အလုပ်ဟာ ကျွန်တော်တို့နေ့စဉ်ဘဝကို အများဆုံး ရယူထားတဲ့ အရာဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ကြရင်းနဲ့အလုပ်နဲ့ဘဝဟာ ဟန်ချက်လွဲတတ်တဲ့ အခါတွေလည်း ရှိပါတယ်။ ကောင်းမွန်မျှတတဲ့ Work-Life Balance တစ်ခု ဖြစ်ခြင်းဟာ ကျန်းမာရေးလိုပဲ အရေးပါတဲ့ အရာ ဖြစ်ပါတယ်။

ရုံးအလုပ်လုပ်ကြရင်းနဲ့ဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းလေးပဲ လုပ်လုပ် အလုပ်နဲ့ဘဝ ဟန်ချက်မှန်ဖို့ဆိုရင် အခုပြောမယ့် အချက်ကလေးတွေ လိုက်နာသင့်ပါတယ်။

(၁) အခါအားလျော်စွာ စိတ်အားဖြည့်ပါ

Source: Unsplash

စမတ်ဖုန်းတစ်လုံးလို ကိုယ့်ကိုယ်ကို မြင်လိုက်ပါ။ ဘက်ထရီပါဝါမရှိတော့ရင် ဘယ်လောက်ပဲ အဆင့်မြင့်တဲ့ တန်ဖိုးကြီး ဖုန်းဖြစ်ဖြစ် အလုပ်မလုပ်နိုင်ပါဘူး။ ဘဝမှာ သွားရမယ့် အချိန်ရှိသလို နားရမယ့် အချိန်ဆိုတာလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်အချိန်မှာ အားဖြည့်ရမလဲ သိသူသာ ဘဝပန်းတိုင်ဆီကို မမောမပန်း သွားနိုင်မှာပါ။

(၂) တာဝန်ခွဲဝေပါ

Source: ShutterStock

လူတိုင်းမှာ သူတို့ထမ်းထားရတဲ့ တာဝန်ဝတ္တရားတွေ အများကြီး ရှိပါတယ်။ ဒီတာဝန်ထဲက အားလုံးကို ကိုယ့်ပုခုံးပေါ် တင်ထားစရာ မလိုပါဘူး။ တစ်ချို့အရာတွေကို တစ်ချို့သူတွေဆီ ထားထားလို့ရသလို တစ်ချို့အရာတွေက ကိုယ်ဝင်ပါမှ ဖြစ်မယ်ဆိုတာမျိုး တကယ် သိရှိပြီး ခွဲခြားထားသင့်ပါတယ်။

လူဟာ နေရာတိုင်းမှာ ကျွမ်းကျင်တာ မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို အကောင်းဆုံး သိရှိကိုင်တွယ်ပြီး ကျန်တာကို သူ့တာဝန်နဲ့သူ သက်ဆိုင်ရာလူတွေနဲ့နေရာတွေဆီ ခွဲပေးထားတတ်မယ်ဆိုရင် ကိုယ့်အလုပ်လည်း တွင်ကျယ်သလို အလုပ်ကြောင့် နေ့စဉ်ပြင်ပဘဝမှာလည်း ဝန်မများတော့ပါဘူး။

(၃) ကိုယ်ရေးကိုယ်တာ လိုအပ်ချက်တွေကို သိပါ

Source: verywellmind

အလုပ်ဟာ ဘဝအတွက် အရေးကြီးတယ်ဆိုပေမယ့် အလုပ်ကတော့ ဘဝကြီး မဟုတ်ပါဘူး။ နောက်တစ်ခုက ဘဝရယ်လို့ဖြစ်လာတာနဲ့လူတိုင်းဟာ မတူတဲ့ လိုအင်နဲ့တန်ဖိုးထားမှုတွေ ရှိလာတတ်ပါတယ်။ ကိုယ့်အတွက် အရေးပါတဲ့ အရာတွေကို လုပ်ဖို့အတွက် ကိုယ်ရေးကိုယ်တာ နာရီလေးတွေ ထားသင့်ပါတယ်။

(၄) မပင်ပန်းသေးခင် နားလိုက်ပါ

Source: purewaterpool

To-Do List ဆိုပြီး လုပ်ရမယ့် စာရင်းတွေ အများကြီး ရှိပါတယ်။ ဒါတွေဟာ လုပ်လို့လည်း ဆုံးမှာ မဟုတ်ပါဘူး။ အားလုံး ပြီးပြတ်မှ နားမယ်ဆိုရင်တော့ နားဖို့တောင် အချိန်ရမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့Downtime ကို သိပြီး မပင်ပန်းခင် အနားယူ အားဖြည့်သင့်ပါတယ်။

(၅) နည်းပညာပစ္စည်းတွေနဲ့ခဏလောက် ခွဲနေပါ

Source: Medium

လူမှူကွန်ရက်တွေ ၊ ဖျော်ဖြေရေး ချန်နယ်တွေ နဲ့စမတ်ဖုန်းပေါ်က ဂိမ်းတွေကို ပစ်ပြီး နားတတ်တဲ့ အကျင့်လုပ်ပါ။ အနားယူချိန်မှာ ဖုန်းသုံးတာ ၊ လက်ပ်တော့ ဖွင့်တာမျိုး မလုပ်ဘဲ ကိုယ်မွေးထားတဲ့ ခွေးကလေးနဲ့ဆော့တာ ၊ စာအုပ်တစ်အုပ်လောက် ဖတ်တာ ၊ အားကစားလုပ်တာနဲ့ကလေးတွေနဲ့လျှောက်လည်တာမျိုး လုပ်ပေးသင့်ပါတယ်။