အဝတ်အစားထုတ်လုပ်ရောင်းချမှုဟာ ရှေးခေတ်ကာလတွေကတည်းက တည်ရှိခဲ့တဲ့ စီးပွားရေးတစ်ရပ်ပါ။ ဒီနေ့ ခေတ်မှာ အဝတ်အစားနဲ့ ချမ်းသာတဲ့ ဘီလျံနာတွေလည်း လက်ညှိုးထိုးမလွဲပါဘူး။ ဒီထဲမှာ အခုပြောမယ့် ဖက်ရှင် Brand တွေက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးနဲ့ ရောင်းအားအများဆုံး ကုန်အမှတ်တံဆိပ်တွေပဲ ဖြစ်ပါတယ်။

(၁၀) Armani

Source: clashmusic

Armani အမှတ်တံဆိပ်ကို ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင်တွေ အများဆုံး ဝတ်ကြပါတယ်။ အထူးသဖြင့် Armani ဟာ Suit တွေမှာဆရာတစ်ဆူပါပဲ။Armani ၊ Emporio၊ Exchange ဟာဒီ Brand အောက်က ဈေးအကြီးဆုံး အဝတ်အစားတွေဖြစ်ပြီး Armani နာမည်နဲ့ မျက်မှန် ၊ ခါးပတ် ၊ ရေမွှေး ကနေ ဖိနပ်အထိ ထွက်ပါတယ်။Brand တန်ဖိုးအရ ဒေါ်လာ ၃.၁ ဘီလျံခန့် ရှိပြီး ရောင်းအားအကောင်းဆုံး ဖက်ရှင် Brand နေရာမှာ အမှတ် ၁၀ နေရာက ရှိပါတယ်။

(၉) Fendi

Source: StockX

Fendi ရဲ့ Brand Value တန်ဖိုး စုစုပေါင်းဟာ ဒေါ်လာ ၃.၅ ဘီလျံ ဝန်းကျင်ရှိပါတယ်။ ပါအိုလာဖန်ဒီက တည်ထောင်ထားလို့ Fendi လို့ ပေးထားတာပါ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ၁၉၂၅ ကတည်းက တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ဝတ်စုံတွေအိတ်နဲ့ အသုံးအဆောင်တွေ ချုပ်ပါတယ်။

(၈) House of Versace

Source: readthetrieb

Versace ရဲ့ တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၁ ဘီလျံလောက် ရှိပါတယ်။ အီတလီကုမ္ပဏီဖြစ်ပြီး ဒီBrand ရဲ့ တန်ဖိုးကတော့ ဒေါ်လာာ ၅.၅ ဘီလျံဝန်းကျင် သတ်မှတ်ထားပါတယ်။ ဂျီအန်နီဗားဆေ့က ၁၉၇၈ ခုနှစ်မှာ ဒီကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပြီး Lifestyle Brand တွေထဲမှာ ကမ္ဘာ့အကျိုးအမြတ်အများဆုံး Brand တွေထဲက တစ်ခုပါ။

(၇) Burberry

Source: wgsn

ဗြိတိန်ကုမ္ပဏီ Burberry ဟာတစ်နှစ်ကို ဒေါ်လာ ၄ ဘီလျံလောက်ဝင်တဲ့ ဖက်ရှင်ကုမ္ပဏီဖြစ်ပြီး Brand Value ဒေါ်လာ ၅.၈၇ ဘီလျံခန့် ရှိပါတယ်။ Burberry Brand တွေကို ဗြိတိန်တော်ဝန် မိသားစုတွေပါ အသုံးပြုကြပြီး အခုဆို Skin Care Product တွေပါ ထုတ်ထားပါတယ်။

(၆) Ralph Lauren

Source: Ralph Lauren

နာမည်ကျော်ပုဂ္ဂိုလ်အများစု ဝတ်လေ့ရှိတဲ့ ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပြီး Brand Value ဒေါ်လာ ၆.၆ ဘီလျံလောက် ရှိပါတယ်။ တစ်နှစ်တစ်နှစ် Ralph Lauren ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၇.၁ ဘီလျံ ခန့် ရှိနေပါတယ်။ Ralph Lauren အောက်မှာ Polo အမှတ်တံဆိပ်လည်း ရှိထားပါတယ်။

