[Unicode]

လူရယ်လို့ ဖြစ်လာတဲ့အချိန်မှာ စိတ်ခံစားချက်ကတော့ အမြဲ အပြောင်းအလဲ ဖြစ်နေမှာပါ။ စိတ်ဓါတ်တွေ ကြံ့ခိုင်လိုက်၊ စိတ်ဓါတ်တွေကျလိုက်နဲ့ ကြုံတွေ့ရတဲ့ အရာတွေ အပေါ် လိုက်ပြီး ဖြစ်နေတတ်ပါတယ်။ အဆင်မပြေမှုတွေ များလာလို့ စိတ်ဓါတ်ကျနေတယ်လို့ ခံစားရရင် ဒီ (၃) ချက်ကို ပြုလုပ်လိုက်ပြီး နေ့ရက်သစ်တွေမှာ အကောင်းဆုံး ဖြတ်ကျော်လိုက်ပါ။

(၁) ခရီးသွားပါ

Source: Pixabay

ခရီးသွားတယ် ဆိုတာက ကိုယ်နေနေကျ ပတ်ဝန်းကျင် တစ်ခုကနေ တစ်နေရာကို  သွားလိုက်တာမျိုး ဖြစ်တဲ့အတွက်ကြောင့် ပျော်တယ် မပျော်ဘူး သေချာပေါက် အာမခံလို့ မရပေမယ့် စိတ်အပြောင်းအလဲတော့ ဖြစ်သွားမှာပါ။ နေနေကျ နေရာမှာပဲ ကိုယ့်ကို စိတ်ဓါတ်ကျစေတဲ့အရာတွေကို ထပ်ကာထပ်ကာ တွေးနေတာထက် နေရာဒေသ တစ်ခုကို ပြောင်းလဲ သွားလိုက်တဲ့အချိန်မှာ မမြင်ဖူး မကြုံဖူးတဲ့အတွေ့အကြုံ အသစ်တွေကြောင့် စိတ်ကို ပျော်လာစေနိုင်လို့ပါ။

(၂) ဆံပင်ပုံပြောင်းပါ

Source: Unsplash

မိန်းကလေး အတော်များများက အသည်းကွဲရင် ဆံပင်ညှပ်တတ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ အပြောင်းအလဲ တစ်ခုကို ပြုလုပ်လိုက်ပြီး လက်ရှိ ဖြစ်နေတာကို အာရုံ လွှဲလိုက်တဲ့သဘောပါပဲ။ ဒီအတိုင်းပါပဲ။ ကွီးတို့လည်း စမ်းကြည့်လိုက်ပါ။ ပုံမှန် ညှပ်နေကျ ဆံပင် ပုံစံကနေ မညှပ်ဖူးတဲ့ ပုံစံမျိုးကို ပြောင်းလဲကြည့်လိုက်ပါ။

(၃) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

Source: Pixabay

အားကစား လုပ်တာကလည်း ကိုယ်ခန္ဓာကို ကျန်းမာစေရုံမကဘဲ စိတ်တွေကိုလည်း လန်းဆန်း သွားစေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း တစ်မျိုးမျိုးကို ပြုလုပ်ပေးပါ။ အချိန်မပေးနိုင်လို့  Gym သွား ကစားတာမျိုး မလုပ်ပေးနိုင်ရင်တောင် အနည်းဆုံးတော့ လမ်းလျှောက်တာမျိုးကို ပြုလုပ်ပေးပါ။ ဒီလို ပြုလုပ်ပေးတာကတော့ စိတ်ထဲ ရှုပ်နေတာတွေ၊ အလိုမကျမှုတွေကို လျော့ချ ပေးနိုင်ပြီး စိတ်ဓါတ်ကျတာတွေကို လျော့နည်းသွားစေနိုင်ပါတယ်။

[Zawgyi]

