ဒီနေ့မှာတော့ ကနေဒါနိူင်ငံက ဘာလို့ အခြားနိုင်ငံတွေထက် ထူးခြားနေလဲဆိုတာ ပြောပြပေးသွားမှာပါ။
UFOs ယာဉ်ဆင်းသက်ဖို့အတွက် ကွင်းကို ပထမဆုံးတည်ဆောက်ခဲ့နိုင်ငံဟာ ကနေဒါနိုင်ငံပါ။

ကနေဒါနိုင်ငံသားတွေဟာ မေပယ် အရွှက်တွေကို အရမ်းကြိုက်ကြပါတယ်။ ဘယ်လောက်ထိကြိုက်လဲဆိုရင် မုန့်ကြွပ်တွေကို မေပယ်အရွှက်ပုံ လုပ်ထားကြတယ်။

ကမ္ဘာပေါ်မှာ ပိုလာ ဝတ်ဝံ တွေအတွက် ထောင်ဆိုတာ ကနေဒါမှာပဲရှိပါတယ်။ ဒီထောင်ထဲမှာတော့ မြို့ထဲဝင်လာတဲ့ ပိုလာဝတ်ဝံတွေကို ရက်ပေါင်း ၃၀ ခန့်ထိန်းသိမ်းထားလေ့ရှိပါတယ်။

ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ကားတွေရဲ့ နံပါတ်ပြားတွေဟာ ပိုလာဝတ်ဝံ ပုံစံတွေရှိကြတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ကန်တွေရဲ့ ၆၀% ဟာ ကနေဒါမှာရှိတာပါ။

ကမ္ဘာ့အသေးဆုံးထောင်ဟာ ကနေဒါမှာရှိပါတယ်။

ကနေဒါမှာ ဒေါ်လာ ၁ သန်းတန်တဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ အကြွေစေ့ကြီး ရှိတယ်။

ကနေဒါနိုင်ငံသားတွေဟာ တောင်းပန်တယ်ဆိုတဲ့ စကားကိုအရမ်းသုံးကြပါတယ်။ သူတို့ဆီမှာ Apology Act ဆိုပြီးတော့ တောင်းပန်ခြင်းနဲ့ ပက်သတ်တဲ့ ဥပဒေတွေတောင် ထုတ်ထားပါတယ်။

Santa Claus ဟာ ကနေဒါနိုင်ငံသားပါ

သူတို့တွေဟာ နို့ကို အိတ်တွေထဲထည့်ပြီးရောင်းကြတယ်။

ကနေဒါနိုင်ငံဟာ ဘွဲ့ရပညာတတ်တွေ အများဆုံးရှိတဲ့ နိုင်ငံပါ။

ကနေဒါမှာ ဒီလိုကိုယ်ပိုင် ရေခဲတ္တောတွေရှိကြတယ်။

ရထားဘူတာ ဂိတ်ပေါက် ပျက်နေတဲ့အတွက်ကြောင့် လက်မှတ်နဲ့ ပိုက်ဆံတွေကို ပုံထားခဲ့ကြတာပါ။ မပေးပဲ ဝင်သွားလို့ရပေမယ့် သူတို့နိုင်ငံက လူတွေက အင်မတန်ရိုးသားပြီး ဥပဒေကို လိုက်နာကြပါတယ်။

Source: Bright Side
