ဒီနေ့ခေတ်မှာ နာရီပတ်တဲ့သူဟာ လူတန်းစား တစ်ရပ် ဖြစ်သွားပါပြီ။ စမတ်နာရီ မဟုတ်ဘဲ Luxury brand မျိုး ပတ်တဲ့သူတွေကတော့ လူကြီးလူကောင်းတွေ ၊ စီးပွားရေးသမားတွေနဲ့ အရာရှိကြီးတွေ များပါတယ်။
Luxury Brand ဖြစ်တဲ့အတိုင်း ဒီနာရီတွေရဲ့ ဈေးဟာ ဒေါ်လာသောင်းဂဏန်း သိန်းဂဏန်းအထိ တန်တာတွေ ရှိပါတယ်။ ကမ္ဘာကျော် နာရီတွေ ဈေးကြီးရတဲ့ အကြောင်းရင်းထဲမှာ သူတို့ရဲ့ နာမည်ဂုဏ်သတင်းအပြင် အဆင့်အတန်းမြင့်မားလှတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်မှုနည်းပညာတွေကြောင့်လည်း ပါဝင်ပါတယ်။
Luxury Brand တန်းဝင် နာရီတွေဟာ အချိန်ကို ဖော်ပြရုံတင်မဟုတ်ဘဲ ဝတ်ဆင်သူရဲ့ ဂုဏ်ကျက်သရေအတွက်လည်း အထောက်အပံ့ပေးပါတယ်။ ဒီလို ကမ္ဘာကျော် Luxury နာရီတွေထဲမှာမှ သိထားသင့်တဲ့ ထိပ်တန်း နာရီ ၅ မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) Audemars Piguet

Photo: thetrendspotter
၁၈၇၅ ခုနှစ်က ဂျူလီးစ် လူးဝစ်အော်ဒီမားစ်နဲ့ အက်ဒွက်ဩဂတ်စတီ ပီကွက်တို့ နှစ်ဦး တဉ်ထောင်ခဲ့တဲ့ နာရီလုပ်ငန်းပါ။ ဆွစ်ဇာလန်နာရီကုမ္ပဏီတစ်ခု ဖြစ်တဲ့ အော်ဒီမားစ် ပီကွက်ကနေ တစ်နှစ်ကို နာရီအလုံးရေ ၃ သောင်း ၆ ထောင် ထုတ်လုပ်ပါတယ်။ပထမဆုံး စတီးနဲ့ လုပ်ထားတဲ့ Luxury sports watch နာရီ Royal Oak ကို ၁၉၇၂ ခုနှစ်မှာ စတင် ဖန်တီးခဲ့တဲ့ စမတ်နာရီအမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ Royal Oak Offshore နာမည်နဲ့ စတိန်းလတ်စတီးသုံး နာရီကို မိတ်ဆက်ခဲ့ပါတယ်။
(၂) Vacheron Constantin

Photo: thetrendspotter
သက်တမ်းအရင်ဆုံး ဇိမ်ခံနာရီထုတ်လုပ်သူတွေထဲက တစ်ခု ဖြစ်တဲ့ Vacheron Constantin ကို ၁၇၅၅ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ယန်းမာ့စ် ဗာချီရွန်ဆိုသူက စတင် တည်ထောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၅၀ ကျော်ကြာ မြင့်ပြီ ဖြစ်တဲ့ ဒီနာရီအမှတ်တံဆိပ်ဟာ ဒီနေ့တိုင် ရှေ့ဆန်တဲ့ ပုံသဏ္ဌာန်ဖွဲ့စည်းမှုတွေနဲ့ တိကျသပ်ရပ်တဲ့ လက်ရာကြောင့် အများနဲ့ မတူ တမူထူးခြားပါတယ်။
Vacheron Constantin ထုတ် နာရီတွေကို ဝတ်ဆင်ခဲ့သူတွေထဲမှာ နာမည်ကျော် ပြင်သစ်စစ်ဘုရင် နပိုလီယံ ဘိုနာပတ်နဲ့ တစ်ခြား သမိုင်းဝင် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဟယ်ရီ တျူးမင်းနဲ့ ပုပ်ပီးယပ်စ်၉ တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
(၃) Patek Philippe

Photo: thetrendspotter
ဆွစ်နာရီအမှတ်တံဆိပ်တွေထဲမှာ နာမည်ကျော်တဲ့ Patek Philippe ကုမ္ပဏီကတော့ ၁၈၅၁ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။ ဒီနာရီတွေဟာ ရှုပ်ထွေးတဲ့ စက်မှုစနစ်နဲ့ သမရိုးကျ စတိုင်နဲ့ တွဲဖက်ထားပြီး တော်ဝဝင်မျိုးနွယ်တွေ ခေတ်အဆက်ဆက် ပတ်ခဲ့တဲ့ နာရီလို့ ဆိုပါတယ်။
(၄) Blancpain

Photo: thetrendspotter
Swatch Group ရဲ့ လက်အောက်ခံ နာရီကုမ္ပဏီတစ်ခု ဖြစ်တဲ့ Blancpain ဟာလည်း နာရီတစ်ခေတ်လို့ ဆိုရမယ့် ၁၇၃၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ Brand တစ်ခု ဖြစ်ပါတယ်။ ခေတ်မီထုတ်လုပ်မှုတွေ ၊ ဆန်းသစ်မှုတွေနဲ့ နာရီနည်းပညာကို ဖွံ့ဖြိုးအောင် လုပ်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပြီး အရွယ်အစားဆိုဒ်စုံ နာရီအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိပါတယ်။
(၅) Chopard

Photo: thetrendspotter
Chopard ကုမ္ပဏီကတော့ နာရီအပြင် ကျောက်မျက်ရတနာတွေနဲ့လည်း နာမည်ကျော်ပါတယ်။ ၁၈၆၀ မျာ လူးဝစ်ယူလီဆီးချိုပါးတ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာနဲ့ နာရီဒီဇိုင်းတွေ ထုတ်လုပ်လာတာပါ။နာရီဒီဇိုင်း ဆန်းသစ်မှုနဲ့ ဆန်းသစ် တီထွင်မှုရှိတဲ့ နည်းပညာသုံးစွဲမှုကြောင့် Chopard ဟာလည်း ကမ္ဘာအရပ်ရပ်က Luxury နာရီ အမှတ်တံဆိပ် စာရင်းမှာ ထင်ရှားပါတယ်။
