဆိုတတ်တယ်

Source : Shutterstock

ယောင်္ကျားချင်းပဲ ပြောပြော အမျိုးသမီးတွေနဲ့ပဲ ပြောပြော စကားပြောညက်တယ်ဆိုတာ သူတို့ရဲ့ အရည်အချင်းပါ။ အနောက်နိုင်ငံက ကောင်းဘွိုင် ရုပ်ရှင်ကားတွေ ၊ ဂျိန်းစ်ဘွန်းကားတွေ အကြည့်များသူဆိုရင် အဲဒီဇာတ်ကားတွေထဲက ဇာတ်ကောင်တွေရဲ့ စကားလုံး သုံးနှုန်းမှု ၊ ကြည့်တဲ့အကြည့်နဲ့လှုပ်ရှားဟန်ဟာ အများနဲ့မတူဘဲ ထူးခြားကွဲလွဲနေတာ တွေ့ရမှာပါ။ ဒါဟာနိုင်ငံတကာ ယောင်္ကျားကောင်းတစ်ယောက်ရဲ့ စံလည်း ဖြစ်ပါတယ်။

(၃) လူရှေ့သူရှေ့ပြောရမှာ မကြောက်ဘူး

Source : Shutterstock

ဦးဆောင်နိုင်စွမ်းဟာ အရေးကြီးပါတယ်။ လူတစ်ယောက်ချင်း စကားပြောချိန်မှာ ကိုယ့်ခေါင်းထဲက အတွေး ၊ ကိုယ်ပြောလိုတဲ့ ပုံစံကိုတိတိကျကျ ထိထိရောက်ရောက် ပြောသလိုပဲ လူအုပ်ကြီးရှေ့မှာ ၊ စင်မြင့်ထက်မှာ ပြောချိန်မှာလည်း စိတ်အားထက်ထက်သန်သန်နဲ့ထိရောက်အောင် ပြောဆိုခြင်းဟာတကယ့် အရည်အသွေးတစ်ရပ်ဖြစ်ပါတယ်။ထက်မြက်တဲ့ ယောင်္ကျားတွေဟာ စင်မကြောက်ကြပါဘူး။

(၄) လိုအပ်ရင် တည့်ရင်ဆိုင်တယ်

Source : Shutterstock

ရန်ဖြစ်တာလောက် ၊ လက်သီးထိုးတာလောက် လုပ်တတ်ရုံနဲ့ယောင်္ကျားကောင်းမဖြစ်ပါဘူး။ အမှန်တရားအတွက်လိုအပ်တဲ့အခါ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်တာ ၊ အန္တရာယ်များတဲ့ ပြဿနာတစ်ခုမှာ အဖြေရှာတာနဲ့ကိုယ့်ယုံကြည်ချက်ကို ခုခံတာဟာလည်း ယောင်္ကျားတွေရဲ့ အရည်အချင်း ဖြစ်ပါတယ်။တကယ့်ယောင်္ကျားကောင်းဖြစ်ဖို့အတွက်ကိုယ်ကာယသတ္တိကောင်းဖို့လည်း လေ့ကျင့်ရသလိုစာရိတ္တသတ္တိနဲ့ကျင့်ဝတ်နီတိ တတ်ကျွမ်းအောင် လေ့လာဖို့လိုပါတယ်။