အလုပ်များလှတဲ့ စိတ်ရဲ့ စေစားမှုနောက် ငြိမ်းချမ်းငြိမ်သက်မှု ပျောက်နေကြပြီလား။ အခုပြောမယ့် နည်းလမ်းတွေက စိတ်နဲ့ကိုယ်ကို ငြိမ်းအေးဖို့ ကူညီပေးပါလိမ့်မယ်။

နည်းလမ်း (၁)

Photo: VeryWell Health

လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ အနားယူနည်းပါ။ သက်တောင့်သက်တာ အနေအထားနဲ့ ထိုင်ချင်ထိုင် လှဲနေချင်ရင်လည်း လှဲထားပါ။ အသက်ကို ဖြည်းဖြည်းချင်း နက်နက်ရှိုင်းရှိုင်း ရှုသွင်းပြီး မျက်လုံးမှိတ်ပြီး အသက်ပြန်ရှုထုတ်ရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ မျက်လုံးပြန်ဖွင့် အသက်ပြန်ရှု မျက်လုံးမှိတ် အသက်ရှုထုတ်ရမှာပါ။ ၁၀ ကြိမ် အသက်ရှု/ထုတ် လုပ်ပြီးရင် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်။

နည်းလမ်း (၂)

Photo: artofliving

ဒီတစ်ခုမှာတော့ လှုပ်ရှားမှု နည်းနည်း ပိုလာပါမယ်။ ပြင်ပက အသံတွေ မဝင်စေဖို့ နားကို ပိတ်ထားရမှာပါ။ အသက်ကို ရှုတဲ့ ပုံစံကတော့ ဖြည်းဖြည်းချင်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှုရှိုက်တာပါပဲ။
မျက်လုံးမှိတ်ပြီး နားနှစ်ဖက်ကို လက်နဲ့ အုပ်ထားပါ။ နားထဲမှာ ကြားရတဲ့ အသံကို အာရုံစိုက် အသက်ကို ဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှုပေးနေပါ။

နည်းလမ်း (၃)

Photo: ShutterStock

ဒီနည်းကတော့ ကိုယ့်ရဲ့ အသက်ရှုထုတ်သံကို အာရုံပြုတာပါ။ မျက်လုံးမှတ်ထားချိန်မှာ အပေါ်နည်းအတိုင်း နားတွေကို လက်နဲ့ အုပ်ထားရမှာ ဖြစ်ပါတယ်။ အသက်ရှုထုတ်ချိန်မှာ ထွက်လာတဲ့ အသံကို အာရုံပြုပြီး စိတ်စုစည်းရမှာပါ။အသက်ရှုသွင်းတာကတော့ ကိုယ်သက်သာသလိုသာ ရှုသွင်းပေးရမှာပါ။ အဓိကကတော့ စိတ်ဟာ ပြေလျော့ ငြိမ်သက်သွားအောင် ထားဖို့ပါပဲ။

နည်းလမ်း (၄)

Photo: Yoga International

မျက်စိနဲ့ နားတွေ ပိတ်ပြီး အသက်ရှုထုတ်တဲ့ နည်းပါ။ လက်နဲ့ပဲ မျက်လုံးနဲ့ နားတွေ ပိတ်ထားပေးရမှာပါ။ အသက်ရှုထုတ်ချိန်မှာ ရင်ထဲကနေ လာတဲ့ လေနဲ့ ဖူးခနဲ မှုတ်ထုတ်ရမှာပါ။ အသက်ရှုထုတ်မှုကို အာရုံပြုပြီး အသက်ပြန်ရှုချိန်မှာ ပါးစပ်နည်းနည်းဟပြီး သွားကြားကနေ လေကို ရှုသွင်းရမှာ ဖြစ်ပါတယ်။

နည်းလမ်း (၅)

Photo: Medical News Today

လူရဲ့ လှုပ်ရှားမှုကို သုံးပြီး ဖြေလျှော့တဲ့ နည်းပါ။ မတ်မတ် ထိုင်တာ ၊ ရပ်တာ တစ်ခုခု လုပ်ပေးရပါမယ်။ မျက်လုံးမိတ်ထားပြီး လက်သီးတွေကို ခါးဆစ်နောက်ကနေ တွန်းထားပါ။ ဖြည်းဖြည်းချင်း အသက်ရှုပြီး မျက်နှာကို ပြုံးယောင်ထားပါ။

ဗိုက်ထဲ လေပြည့်လာအောင် ရှုရမှာ ဖြစ်ပါတယ်။ အသက်ရှုထုတ်ချိန်မှာ လက်ကို ကျောမှာ ကပ်ထားရမှာ ဖြစ်ပါတယ်။ အသက်ရှုတာကိုတော့ သွားကြားကနေ ရှုပါ။ အသက်ရှုထုတ်တာကိုတော့ ပါးစပ် နားခေါင်း ကြိုက်ရာကနေ ရှုထုတ်နိုင်ပါတယ်။ စိတ်အေးချမ်းလာတယ်လို့ အာရုံယူထားပြီး တင်းနေတာတွေ လျှော့ချရမှာ ဖြစ်ပါတယ်။