တော့တင်ဟမ်ဟော့စပါးနည်းပြ ပိုချက်တီနိုဟာ ဂျူဗင်တပ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ သတင်းထောက်တွေမေးမြန်းခဲ့တဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချဖို့ ငြင်းဆန်သွားခဲ့တယ်လို့ Football London ရဲ့သတင်းအရ သိရပါတယ်။

Source: 90Minute

ဝေးလ်စ်လက်ရွေးစင်ကြယ်ပွင့် ဂါရတ်ဘေးလ်ဟာ ရီးရဲမက်ဒရစ်တသက်တာထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် လစ်လပ်သွားတဲ့နေရာကို အစားထိုးဖြည့်ဆည်းနိုင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ နည်းပြဇီဒန်းကို ဒုတိယအကြိမ် နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့မှုဟာ ဂါရတ်ဘေးလ်အတွက် ရီးရဲမက်ဒရစ်ကစားသမားအဖြစ် ဆက်ရှိနေဖို့အခွင့်အရေး မရှိသလောက်နည်းပါးစေခဲ့တာဖြစ်ပါတယ်။

Source: The Times

“မီဒီယာတွေမှာတော့ ဖော်ပြနေတာ မြင်ပါတယ်။ ဒါပေမယ့် ဘယ်အသင်းက ခေါ်မှာလဲဆိုတာ ကျွန်တော် မသိပါဘူး”

“အခုအချိန်မှာ ကျွန်တော့်ဥက္ကဌဆီကနေ ဘာသတင်းအချက်အလက်မှ မရထားပါဘူး”

“သူ့ကို ခေါ်မယ့်အသင်းက တခြားအသင်းလား၊ ကျွန်တော်တို့လားဆိုတာ မသိပါဘူး။ အဲဒါကျွန်တော့်အလုပ်လည်းမဟုတ်ပါဘူး”

“အဲဒီအလုပ်က အသင်းကို အကောင်းဆုံးဘယ်လိုတည်ဆောက်ရမယ်ဆိုတာ ကြိုးပမ်းနေတဲ့ ဥက္ကဌရဲ့အလုပ်ပါ”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ရီးရဲမက်ဒရစ်နည်းပြဇီဒန်းက ယမန်နေ့က မကြာမီအချိန်အတွင်း အသင်းကနေ ထွက်ခွာသွားဖို့ မျှော်လင့်ကြောင်းနဲ့ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မှာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။