ပရိုတိန်းဖျော်ရည်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက်အင်မတန်မှအဟာရရှိစေပြီး ကိုယ်အလေးအချိန်အလျင်အမြန်ဆုံးတိုးစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ပရိုတိန်းဖျော်ရည်သောက်သုံးပြီး လေ့ကျင်ခန်းပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ကိုယ်အလေးချိန်တိုးစေမှာဖြစ်သလို ကြွက်သားအဖုအထစ်တွေထွက်လာဖို့လည်း တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သာမာန်သောက်နေကျ ပရိုတင်းပေါင်ဒါမှုန့်ကိုဖျော်ထားတဲ့ ပရိုတိန်းဖျော်ရည်မဟုတ်ဘဲ ပါဝင်ပစ္စည်းတွေနဲ့ ထပ်မံရောစပ်ပြီးဖျော်ထားတဲ့ အရသာလည်းရှိ ကိုယ်အလေးချိန်လည်းအမြန်ဆုံးတိုးစေမယ့် ပရိုတန်းဖျော်ရည်တွေအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

ပရိုတိန်းဖျော်ရည် (၁)

ပါဝင်ပစ္စည်းများ – နွားနို့ (၂၅၀) မီလီလီတာ ၊ ငှက်ပျောသီး (၂) လုံး ၊ ထောပတ်သီး (၁) လုံး ၊ မြေပဲထောပတ် (၄) ဇွန်း ၊ မိမိနှစ်သက်ရာ protein powder (၃၀) ဂရမ်။ အဆိုပါ ပရိုတိန်းဖျော်ရည်ဟာဆိုရင် ကယ်လိုရီ (၈၁၂) ၊ ပရိုတိန်းဓာတ် (၄၂.၁) ဂရမ်ပါဝင်ပါတယ်။

ပရိုတိန်းဖျော်ရည် (၂)

ပါဝင်ပစ္စည်းများ – နွားနို့ (၂၅၀) မီလီလီတာ ၊ ဟင်းနုနွယ်ရွှက် (၃၀) ဂရမ် ၊ ငှက်ပျောသီး (၂) လုံး ၊ သစ်ကြားသီး (၅၀) ဂရမ် ၊ ထောပတ်သီး (၁) လုံး ၊ မိမိနှစ်သက်ရာ protein powder (၃၀) ဂရမ်။ အဆိုပါ ပရိုတိန်းဖျော်ရည်ဟာဆိုရင် ကယ်လိုရီ (၈၆၄) ၊ ပရိုတိန်းဓာတ် (၃၆.၈) ဂရမ်ပါဝင်ပါတယ်။

ပရိုတိန်းဖျော်ရည် (၃)

ပါဝင်ပစ္စည်းများ – နွားနို့ (၂၅၀) မီလီလီတာ ၊ ငှက်ပျောသီး (၂) လုံး ၊ ဘလူးဘယ်ရီသီး (၅၀) ဂရမ် ၊ မြေပဲထောပတ် (၄) ဇွန်း ၊ oats (၃၀) ဂရမ် ၊ မိမိနှစ်သက်ရာ protein powder (၃၀) ဂရမ်။ အဆိုပါ ပရိုတိန်းဖျော်ရည်ဟာဆိုရင် ကယ်လိုရီ (၉၇၁) ၊ ပရိုတိန်းဓာတ် (၄၉.၇) ဂရမ်ပါဝင်ပါတယ်။

ပရိုတိန်းဖျော်ရည် (၄)

ပါဝင်ပစ္စည်းများ – အုန်းနို့ (သို့မဟုတ်) ဗာဒံစေ့နို့ (၂၅၀) မီလီလီတာ၊ ထောပတ်သီး (၂) လုံး ၊ ကိုကိုးမှုန့် (၁) ဇွန်း ၊ ဗနီလာအဆီ (၁) ဇွန်း ၊ ဆားအနည်းငယ် ၊ မြေပဲထောပတ် (၃) ဇွန်း ၊ ချောကလက် (၃၀) ဂရမ် ၊ ရေ (၁) ဖန်ခွက် ၊မိမိနှစ်သက်ရာ protein powder (၃၀) ဂရမ်။ အဆိုပါ ပရိုတိန်းဖျော်ရည်ဟာဆိုရင် ကယ်လိုရီ (၇၉၉) ၊ ပရိုတိန်းဓာတ် (၃၉.၄) ဂရမ်ပါဝင်ပါတယ်။

ပရိုတိန်းဖျော်ရည် (၅)

ပါဝင်ပစ္စည်းများ – အုန်းနို့ (သို့မဟုတ်) ဗာဒံစေ့နို့ (၄၀၀) မီလီလီတာ ၊ ငှက်ပျောသီး (၁) လုံး ၊ ရေ (၂၅၀) မီလီလီတာ ၊ သစ်ကြားသီး (၅၀) ဂရမ် ၊ မိမိနှစ်သက်ရာ protein powder (၃၀) ဂရမ်။ အဆိုပါ ပရိုတိန်းဖျော်ရည်ဟာဆိုရင် ကယ်လိုရီ (၁၂၀၇) ၊ ပရိုတိန်းဓာတ် (၄၁.၉) ဂရမ်ပါဝင်ပါတယ်။

အထက်ပါ ပရိုတိန်းဖျော်ရည်များအားလုံးအတွက် တစ်ခုစီအလိုက် ပါဝင်တဲ့ ပါဝင်ပစ္စည်းများအားလုံး blender ထဲတွင်ရောထည့်ပြီး ကြေညှက်သွားသည်အထိ ကြိတ်ပေးပါ။ပြီးရင်တော့ ဖန်ခွက် (သို့မဟုတ်) protein shaker ဘူးထဲသို့ထည့်ပြီး အသင့်သောက်သုံးနိုင်ပါပြီ။

Source : planthlete