မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေများစွာရရှိစေပါတယ်။ရေကူးခြင်းကလည်း မနက်ခင်းမှာပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေထဲမှာစတစ်ခုအပါအဝင်ဖြစ်ပါတယ်။များသောအားဖြင့်လူတော်တော် များများ ရေကူးခြင်းကို ညနေပိုင်းအချိန်တွေမှာပဲပြုလုပ်တက်ကြတာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ လူသိနည်းတဲ့ မနက် စောစောရေကူးခြင်းရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေတယ်

Source : Shutterstock

ရေကူးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအပေါ် အကျိုးသက်ရောက် မှုရှိစေတဲ့ အားကစာနည်းတစ်မျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ ကူညီးပေးမှာဖြစ်ပြီး ကြွက်သားများသန်မာစေခြင်း ကယ်လိုရီလောင်ကျွမ်းစေခြင်း ခန္ဓာကိုယ်ကိုယ်နေဟန်ထားကိုမှန်ကန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေများစွာရရှိစေပါတယ်။ဒါ့အပြင်ရေကူးခြင်းက နှလုံးသွေးကြောဆိုင်ရာစနစ်များကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်ပိုမိုပျံ့နှံ့စေဖို့ကူညီပေးတာကြောင့် အဆုတ်နှင့်နှလုံးကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

(၂) ဝိတ်ကျဖို့ကူညီပေးတယ်

Source : Shutterstock

ကိုယ်အလေးချိန်ကျချင်သူတွေအများစုဟာ Gym ကစားခြင်းအလေးမခြင်း လက်ဝှေ့ကစားခြင်းစသည်ဖြင့် ပြင်းပြင်းထန်ထန်ပြုလုပ်ရတဲ့ ကစားနည်းတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။ရေကူးခြင်းဟာလည်း ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ တစ်နာရီခန့်ရေကူးခြင်းဟာ ၆ မိုင်ခန့်အပြေးလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ညီမျှပြီး ကယ်လိုရီများများလောင်ကျွမ်းစေပါတယ်။ဒါ့အပြင် အမောခံနိုင်စေပြီး သက်လုံလည်းကောင်းမွန်စေတာကြောင့် ဝိတ်ချချင်သူတွေအတွက်တော့ အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

(၃) ညောင်းညာကိုက်ခဲမှုတွေကိုပြေလျော့စေတယ်

Source : Shutterstock

ရေကူးခြင်းက ကြွက်သားများနာကျင်ကိုက်ခဲခြင်း ညောင်းညာခြင်းတွေကို သဘာဝအတိုင်းပြေလျော့စေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။မနက်ခင်းမှာရေကူးခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအကြောနဲ့ ကြွက်သားများနာကျင်ခြင်းဝေဒနာတွေကို သက်သာစေကာ တစ်နေ့တာလုံးကို ပေါ့ပါးလန်းဆန်းစွာဖြတ်သန်းနိုင်မှာပါ။ဒါကြောင့်အထိုင်များသူတွေ ကွန်ပြူတာ အသုံးပြုသူတွေစသည်ဖြင့် အကြောတက်ခြင်း ညောင်းညာခြင်းဝေဒနာတွေခံစားရတွေအတွက် ရေကူးခြင်းကအထူးသင့်တော်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။

(၄) တစ်နေ့တာလုံးလန်းဆန်းတက်ကြွစေတယ်

Source : Shutterstock

မနက်ခင်းကို ရေကူးခြင်းဖြင့်စတင်မယ်ဆိုရင် တစ်နေ့တာလုံးကိုစိတ်ခံစားမှု ကောင်းမွန်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ရေကူးခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ လန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။တစ်နေ့တာကြုံတွေ့ရမယ့် အခက်အခဲတွေ ပင်ပန်းနွမ်းနွယ်မှုတွေကိုလည်း အကောင်းဆုံးကျော်လွှားနိုင်ပြီး စိတ်ဖိစီးမှုကင်းဝေးကာ ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။ဒါကြောင့် မနက်ခင်းမှာ နာရီဝက်လောက်အချိန်ပေးပြီး ရေကူးခြင်းလေ့ကျင့်ခန်းကိုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။