(၅) Chanel

Source: Chanel

ကိုကိုချာနဲလ်က တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ရေမွှေး ၊ အမျိုးသမီးအဝတ်အစားတွေနဲ့ ထင်ရှားပါတယ်။ ကမ္ဘာပေါ်က ဈေးအကြီးဆုံး Brand တွေထဲက တစ်ခုဖြစ်ပြီး Brand Value ဒေါ်လာ ၆.၈ ဘီလျံ နဲ့ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅.၄ ဘီလျံအထိ ရှိပါတယ်။

(၄) Prada

Source: Lazada

Prada ဟာ အီတလီကသားရေချုပ်လုပ်သူ မာရီယိုပရာဒါက ၁၉၁၃ မှာ တည်ထောင်ထားတဲ့ ဖက်ရှင်ကုမ္ပဏီပါ။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄.၇ ဘီလျံပဲ ရှိပေမယ့် Brand Value ကတော့ ဒေါ်လာ ၇.၃ ဘီလျံခန့် ရှိပါတယ်။ Prada ဟာ အမျိုးသမီးဖက်ရှင်ဘက်ကို ပိုသွားတဲ့ Brand ဖြစ်ပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး အသုံးအဆောင်အမှတ်တံဆိပ်တွေထဲမှာ နံပါတ် ၄ နေရာက ရှိပါတယ်။

(၃) Hermes

Source: GumTree

လက်ကိုင်အိတ်တွေနဲ့ နာမည်ကြီးတဲ့ Hermes ကို ၁၈၃၇ ခုနှစ်မှာ ပြင်သစ်နိုင်ငံသား သီယာရီဟားမီးစ်ဆိုသူက တည်ထောင်ခဲ့တာပါ။ နှစ်ပေါင်း ၁၈၀ ကျော်အတွင်း အတွေ့ အကြုံတွေနဲ့ အတူ Hermesဟာ Brand Value ဒေါ်လာ ၁၀.၆ ဘီလျံ ၊ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅.၃ ဘီလျံနဲ့ ကမ္ဘာ့တတိယဈေးအကြီးဆုံး ဖက်ရှင် Brand အဖြစ် ရပ်တည်နေပါတယ်။

(၂) Gucci

Source: GQ

ဂူစီယိုဂူစီဆိုသူက ၁၉၂၁ ခုနှစ်က စတင်တည်ထာင်ခဲ့တဲ့ Gucci ဟာ တန်ဖိုးကြီး Luxury အဝတ်အစား ၊ လက်ကိုင်အိတ် စတာတွေနဲ့ နာမည်ကြီးပါတယ်။ ဝင်ငွေ ဒေါ်လာ ၄.၅ ဘီလျံခန့် ရှိပြီး Brand Value ကတော့ ၁၂.၄ သန်း ဖြစ်ပါတယ်။

(၁) Louis Vuitton

Source: luxuriousworld

ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖက်ရှင် Brand အဖြစ် သတ်မှတ်ခံရတဲ့ Louis Vuitton ဟာ လယ်သာသားရေတွေ ၊ Trench Coats တွေ နဲ့ နာမည်ကျော်ပါတယ်။ မျက်မှန် ၊ အိတ် ၊ လက်ဝတ်ရတနာ အစရှိတဲ့ ဖက်ရှင်အသုံးအဆောင်တွေလည်း ထုတ်လုပ်ပါတယ်။
Louis Vuitton ကနေ တစ်နှစ်ရောင်းအားဝင်ငွေဟာ ဒေါ်လာ ၁၀.၁ ဘီလျံလောက်ရှိပြီး Brand Value ကတော့ ဒေါ်လာ ၂၈.၁ ဘီလျံရှိတယ်လို့ ဆိုပါတယ်။