မဲပေးနိုင်သည့်အချိန်ကာလ – နိုဝင်ဘာ ၈ ရက် ၂၀၁၉ မှ ဖေဖော်ဝါရီ ၇ ရက် ၂၀၂၀

ဆုရွေးချယ်ပေးအပ်မည့်ကဏ္ဍ ၉ ခုဖြစ်သော အားကစား၊ အနုပညာနှင့်ဓါတ်ပုံ၊ လူမှုအကျိုးပြု၊ ရုပ်ရှင်၊ ဖက်ရှင်ဒီဇိုင်း၊ အလှမယ်နှင့်မော်ဒယ်၊ တေးဂီတ၊ စီးပွားရေးနှင့် လူမှုဦးဆောင် အစရှိသည့် ကဏ္ဍများအတွက် ဆန်ကာတင်အမည်စာရင်းကို Myanmar’s Pride Awards 2019 မှ ထုတ်ပြန်လိုက်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသော အကဲဖြတ်ဒိုင် လူကြီးမင်းများက ထူးချွန်အောင်မြင်သူ ၃၆ ယောက်ကို ရွေးချယ်ခဲ့ပြီး အဆိုပါ အမည်စာရင်းကို အုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုပေးခဲ့ပါတယ်။

အသက် ၁၈ နှစ်နှင့် အထက်ရှိမည်သူမဆို မဲပေးနိုင်မည်ဖြစ်ပြီး မဲပေးခြင်းကို နိုဝင်ဘာ ၈ ရက်၊ ၂၀၁၉ မှစတင်၍ ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၀ အထိ မဲပေးနိုင်မည်ဖြစ်ပါသည်။ Myanmar’s Pride Awards တွင် ပွင့်လင်းမြင်သာမှုရှိပြီး တင်းကြပ်သော ရွေးချယ်ရေးလုပ်ငန်းစဉ်များရှိရန်အတွက် နိုင်ငံတကာအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Deloitte မှ အကြံပေးအဖြစ်လုပ်ဆောင်နေသဖြင့် အရည်အသွေး အာမခံချက်ရှိသော အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ဆန်ကာတင်စာရင်းတွင်ပါဝင်သော အမည်စာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဆန်ကာတင်စာရင်းဝင် များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက Myanmar’s Pride Awards ၏ တရားဝင် website www.myanmarsprideawards.com/en/nominees/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အားကစားကဏ္ဍ

● သက်ထားသူဇာ
● နေသွေးဦး
● ရန်နိုင်စိုး
● ငြိမ်းချမ်းကိုကို

အနုပညာနှင့်ဓါတ်ပုံကဏ္ဍ

● အောင်ပြည့်စိုး
● ဉာဏ်ကျယ်စေ
● ကျော်ကျော်ဝင်း
● ဝဏ္ဏခွာနီး

စွန့်ဦးတီထွင်ကဏ္ဍ

● ဝေဖြိုးကျော်
● ရဲမြတ်မင်း
● ဇော်ရဲနောင်
● လှလှဝင်း

လူမှုအကျိုးပြုကဏ္ဍ

● ဒေါက်တာသန်းမင်းထွဋ်
● ဒေါက်တာမြတ်စန္ဒာသန့်
● ခင်နှစ်သစ်ဦး
● ညီလင်းဆက်

တေးဂီတကဏ္ဍ

● နီနီခင်ဇော်
● ဖြူဖြူကျော်သိန်း
● ဓီရာမိုရ်
● စိုင်းစိုင်းခမ်းလှိုင်

ရုပ်ရှင်အနုပညာကဏ္ဍ

● နေတိုး
● ဝတ်မှုန်ရွှေရည်
● ပိုင်ဖြိုးသု
● ဒေါင်း

ဖက်ရှင်ဒီဇိုင်းကဏ္ဍ


● မေမြတ်ဝါဆို
● သွင်စုထွေး
● မင်းခန့်
● လဇိန်ဂမ်ထွဲ

အလှမယ်နှင့်မော်ဒယ်ကဏ္ဍ

● ဟန်တီ
● သက်သက်သင်း @ Beauty
● အောန်ဆိုင်း
● မေဘရဏီသော်

လူမှုဦးဆောင်ကဏ္ဍ

● လာဖာဒီး (Dee Dee Burmese Vlog)
● ဝင်းမင်းသန်း (Yangon in My Heart)
● ခင်မြတ်မြတ်နိုင် @ Chilli (My Khayee)
● မီရှဲလ် (ရန်ကုန်သူမီရှဲ)

ဆုပေးပွဲအတွက် အနိုင်ရရှိသူကို အများပြည်သူတို့၏မဲများ (SMS စာတိုမှတဆင့်ပေးသောမဲမှ ၄၀%၊ Facebook Chatbot မှတဆင့်ပေးသောမဲမှ ၄၀%) နှင့် အကဲဖြတ်ဒိုင်လူကြီးတို့၏ မဲ (၂၀%) ကို ပေါင်းစပ်ကာ အဆုံးအဖြတ်ပြုရွေးချယ်မည်ဖြစ်ပါတယ်။ အမှတ်ပေးစနစ်အပေါ် အခြေခံသည့်မဲရလဒ်များနှင့် အချက်အလက် များကို Deloitte က စုစည်းကာ စိစစ်သုံးသပ်၍ ဆုရရှိသူများကို ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်ပါတယ်။

