ဖုန်းတစ်လုံးဟာ ဆက်သွယ်ရေးနည်းပညာ ထုတ်ကုန်တင်မဟုတ်ပါဘူး။ သင့်ရဲ့ အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် iPhone တွေအကြောင်း ပြောရင် သူ့ရဲ့ Brand ကို မေ့ထားလို့ မရပါဘူး။

လူတိုင်း iPhone ကိုင်ချင်ကြတာ ဖုန်းရဲ့ ပရီမီယံ features တွေနဲ့ သုံးရတဲ့ အတွေ့အကြုံကြောင့်တင် မဟုတ်ပါဘူး။ iPhone ဆိုတဲ့ brand ကြောင့်လည်း ပါပါတယ်။ တကယ်လို့ ဒီနှစ်ထဲမှာ iPhone ဝယ်မယ်လို့ စဉ်းစားထားရင် အခုပြောမယ့် မော်ဒယ် ၅ မျိုးကို First Option အဖြစ် ဦးစားပေး စဉ်းစားဖို့ ညွှန်းချင်ပါတယ်။

(၁) iPhone 11

Photo: digitaltrends

ဒေါ်လာ ၇၀၀ တန် iPhone ဖြစ်ပြီး ၂၀၁၉ ထုတ် latest iPhone တွေထဲမှာ ဈေးအနည်းဆုံးမော်ဒယ် ဖြစ်ပါတယ်။ dual camers setup ၊ လတ်ဆတ် သစ်လွင်တဲ့ ဒီဇိုင်းနဲ့ Speedy ဖြစ်မယ့် A13 Bionic processor တွေ ပါတဲ့ ဖုန်းပါ။ ဈေးအနည်းဆုံးနဲ့ နောက်ဆုံးပေါ် အကောင်းစား iPhone ကိုင်ချင်တယ်ဆိုရင် iPhone 11 ကို အရင်ဆုံး ရွေးသင့်ပါတယ်။

(၂) iPhone 11 Pro

Photo: Private Internet Access

၉၉၉ ဒေါ်လာဆိုတာ မြန်မာငွေ ၁၅ သိန်းနား ကပ်နေပါပြီ။ ဈေးမြောက်တယ်ဆိုပေမယ့် iPhone တစ်လုံးရဲ့ အကောင်းဆုံး သုံးလုံးတွဲကင်မရာနဲ့ value တစ်ခု ခံစားချင်တယ် ၊ နောက် ၄-၅ နှစ်အထိ စွဲစွဲမြဲမြဲ သုံးချင်တယ်ဆိုရင် iPhone 11 Pro ကို ရွေးဖို့ အကြံပြုချင်ပါတယ်။

(၃) iPhone 11 Pro Max

Photo: Computerworld

အကောင်းဆုံး iPhone တစ်လုံးမှာ သက်တမ်းအခံဆုံးဘက်ထရီနဲ့ ဧရာမ screen အကြီးစား ကိုင်ချင်တယ်ဆိုရင် iPhone 11 Pro Max က ဦးစားပေး ဖြစ်သင့်ပါတယ်။ အံ့ဩဖို့ ကောင်းတဲ့ iPhone တစ်လုံးဆိုပေမယ့် ၁၀၉၉ ဒေါ်လာဈေးက အနိမ့်ဆုံးဈေးနဲ့ စတင်လာတာ ဖြစ်လို့ တကယ်ငွေလျှံမှပဲ ဝယ်သင့်တယ်လို့လည်း အကြံပေးချင်ပါတယ်။

(၄) iPhone XR

Photo: Popular Science

အခုပြောခဲ့တဲ့ နောက်ဆုံးပေါ် iPhone တွေထဲမှာ ဈေးအနည်းဆုံး option ပါ။ ဒေါ်လာ ၆၀၀ လောက်နဲ့ ခပ်မိုက်မိုက် iPhone တစ်လုံး ဝယ်ကိုင်ချင်တယ်ဆိုရင် iPhone XR က ရွေးစရာပါ။ ဈေးအားဖြင့်လည်း iPhone 8/8 Plus တို့နဲ့ သိပ်မကွာဘူးဆိုပေမယ့် iPhone XR မှာ သူ့အရင် မော်ဒယ်တွေမှာ မသုံးခဲ့တဲ့ Face ID နည်းပညာနဲ့ ပိုကောင်းတဲ့processor သုံးလာတာက ရွေးချယ်ရာမှာ အရင် ဦးစားပေးသင့်တဲ့ အကြောင်းလည်း ဖြစ်ပါတယ်။

(၅) iPhone XS

Photo: UHD Wallpapers

iPhone XR က ဈေးသက်သာပါတယ်။ iPhone XS ကတော့ ပိုပြီး premier ကျတဲ့ Apple Product ပါ။ ကင်မရာအားဖြင့်ရော ၊ အရွယ်အစားအားဖြင့်ပါ ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။ တကယ်လို့ iPhone ဝယ်မယ်ဆိုရင် iPhone 7 နဲ့ အဲ့ဒီအရင်က မော်ဒယ်တွေ မဝယ်ဖို့ အကြံပေးချင်ပါတယ်။ စမတ်ဖုန်းတစ်လုံးဝယ်တယ်ဆိုတာ ရင်းနှီးမြှပ်နှံမှုတစ်ခုပါပဲ။ ဆော့ဖ်ဝဲလ် update နဲ့ နောက်ထပ် services သစ်တွေရတဲ့ ဖုန်းပဲ ဝယ်သင့်ပါတယ်။ ဒီတော့ အကောင်းဆုံး ဘက်ဂျက်ဖုန်းဝယ်မလား ၊ အမိုက်ဆုံး နောက်ဆုံးပေါ် ပရီမီယံဖုန်း ဝယ်မလားဆိုတာ ကိုယ့်ဘာသာ ချိန်ဆသင့်ပါတယ်။