ရုရှားနိုင်ငံက မုတ်ဆိတ်မွှေးခွန်၊ အင်္ဂလန်နိုင်ငံက ပြတင်းပေါက်ခွန်၊ ပြင်သစ်နိုင်ငံက ဆားခွန် စသဖြင့်ကောက်ကြသတဲ့။ အခြားနိုင်ငံတွေမှာ ဒီလိုထူးဆန်းတဲ့ အခွန်အခတွေ ကောက်ကြပါတယ်။

ဒီနေ့တော့ ဘယ်နိုင်ငံတွေက ဘယ်လို ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ အခွန်အခတွေ ကောက်နေကြလဲဆိုတာ kwee ကပြောပြပေးသွားမှာပါ။

ပတ်တီးခွန် (သြစတြီးယား)

Source: Herbeat

သြစတြီးယား နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက နှင်းလျှောစီး သူတွေကြားမှာ ကျော်ကြားတဲ့နိုင်ငံတစ်နိုင်ငံပါ။ အခုမှ စပြီးစီးတဲ့သူတွေ၊ ပရို တွေကအစ သြစတြီးယား လာရောက်လည်ပတ်ကြပါတယ်။ မကျွမ်းကျင်တဲ့သူတွေ တော်တော်များများဟာ ဒဏ်ရာတွေရပြီး ဆေးရုံးတင်ကြရတာ များပါတယ်။

ဒါကြောင့် အစိုးရက ကျန်းမားရေ ဝန်ဆောင်မှုအတွက် အထူးအခွန်ကို ကောက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဒီပတ်တီးခွန်ကိုတော့ မိမိတည်းတဲ့ ဟိုတယ်တွေကနေ တိုက်ရိုက်ပေးဆောင်လို့ရပါတယ်။

တူ ခွန် (တရုတ်)

Source: Asian Recipes

တရုတ်နိုင်ငံဟာ တစ်ခါသုံး တူ အစုံပေါင်း ၄၅ ဘီယံလောက် နှစ်စဉ်ထုတ်လုပ်သုံးစွဲလျက်ရှိပါတယ်။ အဲ့ထက်လည်း ပိုနိုင်ပါတယ်။ ဒီလို တူပေါင်းများစွာထုတ်လုပ်နိုင်ဖို့အတွက် လူတွေက သစ်ပင်ပေါင်း ၂၅ သန်းလောက်ကို ခုတ်လှဲနေရတာပါ။ ဒါကြောင့်လည်း တရုတ်နိုင်ငံမှာ သစ်တောပြုန်းတီးမှုများနေရတာပါ။

၂၀၀၆ ခုနှစ်မှာတော့ အစိုးရကနေ သစ်တောပြုန်းတီးမှုကို ကာကွယ်မှုလုပ်တဲ့အနေနဲ့ တစ်ခါသုံး တူတွေအပေါ် အခွန် ၅% စတင်ကောက်ခံခဲ့ပါတယ်။

“ဝ” တဲ့အပေါ် မှာကောက်တဲ့အခွန် (ဂျပန်)

Source: Yahoo News Singapore

ဂျပန်နိုင်ငံမှာ “Metabo Law” ဆိုပြီး နာမည်ကြီးတဲ့ ဥပဒေတစ်ခုရှိပါတယ်။ အသက် ၄၀ နဲ့ ၇၅ ကြားမှာရှိတဲ့ အမျိုးသား အမျိုးသမီးတိုင်း ခါးဆိုဒ်တိုင်းရပါတယ်။ သူတို့ရဲ့ခါးဆိုဒ်က သက်မှတ်ထားတဲ့ပမာဏ (အမျိုးသား – ၈၅ စီတီမီတာ၊ အမျိုးသမီး – ၉၀ စီတီမီတာ) ထက်ကျော်ရင် ဒဏ်ရိုက်ခံရပါတယ်။

ဒီဥပဒေကတော့ ဂျပန်နိုင်ငံသားတွေကို အဝလွန်ခြင်းကနေကာကွယ်ဖို့ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။