ပြည်သူလူထုအနေဖြင့် မဲပေးလိုသူ၏ နံပါတ်စဉ်ကို 09 969696 888 သို့ SMS စာတိုပေးပို့၍ သော်လည်းကောင်း၊ fb.com/myanmarsprideawards မှတဆင့် messenger chatbot သို့ ဝင်ရောက်၍သော်လည်းကောင်း မဲပေးနိုင်မှာဖြစ်ပါတယ်။ ကဏ္ဍတစ်ခုစီတိုင်းအတွက် အဆိုပြုခံရသူ တစ်ဦးစီကို တစ်ရက်လျှင် တစ်ကြိမ်ကျ မဲပေးနိုင်မှာပါ။ ထို့အပြင် Myanmar’s Pride Awards မှ အများပြည်သူ၏ ဆန္ဒမဲတစ်ခုစီတိုင်းအတွက် မြန်မာငွေ ၁၀ ကျပ်ကို မြန်မာ့စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များကို အထောက်အပံ့ဖြစ်စေသော ဖန်တီးရာအဖွဲ့အစည်း၏ အစီအစဉ်သို့ ပေးလှုသွားမှာဖြစ်ပါတယ်။ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့အနေဖြင့် ဖန်တီးရာသို့ ကျပ် ၁၀ သန်း ပေးလှုရန် စီစဉ်ထားပါတယ်။

Myanmar’s Pride Awards ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့၏ ရည်ရွယ်ချက်မှာ ကဏ္ဍအသီးသီးတွင် အောင်မြင်ကျော်ကြား၊ ထင်ရှားသူများ၏ ကျွမ်းကျင်မှုကို အသုံးပြု၍ သက်ဆိုင်ရာကဏ္ဍများတွင် နိုင်ငံတကာက အသိအမှတ်ပြုလေးစားရသည်အထိ မြန်မာကို ကိုယ်စားပြုနိုင်သူများကို ရှာဖွေဖော်ထုတ် ဂုဏ်ပြုရန်ဖြစ်ပါတယ်။ ဤဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ကို Grand Royal Special Reserve မှ title sponsor အဖြစ် အဓိကကူညီပံ့ပိုးပေးထားပြီး Japan ရုပ်သံလိုင်းတစ်ခုဖြစ်သော NHK အပါအဝင် အခြားသောမိတ်ဖက်အဖွဲ့များ နှင့် လက်တွဲကာ Mango Advertising Co., Ltd. က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

Myanmar’s Pride Awards အကြောင်းနှင့် ဆန်ကာတင်စာရင်းဝင်များ၏အကြောင်းကို ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန် ဆုရွေးချယ်ပွဲ၏ တရားဝင်စာမျက်နှာဖြစ်သော https://myanmarsprideawards.com/ ကို ဝင်ရောက်ကြည့်ရှု နိုင်သကဲ့သို့ အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Myanmar’s Pride Awards ၏ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထားနိုင်ပါသည်။

Myanmar’s Pride Awards အကြောင်း

Myanmar’s Pride Awards (MPA) သည်နိုင်ငံတကာက အသိအမှတ်ပြုရသည်အထိ ထူးချွန်အောင်မြင်ပြီး မြန်မာကဂုဏ်ယူရသည့် မြန်မာပြည်ဖွားများကိုအသိအမှတ်ပြုချီးမြှောက်သည့် မြန်မာပြည်၏ဂုဏ်သရေကြီးမားပြီး လူအများကယုံကြည်စိတ်ချရသော ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ တစ်ခုအဖြစ် ရပ်တည်ရန်ရည်ရွယ်ပါတယ်။ MPA သည် အရည်အချင်းစစ်မှန်မှုကိုအခြေခံသော ပွင့်လင်းမြင်သာမှုရှိသည့် ရွေးချယ်မှု စံနှုန်းများကိုအသုံးပြု၍ အသိအမှတ်ပြုခံထိုက်သည့် ထူးချွန်ထက်မြက်သောသူများကို ဆုရွေးချယ်ပေးအပ်သည့်အဖွဲ့ဖြစ်ရန် ကြိုးစားလျက် ရှိပါတယ်။ ထူးချွန်အောင်မြင်သူများကို ဆုရွေးချယ်ပေးအပ်ခြင်းဖြင့် အနာဂတ်တွင် မြန်မာကို နိုင်ငံတကာက အသိအမှတ်ပြုအောင် စွမ်းဆောင်နိုင်မည့် လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ်နှင့် စိတ်အားထက်သန်မှုများကို မြှင့်တင်ပေးနိုင်သောဆုဖြစ်ရန် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဤဆုရွေးချယ်ပေးအပ်ရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် Pride of Myanmar အမည်ဖြင့်စတင်ခဲ့ပြီး ယခုနှစ်တွင် Myanmar’s Pride Awards အဖြစ် အမည်ပြောင်းလဲ ကျင်းပခြင်း ဖြစ်ပါတယ်။