ဘဝနှစ်ခုကို တစ်ခုတည်း ပေါင်းစပ်နိုင်ဖို့ ကိုယ်နဲ့ ထပ်တူညီနိုင်မယ့် လူမျိုးကို ရှာရပါမယ်။လူတစ်ယောက်မှာရှိတဲ့ လက်ချောင်းငါးချောင်းတောင် အတိုအရှည်မညီရှာတော့ လူတစ်ဦးနဲ့ တစ်ဦး ထပ်တူညီနိုင်ဖို့ဆိုတာလည်း ထင်သလောက်တော့ မလွယ်လှပါဘူး။ သင့်စရိုက်နဲ့ အနီးစပ်ဆုံး အတူညီဆုံး နားလည်ပေးနိုင်မယ့်သူမျိုးကို ရှာရင်တော့ အိမ်ထောင်ရေးဟာ သိပ်မခက်ခဲဘူးထင်ပါတယ်။
(၁) အမေနှင့်တူသောမိန်းမ
Source : shutterstock
သင့်အပေါ် အမေတစ်ယောက်လို ဂရုစိုက်ပြီး နွေးထွေးကြင်နာပေးတတ်တဲ့ မိန်းကလေးမျိုးကို ရှာသင့်ပါတယ်။သင်ပြောသမျှနားထောင်ပြီး သင့်ကိုအလိုလိုက်မယ့် အမျိုးသမီးကို ယူ ထားရင်သင်နောင်တရမှာမဟုတ်ပါဘူး။
(၂) ဉာဏ်ရည်ထက်မြက်သောမိန်းမ
Source : shutterstock
သင်က အိမ်ထောင်ဦးစီးဆိုပြီး မိန်းမက မတော်လည်း ရပါတယ်မလုပ်ပါနဲ့။ တစ်စုံတစ်ခု အရေးအကြောင်း ရှိလာတဲ့အခါမှာ ဉာဏ်ကောင်းတဲ့ အမျိုးသမီးက သင့်ပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။
(၃) ထောင့်စေ့သောမိန်းမ
Source : shutterstock
အကွက်ကျကျ စီစဉ်တတ်ပြီး လိုလေသေးမရှိဖို့ ပြင်ဆင်ထားတတ်တဲ့မိန်းမမျိုးဟာ သင့်ဘဝအတွက်လည်း အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်မှာပါ။
(၄) စာဖတ်သောမိန်းမ
Source : shutterstock
စာမဖတ်တဲ့သူဟာ အကန်းနဲ့တူပါတယ်။ စာဖတ်ဝါသနာပါတဲ့ မိန်းကလေးဟာ သူများနဲ့ တန်းတူ ရင်ပေါင်တန်းနိုင်ပြီးသားပါ။
(၅) ဒေါသထိန်းတတ်သောမိန်းမ
Source : shutterstock
စိတ်တိုလာရင်တောင်မှ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောတာ မျက်နှာမပျက်ဘဲ ပညာရှိဆန်ဆန်တုံ့ပြန်နိုင်တာမျိုးက တော်ရုံ မိန်းကလေးတွေ မလုပ်နိုင်ပါဘူး။ ဒေါသကို ထိန်းတတ်တဲ့ မိန်းမဟာ သင့်အတွက် အဖော်မွန်ကောင်း ဖြစ်ရုံမက သင့်ကိုပါ ဘဝသင်ခန်းစာတွေ သင်ပေးပါလိမ့်မယ်။