ကမ္ဘာ့ အန္တာရာယ်အရှိဆုံးခွေးများ
၆။ Alaskan Malamute

Source: The Happy Puppy site
များသေားအားဖြင့် ဒီခွေးအမျိုးအစားတွေကို ရေခဲပြင် စွပ်ဖာ ဆွဲဖို့အတွက် အသုံးပြုကြတယ်။ သူတို့ဟာ ပေါင် ၁၀၀ နီးပါးအထိ ကြီးထွားနိူင်ကြတယ်။ ရာသီဥတု ဆိုးရွားတဲ့ နေရာမှာတောင် အသက်ရှင်နေနိူင်ကြပါတယ်။ ဒီခွေးတွေဟာ ပင်ကိုသဘာဝ အမဲလိုက်တတ်တဲ့အကျင့်ရှိကြတယ်။ သူတို့ဟာ ဝက်ဝံတွေကိုတောင် သူသေကိုယ်သေ တိုက်ခိုက်ရဲတဲ့အထိ သတ္တိ ရှိကြတယ်။
၇။ Wolfdog

Source: Truth Theory
Wolfdog တွေဟာ ဝံပလွေနဲ့အိမ်ခွေးရောစပ်ပြီး သားဖောက်ထားတဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။ တောနေဝံပလွေ နဲ့ သားဖောက်ထားတာကြောင့် တစ်ခါတစ်ရံ အရိုင်းစိတ်ဝင်သွားတဲ့ အချိန်မျိုးတွေမှာ ထိန်းသိမ်းရ အရမ်းခတ်ပါတယ်။ တစ်ချို့နိူင်ငံတွေမှာ ဒီခွေးအမျိုးအစားတွေကို အိမ်မှာမွေးခွင့် ပိတ်ပင်ထားကြပါတယ်။
၈။ Bullmastiff

Source: Barking Royalty
Bullmastiff တွေကအားကောင်းတဲ့အခွေအမျိုးအစားတွေဖြစ်ပြီးတော့ အခြားခွေးတွေထက် ပိုပြီး သန်မာကြတယ်။ လုံခြုံရေးအတွက် အပြည့်အဝ စိတ်ချရပြီး သူစိမ်းတွေကို ရန်လိုတတ်ပါတယ်။ သေချာလေ့ကျင့်သင်ကြားပေးရင် ဒီခွေးတွေဟာ အရမ်းနာခံတတ်ပြီး မှီခိုအားထားရပါတယ်။
၉။ Husky

Source: The Spruce Pets
Husky တွေဟာ တောင်ဖက်ပိုင်းဒေသတွေက စွတ်ဖာ ဆွဲခွေးတွေကနေ ဆင်းသက်လာတာပါ။ လျင်မြန်ဖျတ်လတ်ပြီး သယ်ယူပို့ဆောင်ရေးမှာ အလွန်အသုံးဝင်ပါတယ်။ သူတို့ဟာ ဝံပလွေ အမျိုးအစားတွေနဲ့ တော်တော်ဆင်တူပါတယ်။ လူတွေကို သေစေနိူင်လောက်တဲ့အထိ တိုက်ခိုက်တတ်ပါတယ်။
၁၀။ Doberman Pinschers

Source: American Kennel Club
သူတို့ရဲ့ အနံခံစွမ်းရည်နံ လျင်မြန်မှုတို့ကြောင့်ကျော်ကြားပါတယ်။ ညဏ်ရည်မြှင့်မားပြီးတော့ လုံခြုံရေးအတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမဲ့ သူတို့တွေကို မွေးမယ်ဆိုရင်တော့ သေချာလေ့ကျင့်သင်ကြားပေးဖို့လိုအပ်ပါတယ်။ သူတို့တွေဟာ အရမ်းရန်လိုတတ်ပြီး ခွေးကြောင့်ဖြစ်တဲ့ မှုခင်းတွေတော်တော်များများဟာ သူတို့တွေကြောင့်ဖြစ်ပါတယ်။
