တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပေးမယ်ဆိုရင် မမြင်နိုင်မယ့် ရောဂါပိုးမွှားတွေ ကူးစက်မှုကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကျန်းမာရေးကိုလည်း ကြိုတင် စောင့်ရှောက်ရာ ရောက်ပါတယ်။ တစ်ကိုယ်ရည် သန့် ရှင်းရေးဟာ လူတိုင်း လိုက်နာသင့်ပြီး တစ်ချို့ အရာတွေကို အပတ်စဉ်သန့် ရှင်းရေး လုပ်ပေးသင့်ပါတယ်။

နံပါတ်တစ်အချက်အနေနဲ့ ခါင်းအုံးစွပ်နဲ့​အိပ်ယာခင်းကို တစ်ပတ်တစ်ခါလဲပေးပါ။အိပ်ယာဆိုတာ တစ်နေကုန် ပင်ပန်းထားသမျှကို အနားယူ အားပြန်ဖြည့်တဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီလိုနေရာက အနံ့အသက်တွေ ထွက်နေမယ်ဆိုရင်တော့ ဘယ်လိုလုပ် ပြည့်ပြည့်ဝဝ အနား ယူလို့ ရပါတော့မလဲ။

Source: Pixabay

သန့်ရှင်းတဲ့နေရာလေး တစ်ခုဖြစ်နေမှပဲ အိပ်ကောင်းခြင်းနဲ့ အိပ်ရမှာ ဖြစ်လို့ ခေါင်းအုံးစွပ်နဲ့​အိပ်ယာခင်းကို တစ်ပတ်တစ်ကြိမ် ပုံမှန်လဲလှယ်ပေးပါ။ ခေါင်းအုံးစွပ်တွေ ညစ်ပတ်နေတာကတော့ မျက်နှာမှာဝက်ခြံတွေကို ဖြစ်ပေါ် စေနိုင်သလို အိပ်ယာခင်းတွေ ညစ်ပတ်နေမယ်ဆိုရင် အရေပြားကိုယားယံစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ခုက နေ့ စဉ် အသုံးပြုနေတဲ့ သဘက်တွေကိုလည်း သန့် ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့ ။မနက်နိုးတာနဲ့ မျက်နှာသစ် ရေချိုးပြီး ရေသုတ်တဲ့သဘက်တွေကို တစ်ပတ်တစ်ကြိမ် ပြန်လျှော်ပေးဖို့ မေ့နေတတ်ပါတယ်။ မနက်တိုင်း ရေသုတ်ပြီးတဲ့အချိန်မှာလည်း ကြုံရာ နေရာမှာလုံးပြီး တင်လိုက်တာမျိုး မလုပ်ပါနဲ့။

Source: Unsplash

နေရောင်ရပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ လှမ်းထားပေးပါ။ မဟုတ်ရင် ရေစိုပြီး သဘက်မှာ ဖားဥတွေ စွဲလာတာမျိုး၊ မှိုတွေ ဖြစ်ပေါ်လာတာမျိုးကြောင့် အနံ့အသက် မကောင်းတာမျိုးတွေ ဖြစ်ပေါ်လာနိုင်လို့ပါ။