ယောင်္ကျားလေးဆိုပေမယ့် ကိုယ့်အားကိုယ်ကိုးရတဲ့ အနေအထားမျိုးမှာ ဒေါင်ကျပြားကျ ဘယ်လိုမျိုးမဆို နေတတ်တဲ့သူ ဖြစ်ဖို့ လေ့ကျင့်ထားသင့်ပါတယ်။ဒီထဲမှာ အသေးအဖွဲဆိုပေမယ့် သိထားတတ်ထားသင့်တဲ့ အိမ်တွင်းမှူ တစ်ချို့ လည်းပါပါတယ်။

(၁) ထမင်း ဟင်းချက်တတ်ပါစေ

Source: Unspalsh

စားဖိုမှူးကြီး တစ်ယောက်လို အိမ်ကအမေလို အမျိုးစုံအစပ်အဟပ် တည့်အောင် ချက်တတ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ အရေးရယ် အကြောင်းရယ် ဖြစ်လာတဲ့အချိန်မှာ အနည်းဆုံးတော့ မငတ်အောင်ထမင်းအိုးလေးတည် ကြက်ဥလေး ကြော်တတ်ဖို့လောက်တော့ တတ်ထားမှ ဖြစ်မှာပါ။ ဟင်းတွေရှယ်ချက်တတ်ရင်တော့ ကောင်မလေးတွေအသည်းစွဲ ဖြစ်မှာပေါ့။ ဒါမယ့်လည်း ရပါတယ်။ ကြက်ဥကြော်၊ ခေါက်ဆွဲတော့ ပြုတ်တတ်ပါစေပေါ့။

(၂) အဝတ်လျှော် မီးပူတိုက်ပါ

Source: Pixabay

အဝတ်များ ဘာလို့ လျှော်နေမှာလဲ။ ဒိုဘီ ဌါးမှာပေါ့ ဆိုပေမယ့် တခါတလေ အရေးပေါ်လာတဲ့လို့ အချိန်မရတော့ဘူး ဆိုရင်ကိုယ်တိုင်လျှော်တတ်နေမှ ဖြစ်မှာပါ။ အဝတ်လျှော်တတ်ရုံနဲ့တင်မကဘဲ မီးပူလည်း တိုက်တတ်ပါစေ။ အဝတ်ကတော့ သန့်ပြန့်နေတာပဲ။ မီးပူ မတိုက်ထားတော့ ကြေမွနေတာနဲ့ ဝတ်ပြီး သွားမယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။ ခေါက်ရိုးကို ပြန့်နေအောင် တိုက်ထားတဲ့ဝတ်စုံလေးနဲ့မှ စမတ်ကျလှပနေမှာပဲ​ဖြစ်ပါတယ်။

(၃) အပ်ချုပ်တတ်ပါစေ

အပ်ချုပ်တယ်ဆိုတာ မိန်းမတွေ​အလုပ်ပါ ဆိုပြီး မပစ်ထားပါနဲ့။ အပ်ချုပ်တတ်ဖို့ ဆိုတာ ကိုယ့်အကျီ င်္ ကြယ်သီး ပြုတ်သွားတာမျိုး ချုပ်ရိုးပြေတာမျိုးအတွက် သိပ်ကို အသုံးဝင်တာမို့လို့ပါ။ ကြယ်သီးတပ်တာလောက်၊ အပေါက်လေးတွေကို ဖာတာလောက်ဆိုတဲ့ အခြေခံလေးတော့တတ်ထားဖို့တော့ အရေးကြီးပါတယ်။

(၄) မီးပြင်တတ်ပါစေ

Source: Pixabay

သိပ်အများကြီး မဟုတ်တောင် လျှပ်စစ်အကြောင်း  ရေမော်တာအကြောင်းလောက်တော့ ဟိုစပ်စပ် ဒီစပ်စပ်သိထားဖို့ လိုပါတယ်။ ဒါမှသာ အရေးအကြောင်းဆို အားကိုးလို့ ရတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်လာမှာပါ။

(၅) ကားပြင်တတ်ခြင်း

Source: Pexels

မက္ကနစ်တစ်ယောက်လို ကျွမ်းစရာမလိုပေမယ့် ဆီပျောက်မီးပျောက်ဗဟုသုတရှိမယ် ကလိတတ်မယ်ဆိုရင် ဟန်ကျပါတယ်။ ကားတစ်စီးကို မောင်းတတ်ရုံတင်မဟုတ်ဘဲ ကားကျန်းမာရေးပါ တော်ရုံသင့်ရုံလောက် သိမယ်ဆိုရင် ကားစီးရင်းလည်း စိတ်ပူစရာရှိမှာ မဟုတ်တော့ပါဘူး။

ဒီအချက်တွေက အသုံးမလိုခင် ပြောရင်တော့ ဘာမှမဟုတ်တဲ့အချက်တွေ ဆိုပေမယ့် တကယ်တန်း အသုံးလိုလာတဲ့အချိန်မှာတော့ တတ်ကိုတတ်ထားဖို့ လိုအပ်တဲ့ အရေးကြီးတဲ့အခြေခံ အချက်တွေပဲ ဖြစ်တာမို့​ ကွီးတို့ အနေနဲ့ သိထာတတ်ထားဖို့ ပြင်ဆင်နိုင်အောင်လို့ ကြိုတင် ပြောပြလိုက်ရပါတယ်။