လူရယ္လို႔ ျဖစ္လာတဲ့အခ်ိန္မွာ စိတ္ခံစားခ်က္ကေတာ့ အျမဲ အေျပာင္းအလဲ ျဖစ္ေနမွာပါ။ စိတ္ဓါတ္ေတြ ၾကံ့ခိုင္လိုက္၊ စိတ္ဓါတ္ေတြက်လိုက္နဲ႔ ၾကံဳေတြ႔ရတဲ့ အရာေတြ အေပၚ လိုက္ၿပီး ျဖစ္ေနတတ္ပါတယ္။ အဆင္မေျပမႈေတြ မ်ားလာလို႔ စိတ္ဓါတ္က်ေနတယ္လို႔ ခံစားရရင္ ဒီ (၃) ခ်က္ကို ျပဳလုပ္လိုက္ၿပီး ေန႔ရက္သစ္ေတြမွာ အေကာင္းဆံုး ျဖတ္ေက်ာ္လိုက္ပါ။

(၁) ခရီးသြားပါ

Source: Pixabay

ခရီးသြားတယ္ ဆိုတာက ကုိယ္ေနေနက် ပတ္ဝန္းက်င္ တစ္ခုကေန တစ္ေနရာကို  သြားလိုက္တာမ်ိဳး ျဖစ္တဲ့အတြက္ေၾကာင့္ ေပ်ာ္တယ္ မေပ်ာ္ဘူး ေသခ်ာေပါက္ အာမခံလို႔ မရေပမယ့္ စိတ္အေျပာင္းအလဲေတာ့ ျဖစ္သြားမွာပါ။ ေနေနက် ေနရာမွာပဲ ကိုယ့္ကုိ စိတ္ဓါတ္က်ေစတဲ့အရာေတြကို ထပ္ကာထပ္ကာ ေတြးေနတာထက္ ေနရာေဒသ တစ္ခုကို ေျပာင္းလဲ သြားလိုက္တဲ့အခ်ိန္မွာ မျမင္ဖူး မၾကံဳဖူးတဲ့အေတြ႔အၾကံဳ အသစ္ေတြေၾကာင့္ စိတ္ကို ေပ်ာ္လာေစႏိုင္လို႔ပါ။

(၂) ဆံပင္ပံုေျပာင္းပါ

Source: Unsplash

မိန္းကေလး အေတာ္မ်ားမ်ားက အသည္းကြဲရင္ ဆံပင္ညွပ္တတ္ၾကပါတယ္။ ဘာလို႔လဲ ဆိုေတာ့ အေျပာင္းအလဲ တစ္ခုကို ျပဳလုပ္လိုက္ၿပီး လက္ရွိ ျဖစ္ေနတာကို အာရံု လႊဲလိုက္တဲ့သေဘာပါပဲ။ ဒီအတိုင္းပါပဲ။ ကြီးတို႔လည္း စမ္းၾကည့္လိုက္ပါ။ ပံုမွန္ ညွပ္ေနက် ဆံပင္ ပံုစံကေန မညွပ္ဖူးတဲ့ ပံုစံမ်ိဳးကို ေျပာင္းလဲၾကည့္လိုက္ပါ။

(၃) ကိုယ္လက္ေလ့က်င့္ခန္း လုပ္ပါ

Source: Pixabay

အားကစား လုပ္တာကလည္း ကိုယ္ခႏၶာကို က်န္းမာေစရံုမကဘဲ စိတ္ေတြကိုလည္း လန္းဆန္း သြားေစႏိုင္ပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္း တစ္မ်ိဳးမ်ိဳးကို ျပဳလုပ္ေပးပါ။ အခ်ိန္မေပးႏိုင္လို႔  Gym သြား ကစားတာမ်ိဳး မလုပ္ေပးႏုိင္ရင္ေတာင္ အနည္းဆံုးေတာ့ လမ္းေလွ်ာက္တာမ်ိဳးကို ျပဳလုပ္ေပးပါ။ ဒီလို ျပဳလုပ္ေပးတာကေတာ့ စိတ္ထဲ ရႈပ္ေနတာေတြ၊ အလိုမက်မႈေတြကို ေလ်ာ့ခ် ေပးႏိုင္ၿပီး စိတ္ဓါတ္က်တာေတြကို ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။