တစ်ချို့အကြောင်းအရာတွေက သမိုင်းမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ကြတာရှိသလို တစ်ချို့သမိုင်းဝင်အဖြစ်အပျက်တွေက လူသိများထင်ရှားပေမဲ့ တကယ့်လက်တွေ့မှာတော့ အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။

တစ်ချို့အကြောင်းအရာတွေက ပါးစပ်ပြောရာဇဝင်သာ ရှိပေမဲ့လူအများကတော့ အမှန်တကယ်ဆိုပြီး ယုံကြည်ထားကြတာလည်းရှိပါတယ်။ ဒီနေ့ kwee page ကနေပြီးတော့ အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းမရှိတဲ့ နာမည်ကျော် သမိုင်းဝင် အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။

၁။ Trojan မြင်းရုပ်တုကြီး

Source: Britannica

Trojan မြင်းရုပ်တုကြီး အကြောင်းကတော့ ရုပ်ရှင်ကြည့်ပရိသတ်တွေ တော်တော်များများ သိကြမယ်ထင်ပါတယ်။ ဂရိစစ်သားတွေက Trojan လိုနာမည်ပေးထားတဲ့ မြင်းရုပ်ကြီးထဲ ဝင်ပြီး Troy မြို့ကိုဝင်ရောက် သိမ်းပိုက်ခဲ့ကြတယ်လို့ လူအများက ယုံကြည်ထားကြပါတယ်။

ရှေးဟောင်းသုတေသန ပညာရှင်တွေရဲ့အဆိုအရ တကယ်လက်တွေ့ဖြစ်ပျက်ခဲ့တာကတော့ Troy မြို့သားတွေဟာ ဒီသစ်သားနဲ့ ထုလုပ်ထားတဲ့ မြင်းရုပ်ကြီးကို မီးတင်ရှို့ပစ်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

၂။ ၁၈၇၁ ခုနှစ် နွားတစ်ကောင်ကြောင့် ချီကာဂိုမြို့မီးအကြီးအကျယ်လောင်ကျွမ်းခြင်း

Source: Irish Times

၁၈၇၁ ခုနှစ်မှာ ချီကာဂို မြို့မှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး ၁ သိန်းကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒဏ္ဍရီပုံပြင် တွေအရတော့ နွားတကောင်က မီးအိမ်ကို တိုက်မိရာကနေ စတင်လောကျွမ်းတယ်လို့ ပြောကြပါတယ်။ နွားပိုင်ရှင်ဖြစ်သူ Catherine O’Leary ကတော့ဒါကို လုံးဝငြင်းဆန်ခဲ့ပါတယ်။

Catherine O’Leary ဟာမီးစတင်လောင်ကျွမ်းတဲ့ ညတုံးက နွားနို့ညစ်နေခြင်းမရှိသလို အခန်းထဲမှာ အိပ်ပျော်နေခဲ့တယ်လို ဖြေရှင်းချက်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သတင်းသမားတွေက ဒီပုံပြင်ကို သူတို့ဖာသာ လုပ်ကြံပြီး ရေးခဲ့ကြတာလို့ ဝန်ခံခဲ့ကြပါတယ်။

၃။ ရဲရင့်တဲ့ စပါတန်စစ်သား ၃၀၀ ဟာ Thermopylae သူတို့ချည်းပဲ ခုခံကာကွယ်ခဲ့တယ်

Source; Bright Side

ဒဏ္ဍရီပုံပြင်တွေ ရုပ်ရှင်ဇာတ်ကားတွေအရ စပါတန်စစ်သား ၃၀၀ များပြားလှတဲ့ ပါရှဲန်းစစ်တပ်ရန်ကနေ Thermopylae ကို ၃ ရက်တိုင်တိုင် ကာကွယ်တိုက်ခိုက်ကာကွယ်ခဲ့တယ်လို သိထားကြပါတယ်။

တကယ့်လက်တွေ့မှာတော့ စပါတန်စစ်သား ၃၀၀ နဲ့အတူ စစ်ကူ ၄၀၀၀ ကျော်ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ ပါရှဲန်းစစ်တပ်နဲ့ နှိုင်းယှဉ်ရင် အင်အားခြင်းမမျှပေမဲ့ စပါတန်တွေဖက်က စစ်နိူင်ချေပိုများခဲ့ပါတယ်။

၄။ Isaac Newton ရဲ့ဉီးခေါင်းပေါ်ကို ပန်းသီးကြွေမကြခဲ့ပါဘူး

Source; Bright Side

နယူတန်ရဲ့ gravity (ဆွဲငင်အား) နိယာမဟာ ပန်းသီးပင်အောက်မှာ ထိုင်နေရင်းသူ့ခေါင်းပေါ်ပန်းသီးကြွေကျတာကနေ စတင်ခဲ့တယ်လို့ အများကသိထားကြပါတယ်။

ပန်းသီးကြွေကြတာကြောင့် gravity (ဆွဲငင်အား) နိယာမ ကိုသိခဲ့ရတာမှန်ပေမဲ့ သူ့ခေါင်းပေါ်ကိုတော့ မဟုတ်ပါဘူး။ နယူတန်ဟာ သူ့အမေအိမ်မှာ ပေါက်နေတဲ့ပန်းသီးပင်ကနေ အသီးတွေ ကြွေကြနေတာကို ကြည့်ရင်း ဖော်မြူလာကို သိခဲ့ရတာပါ။

၅။ အိုင်းစတိုင်းက သင်္ချာညံ့တယ်

Source; Bright Side

ပါးစပ်ရာဇဝင် အရ အိုင်းစတိုင်းဟာ Physics နဲ့ နိုဘယ်ဆုရခဲ့ပေမဲ့ သင်္ချာညံ့တယ် လို့လူအများက သိထားကြပါတယ်။

တကယ်တော့ ဒီလိုပါ။ အိုင်းစတိုင်းဟာ သင်္ချာမညံ့ပါဘူး။ မညံ့တဲ့အပြင် သူများထက်တောင်ပိုတော်ပါသေးတယ်။ ဒီကောလဟာလက စတင်ခဲ့တာကတော့ သူ ဆွန်ဇာလန်မှာ ကျောင်းတတ်တဲ့အချိန်မှာပါ။ အဲ့ဒီတုံးက သူဟာ သင်္ချာမှာ အဆင့် ၁ ရခဲ့ပါတယ်။ အဆင့် ၆ ဆင့်ရှိခဲ့တာဖြစ်ပြီး အဆင့် ၁ က အမြင့်ဆုံးပါ။

ဒါပေမဲ့နောက်ပိုင်းမှာ စနစ်တွေပြောင်းသွားခဲ့ပါတယ်။ အဆင့် ၆ ဆင့်မှာ နံပက် ၆ က အမြင့်ဆုံးဖြစ်ပြီး အရင် အမြင့်ဆုံးဖြစ်တဲ့ နံပက် ၁ က အနိမ့်ဆုံးဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် သင်္ချာဘာသာမှာ အဆင့် ၁ ရခဲ့တဲ့ အိုင်စတိုင်းကို လူအများက သင်္ချာညံ့တယ်လို့အထင်မှားခဲ့ကြတာပါ