“လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး” ဆိုတာ အမျိုးသမီးတွေ သုံးတဲ့ စကားပုံ ဆိုပေမယ့် အမျိုးသားတွေအတွက်လည်း အသုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ယောင်္ကျားတွေမှာလည်း ရုပ်အဆင်း တင့်တယ်ခန့်ညားခြင်းဟာ အရေးပါတဲ့ သွင်ပြင်လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသားတော်တော်များများဟာ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်အတွက် သိပ်ဂရုစိုက်လေ့ မရှိပါဘူး။ စားသုံးသူဈေးကွက် သုတေသနကုမ္ပဏီတစ်ခု ဖြစ်တဲ့ NDP Group ရဲ့ လေ့လာမှုတစ်ခုအရ အမျိုးသားထုရဲ့ ၄ ပုံ ၁ ပုံပဲ အလှကုန်ပစ္စည်း ပုံမှန်သုံးလေ့ ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေဟာ အသားအရည် ထိန်းသိမ်းတတ်မယ်ဆိုရင် အမျိုးသမီးတွေထက် အရွယ်ပိုတင်ပါတယ်။ အခုဆောင်းပါးမှာတော့ မျက်နှာအတွက် အမျိုးသားတိုင်းမှာ မဖြစ်မနေ ပိုင်ဆိုင်ထားသင့်တဲ့ အလှကုန်ပစ္စည်းတစ်ချို့အကြောင်းကို မျှဝေသွားမှာပါ။

(၁) Facial Cleanser

Photo: Freepik

သာမန် ဆပ်ပြာနဲ့ မျက်နှာသစ်သူတွေမှာတော့ မျက်နှာအရေပြား ထိခိုက်ခြောက်သွေ့အက်ကွဲနိုင်သလို အရေးအကြောင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ Facial Cleanser တွေဟာ မျက်နှာပေါ်က မွေးညင်းပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားနိုင်သလို အသားအရည် အစိုဓါတ်ထိန်းပေးပြီး နူးညံ့ပျော့ပျောင်းလာစေပါတယ်။

မျက်နှာသစ်ဆေး ဝယ်မယ်ဆိုရင် Glycolic Acid ပါတဲ့ Facial Cleanser ဝယ်သင့်ပါတယ်။ Glycolic Acid ဟာ ရေမှာ ပျော်ဝင်လွယ်ပြီး အပေါ်ယံ အရေပြားထဲက အရေးကြီးတဲ့ အဆီနဲ့ အာဟာရဓါတ်တွေ မပျက်စီးစေဘဲနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၂) Moisturizer

Photo: Freepik

မျက်နှာအစိုထိန်းတဲ့ Lotion တိုင်းက တူတာ မဟုတ်ပါဘူ။ တစ်ချို့ Moistruizer တွေမှာ အဆိပ်အတောက် ဖြစ်စေမယ့် ဓါတုပစ္စည်းတွေ ပါရှိပါတယ်။ အကောင်းဆုံးက ဓါတုပစ္စည်း ပါဝင်မှု နည်းပါးပြီး ဝက်ခြံမဖြစ်စေနိုင်တဲ့ Non-comedogenic ထုတ်ကုန်တွေ သုံးသင့်ပါတယ်။

မျက်နှာကို အန္တရာယ်ရှိတဲ့ နေရောင်ကနေ ကာကွယ်ဖို့အတွက်ဆိုရင်တော့ SPF 30 ပါတဲ့ Moisturizer မျိုးကို မနက်ပိုင်းမှာ သုံးသင့်သလို အပြင်ထွက်ချိန်မှာ နေကာမျက်မှန် သုံးဖို့လည်း အကြံပြုချင်ပါတယ်။

(၃) Facial Scrub

Photo: Freepik

တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်တော့ မျက်နှာချေးချွတ် Face Scrub လုပ်သင့်ပါတယ်။ Facial Scrub လုပ်ခြင်းဟာ မျက်နှာပေါ်က အညစ်အကြေးတွေကို သေသေချာချာ ရှင်းလင်းသန့်စင်ပေးရာရောက်သလို အသားအရေကိုလည်း ပိုမို နုပျိုစေပါတယ်။

(၄) Eye Cream

Photo: Freepik

အသက် ၃၀ ဝန်းကျင် အမျိုးသားတွေမှာ မျက်လုံးတစ်ဝိုက် အရေးအကြောင်းတွေ ထင်လာစ ပြုလာပါပြီ။ မျက်လုံးနားမှာ အရေးအကြောင်းတွေ အရင်ဆုံး စပြီး ထင်လာရတဲ့ အကြောင်းရင်းက အဲဒီနေရာတစ်ဝိုက်မှာ Collagen ထုတ်လုပ်မှုဟာ ပါးလွှာလို့ ဖြစ်ပါတယ်။

မျက်အိတ်ထွက်သူတွေနဲ့ မျက်ကွင်းညိုသူတွေအတွက် Eye Cream ပုံမှန် သုံးပေးဖို့ လိုပါတယ်။ အရည်အသွေးမြင့် anti-aging Eye Cream ကိုပုံမှန် သုံးပေးမယ်ဆိုရင် မျက်နှာအရေးအကြောင်းတွေ ရှင်းပြီး အသားအရေ တင်းရင်း နုပျိုနေမှာပါ။

(၅) Facial Mask

Photo: Dmarge

အမျိုးသားတွေ အသုံးနည်းတဲ့ Facial product တစ်ခုက Face Mask ပါပဲ။ Face Mask ဟာ အဆီပိုတွေ ဖယ်ရှားပေးပြီး အသားအရေ ခြောက်သွေ့မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ Mineral Clay Mask တွေ သုံးဖို့ အကြံပြုချင်ပါတယ်။

Facial Mask တွေကို တစ်ပတ်မှာ ၂ ကြိမ် သုံးနိုင်ပါတယ်။ ဒီအလှကုန် ၅ မျိုး ရှိထားရင် အမျိုးသားတွေရဲ့ Facial Care အတွက် လုံလောက်ပါတယ်။