အသက်အရွှယ်ကြီးရင့်လာတာနဲ့ အမျှ စိတ်ဖိစီးမှုတွေ ဖိအားတွေရဲ့ပင်ပန်းမှုဒဏ်တွေကြောင့် ကောင်းစွာအိပ်ပျော်တဲ့ညတွေရှားပါးလာပါတယ်။ခေတ်ရဲ့ပြောင်းလဲမှုတွေ နည်းပညာပစ္စည်းတွေရဲ့ လွှမ်းမိုးမှုတွေကလည်း လူတွေရဲ့အိပ်စက်ချိန်ကိုနည်းသထက်နည်းလာစေတာဖြစ်ပါတယ်။သင့်အနေနဲ့ ညဘက်တွေ မှာကောင်းစွာအိပ်မပျော်လို့ စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေရပြီဆိုရင်တော့ ကလေးတစ်ယောက်လို အပူအပင်ကင်းကင်း ခေါင်းချလိုက်တာနဲ့ အိပ်ပျော်စေမယ့် နည်းလမ်းတစ်ချို့ပြောပြချင်ပါတယ်။

(၁) Blue Light တွေပိတ်လိုက်ပါ

Source : Shutterstock

တီဗီ ကွန်ပြူတာနဲ့ ဖုန်းတွေက ထွက်ပေါ်လာတဲ့ အပြာရောင်အလင်းရောင်ခြည်တန်းတွေက ဦးနှောက်ကို တက်ကြွဖို့ လှုံ့ဆော်ပေးပြီး အိပ်ပျော်ရခက်စေပါတယ်။ဒါကြောင့် အိပ်စက်ချိန်နဲ့အနည်းဆုံး ၂နာရီခန့်ခွာပြီး Blue Light ထွက်တဲ့ပစ္စည်းတွေအသုံးပြုမှုကိုရပ်တန့်လိုက်ပါ။ ကွန်ပြူတာတွေ ဖုန်းတွေထက် စာအုပ်ဖတ်တာ ကပိုသင့်တော်ပါတယ်။

(၂) ညစာစားပြီးလမ်းအနည်းငယ်လျောက်ပါ

Source : Rover.com

ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက သင့်ကိုပိုပြီးကောင်းစွာအိပ်ပျော်ဖို့ကူညီပေးပါတယ်။သို့သော် Gym ကစားခြင်း​ ပြေးခြင်း Cardio ကစားခြင်းစသည်ဖြင့်ပြင်းပြင်း ထန်ထန်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကိုတော့ အိပ်ချိန်နဲ့ အနည်းဆုံး ၄ နာရီလောက်ခြားပြီးမှသာလုပ်ဆောင်သင့်တာပါ။ညစာစာပြီးတဲ့အချိန်မျိုးမှာတော့ အေးအေးလူ လူခြံထဲဆင်းပြီး လမ်းလျောက်တာမျိုးက စိတ်ရောကိုယ်ပါအပန်းပြေစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။

(၃) မှတ်စုရေးပါ

Source : Shutterstock

မအိပ်ခင် ကိုယ့်ရဲ့တစ်နေ့တာမှာ လုပ်ခဲ့တဲ့အရာတွေကို ဒိုင်ယာရီပုံစံမျိုး မှတ်စုရေးခြင်းက သင့်ကိုပိုပြီးစိတ်ခံစားမှုကောင်းစေမှာဖြစ်သလို ကောင်းစွာအိပ်ပျော်ဖို့ ကူညီပေးပါတယ်။မှတ်စုရေးခြင်းမှာမဟုတ်ပါဘူး ကိုယ်ဝါသနာပါတဲ့အတိုင်း ပန်းချီဆွဲမလား ကဗျာလေးတွေပဲရေးမလား စသည်ဖြင့် ကိုယ်ကျွမ်းကျင်တဲ့အရာတွေကိုလည်းပြုလုပ်နိုင်ပါတယ်။

(၄) တရားထိုင်ပါ

Source : Shutterstock

တရားထိုင်ခြင်းကလည်း စိတ်ရောကိုယ်ပါအေးချမ်းစေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ ကိုယ့်အနေနဲ့ တရားထိုင်အလေ့အကျင့်မရှိဘူးဆိုရင်လည်း အလွယ်ကူဆုံးနည်းလမ်းဖြစ်တဲ့ ဝင်သက်ထွက်သက်ကိုမှတ်တဲ့ အသက်ရှုခြင်းလေ့ကျင့်ခန်းပုံစံမျိုးနဲ့ စတင်လို့ရပါတယ်။ မအိပ်ခင် ၁၅ မိနစ်လောက် တရားထိုင်ခြင်းဖြင့် ကောင်းစွာအိပ်ပျော်စေမှာဖြစ်ပြီး မနက်ခင်းကိုအားအင်အပြည့်နဲ့နိုးထနိုင်မှာဖြစ်ပါတယ်။

(၅) ရေနွေးဖြင့်ရေချိုးပါ

Source : Shutterstock

အိပ်ယာမဝင်ခင် ရေခပ်နွေးနွေးဖြင့် ရေချိုးပေးခြင်းက ခန္ဓာကိုယ်အကြောအချဥ်တွေကိုပြေလျော့စေပြီး စိတ် ရောကိုယ်ပါ အပန်းပြေစေပါတယ်။အိပ်စက်ခြင်းအတွက်လည်းအထောက်အပံ့ဖြစ်စေကာ အချိန်ခဏလေးအတွင်း အိပ်ပျော်ဖို့ ကူညီပေးပါတယ်။ပိုကောင်းတာကတော့ ကဖိန်းဓာတ်မပါတဲ့ Green Tea လို့ လက်ဖက်ရည်ပူပူလေးတစ်ခွက်သောက်သုံးရင် ကောင်းစွာအိပ်ပျော်စေမှာပါဖြစ်ပါတယ်။

(၆) စိတ်ဖိစီးမှုတွေမေ့လိုက်ပါ

Source : Shutterstock

အိပ်ယာပေါ်ရောက်တာနဲ့ စိတ်ဖိစီးစေမယ့် အကြောင်းအ ရာတွေအလုပ်အကြောင်းတွေ အားလုံးကိုမေ့ထား တာကောင်းပါတယ်။အလုပ်နဲ့ ပတ်သတ်ပြီး email ဖတ်တာ လက်တော့တစ်လုံးနဲ့မပြီးသေးတဲ့အလုပ်တွေကိုဆက်လုပ်နေတာစတဲ့အရာတွေလဲရှောင်ကျဥ်သင့်ပါတယ်။သင့်ရဲ့အိပ်ယာကစိတ်ဖိစီးမှုကင်းမဲ့ဇုန်ဖြစ်နေမယ်ဆိုရင်သင့်ကိုကောင်းစွာအိပ်ပျော်စေမှာသေချာပါတယ်။