နာမည်ကျော် Boxer သမားတစ်ယောက်ဖြစ်တဲ့ မန်နီပက်ကွီယိုအပါအဝင် ဘောလုံးသမားတွေလိုမျိုး အားကစားသမားအားလုံးဟာ ပြိုင်ပွဲမတိုင်ခင်မှာ လိင်မှုကိစ္စကို လုံးလုံးရှောင်ကြဉ်ကြတယ်လို့ တရားဝင် ပြောထားပါတယ်။ အကြောင်းကတော့ Sex ကြောင့် သူတို့ရဲ့ အားကစားစွမ်းဆောင်ရည် ထိခိုက်မှာ စိုးတာကြောင့် ဖြစ်ပါတယ်။ တကယ်က Workout လိုမျိုး ကြွက်သားအား ခပ်ကြမ်းကြမ်း တင်ကစားတဲ့ အားကစားတွေမှာတော့ Sex ထက် ပိုပြီး ကြောက်စရာကောင်းတဲ့ အကျင့်ဆိုးတွေ ရှိနေပါတယ်။

(၁) အိပ်ရေးပျက်ခြင်း

Photo: Medical News Today

ကောင်းကောင်း အိပ်စက်အနားယူမှု မလုပ်ထားဘဲနဲ့ Gym ကစားဖူးသူတွေဆို သိမှာပါ။ အိပ်ရေးမဝခြင်းဟာ ဦးနှောက်တင် မကြည်မလင်ဖြစ်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်မှာပါ အင်ဆူလင်တုန့်ပြန်မှု ကမောက်ကမ ဖြစ်တာ ၊ အဆီလောင်ကျွမ်းမှု မမျှမတဖြစ်တာနဲ့ နွမ်းနယ်လွယ်တဲ့ ပြဿနာတွေ ရှိပါတယ်။

(၂) အာဟာရ မပြည့်ဝခြင်း

Photo: Unsplash

အားကစားလုပ်တယ်ဆိုတာ စိတ်တင်စုစည်းထားရတာ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲကအားတွေပါ မောင်းနှင်မှုလုပ်ရတာ ဖြစ်ပါတယ်။ အားသုံးရတဲ့ အလုပ်ဖြစ်လို့ ကိုယ်တွင်းမှာ စွမ်းအင်အဖြစ် လောင်စာတွေ ထည့်ထားဖို့ လိုပါတယ်။

ယေဘုယျစည်းမျဉ်းအနေနဲ့ အသားဓါတ် ပရိုတိန်း ၊ ပြုပြင်မှု မလုပ်ထားတဲ့ အစားအစာတွေနဲ့ အသီးအရွက်တွေကို မျှမျှတတ စားသုံးပေးရမှာပါ။ ရေကို လုံလောက်အောင် သောက်သုံးပေးဖို့ လိုသလို အချိုနည်းတဲ့ သဘာဝဖျော်ရည်တွေကိုလည်း ပုံမှန်သောက်ပေးဖို့ မမေ့သင့်ပါဘူး။

(၃) စိတ်ဖိစီးမှု များခြင်း

Photo: Unsplash

သင့်တင့် မျှတတဲ့ ဖိအားဟာ လူကို ပိုတိုးတက်စေပါတယ်။ အသက်ရှင်ရုန်းကန်မှုမှာ ဖိအားရဲ့ ကဏ္ဍဟာ အတော်လေး အရေးပါပါတယ်။ လိုတာထက် ပိုပြီး စိတ်ဖိစီးမှု များလာပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။ ကုသပါ။ စိတ်နဲ့ မောင်းနှင်ရတဲ့ လူ့ဘဝမှာ စိတ်ဟာ အရေးကြီးဆုံး လေ့ကျင့်ရမယ့် လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ဓါတ်ကျမှု ၊ စိတ်ရှုပ်ထွေး နောက်ကျိ ပင်ပန်းမှု များလာပြီဆိုရင်Physical Workout လုပ်တာအပြင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ တရားထိုင်ခြင်းနဲ့ ယောဂကျင့်ခြင်းလိုမျိုး Spiritual Workout တွေပါ လုပ်သင့်ပါတယ်။

(၄) Workout လွန်လွန်ကျွံကျွံလုပ်ခြင်း

Photo: Pexels

Hardcore Fitness မှ ကစားတတ်သူတွေအတွက် Gym ကနေ ရက်နည်းနည်းလောက် ပျက်ကွက်ပြီဆိုရင် အတော်နေရခက်တတ်ကြပါတယ်။ တကယ်က အားကစားခပ်ကြမ်းကြမ်းလုပ်ထားပြီဆိုရင် တစ်ပတ်မှာ ၂ ရက် ၃ ရက် ကောင်းကောင်း အနားယူဖို့ကလည်း အရေးကြီးပါတယ်။

OverTraining ကစားလို့လည်း ကြွက်သားတွေ အများကြီး တက်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ အားကစားလုပ်နိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ကျဆင်းလာစေနိုင်ပါတယ်။