ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာကော်ဖီလေးသောက်တတ်ကြသလို နေ့ခင်းနေ့လယ်ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီးကော်ဖီကိုသောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင်ဖြစ်လာပါတယ်။ ဒီအခြေအနေက ကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။ ဒီနေ့ kwee က ကော်ဖီစွဲလမ်းမှုကို ဖျောက်လိုရမဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

ကော်ဖီကို ချက်ချင်းဖြတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ တဖြည်းဖြည်းချင်းလျှော့ချတာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါကြောင့် ပုံမှန်သောက်နေတာက ၄ ခွက်ဆိုရင် ၃ ခွက်လောက်ဖြစ်အောင်လျှော့ချလိုက်ပါ။ တဖြည်းဖြည်းချင်းလျှော့ချတာက ထိခိုက်မှုနည်းတဲ့ ကော်ဖီစွဲလမ်းခြင်းကိုဖြေရှင်းတဲ့နည်းလမ်းတစ်ခုပါ။

Source: Blog GoHouse

ကော်ဖီသောက်ချင်လာတဲ့အခါမျိုးမှာဖြစ်ဖြစ် အခြားကျန်တဲ့အချိန်တွေမှာဖြစ်ဖြစ် တစ်နေ့တာမှာ ရေပမာဏကို လုံလောက်အောင်သောက်ပေးပါ။ ရေလုံလောက်အောင် သောက်သုံးမှုကလည်း ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။

ကော်ဖီသောက်ချင်လာတဲ့အခါ ပရိုတင်းပါတဲ့ စားစရာတစ်ခုခုကို စားပေးပါ။ ဒီလိုပုံမှန်လုပ်ဆောင်ပေးမှုက ကော်ဖီသောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်။

Source: So Yummy

ကော်ဖီသောက်ချင်လာတဲ့အခါတိုင်း ရေနွေးကြမ်းလေးသောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကဖင်း စွဲလမ်းမှုကို တဖြည်းဖြည်းဖြေလျှော့ပေးဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ ကော်ဖီသောက်ချင်လာတဲ့အခါ ပီကေဝါးပေးပါ။ ခံတွင်းချဉ်တာကို သိသိသာသာလျော့ပါးစေမှာပါ။

Source: Harvard School of Public Health

ကော်ဖီသောက်ချင်တဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် အသုံးဝင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုက နေ့ခင်း ကော်ဖီသောက်ချင်လာတဲ့ အချိန်မှာ တစ်ရေးလောက်အိပ်လိုက်တာပါ။

ကော်ဖီစွဲလမ်းဖို့က အချိန်ယူခဲ့ရသလို ကော်ဖီဖြတ်ဖို့ကလည်း တစ်ရက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပဲသွားပေးပါ။