ဖက်ရှင်ရေစီးမှာ ခေတ်နဲ့ အညီ လိုက်ပါ စီးမျောနိုင်ဖို့ဆိုရင် လူမှုကွန်ရက်တွေပေါ်က ဖက်ရှင်ဒီဇိုင်နာတွေရဲ့ Trends ကို မျက်ခြေမပြတ်ဖို့ လိုပါတယ်။ အရင်ခေတ်ကတော့ ဖက်ရှင်ပုံစံကောင်းတစ်ခု သိရဖို့ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေပေါ်က မင်းသားမင်းသမီး အဆိုတော်တွေရဲ့ ပုံတွေကို ကြည့်ရပေမယ့် ဒီနေ့ချိန်မှာ ရွေးစရာလမ်းတွေ အများကြီး ရှိလာပါပြီ။ ဓါတ်ပုံတွေ မျှဝေတဲ့ Instagram သုံးတယ်ဆိုရင် အမျိုးသား ဖက်ရှင်နဲ့ Style ကောင်းတွေ သိရဖို့ ဒီအကောင့်တွေကို Follow လုပ်ထားဖို့ လိုပါတယ်။
(၁) Broderick Hunter

Photo: Socialite Life
ကယ်လီဖိုးနီးယားက မော်ဒယ်နဲ့ သရုပ်ဆောင်ပါ။ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ Ralph Lauren နဲ့ Tommy Hilfiger တွေနဲ့ လက်တွဲပြီး အလုပ်လုပ်ပါတယ်။ Harper’s Bazaar ရဲ့ Instagram ပေါ်က ဆက်ဆီအကျဆုံး အမျိုးသားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
(၂ ) Eric Rutherford

Photo: Men’s Fashion Post
သူကတော့ အသက်သိပ်မငယ်တော့တဲ့ ဘိုးတော်အရွယ်ဆိုပေမယ့်လည်း တကယ့် အလန်းစား ဖက်ရှင်နဲ့ ဆံပင်ဒီဇိုင်းဘက်မှာ ကျွမ်းကျင်သူပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက မော်ဒယ်အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဝါရင့်သမ္ဘာရင့်တစ်ဦး ဖြစ်သလို အမျိုးသားဝတ် Brands တွေ ဖြစ်တဲ့ ISAIA နဲ့ Todd Snyder တို့နဲ့လည်း အလုပ်လုပ်နေသူ ဖြစ်ပါတယ်။
(၃) Tristan Cameron Harper

Photo: The Sunday Post
ပရော်ဖက်ရှင်နယ် ရေခဲပြင် ဟော်ကီသမားဘဝက အနားယူထားပြီး သူ့စွန့်စားခန်းတွေအကြောင်း ရေးရင်းနဲ့ ကမ္ဘာပတ်နေတဲ့သူပါ။ စတိုင်မိလို့ နာမည်ကြီးတဲ့ ဘဲဖြစ်ပြီး ဖက်ရှင်အမြင်နဲ့ ပတ်သက်ပြီး သူ့ဆီက အတုယူစရာတွေ အများရှိ ရပါလိမ့်မယ်။
(၄) Josh Peskowitz

Photo: Inside Hook
အမျိုးသား ဖက်ရှင်မှာ ဆရာတင်ရမယ့်သူ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း LA က အမျိုးသားဝတ် Magasin ဆိုတဲ့ ဖက်ရှင်ဆိုင် ပိုင်သလို Moda Operandi Man ရဲ့ ဖက်ရှင်ဒါရိုက်တာလည်း လုပ်ပါတယ်။ အဝတ်အစားနဲ့ စတိုင်ကျအောင် နေနည်းထိုင်နည်း အတွက်ပါ အားကိုးလို့ ရပါလိမ့်မယ်။
(၅) Nick Wooster

Photo: kanyetothe
#Menswear ကို follow လုပ်တဲ့သူတိုင်း သူ့ကို သိမှာပါ။Street စတိုင်နဲ့ လူကြိုက်များတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး နာမည်ကြီးဖက်ရှင် လုပ်ငန်းတွေ ဖြစ်တဲ့ Calvin Klein ၊ Polo Ralph Lauren နဲ့ Thom Browne တို့မှာ အတိုင်ပင်ခံအဖြစ် လုပ်သလို Greats ဆိုတဲ့ ရှုးစ်ဖိနပ် တံဆိပ်နဲ့လည်း လက်တွဲလုပ်နေသူ ဖြစ်ပါတယ်။
