လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူညီတဲ့ အကျင့်စရိုက် အားနည်းချက် အားသာချက်လေးတွေတော့ရှိတက်ကြပါတယ်။အရာရာပြီးပြည့်စုံနေတဲ့လူမျိုးလို ချင်နေလို့တော့မရနိုင်ပါဘူး။ကွီးတို့အနေနဲ့ လက်တွဲ အဖြစ်မိန်ကလေးတစ်ယောက်ကိုရွေးချယ်ဖို့ စဉ်းစားတော့မယ်ဆိုရင် ယေဘုယျအားဖြင့်အခုပြောပြတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့သူကိုတော့ ဦးစားပေးစဉ်းစားသင့်ပါတယ်။
(၁) ရိုးသားမှုရှိသူ
Source : Shutterstock
ရိုးသားမှုကဘယ်အရာတွေနဲ့ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ ယနေ့ခေတ်မှာ လူတော်တော်များများက ဂုဏ်တွေငွေတွေ ပကာသနာတွေကိုဦးစားပေးလာပြီး အတုယောင်အလိမ်အညာတွေနဲ့ ပြည့်နှက်လို့နေလာကြပါတယ်။ဒါကြောင့် ရိုးသားပြီး ကိုယ့်အပေါ်မှာလိမ်ညာမှု အတုယောင်တွေကင်းကင်းနဲ့ ဆက်ဆံနိုင်တဲ့ မိန်းကလေးမျိုးကိုဘယ်တော့မှ လက်မလွတ်သင့်ပါဘူး။
(၂) အပြစ်မတင်တက်သူ
Source : Shutterstock
လူတိုင်းလူတိုင်းဘဝမှာ မှားယွင်းမှုတွေ လိုအပ်ချက်တွေဆိုတာတော့ရှိကြစမြဲပါ။ အများစုကတော့ အမှားတွေလုပ်မိတိုင်းအပြစ်တင်ရှုံ့ချဖို့ကိုပဲ စိတ်အားထက်သန်ကြတာပါ။ဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့မှားယွင်းမှုတွေ လိုအပ်ချက်တွေကို အပြစ်မမြင်ဘဲ နားလည်ပေးပြီး နောက်ထပ်အမှားတွေထပ်မံမပြုလုပ်မိဖို့ လမ်းညွှန်ပေးနိုင်တဲ့ မိန်းကလေးဟာ လုံးဝလက်မလွတ်သင့်တဲ့အထဲမှာပါပါတယ်။
(၃) ဉာဏ်ရည်ထက်မြက်သူ
Source : Shutterstock
အောင်မြင်တဲ့အမျိုးသားတိုင်းရဲ့နောက်ကွယ်မှာ ဉာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးရှိနေတက်ပါတယ်။ထက်မြက်တဲ့မိန်းကလေးတစ်ဦး ကိုယ့်အနားရှိခြင်းက ကံကောင်းခြင်းတစ်ခုလိုဆိုနိုင်ပါတယ်။သူတို့တွေက သင့်ရဲ့ဆုံးဖြတ်ချက် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုမြှင့်တင်ပေးပြီး ပြဿနာတွေနဲ့ ကြုံလာတဲ့အခါတိုင်းလည်း အကောင်းဆုံးဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေပေးနိုင်မှာဖြစ်ပါတယ်။သာမာန်လူတွေလို အရေးမပါတဲ့ အရာတွေအတွက် အချိန်ကုန်နေရမှာ မဟုတ်ပါဘူး။
(၄) ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
Source : Shutterstock
ပေါင်းသင်းဆက်ဆံရေးမှာ လိမ္မာကျွမ်းကျင်တဲ့ မိန်ကလေးတွေဟာလည်း လက်မလွတ်သင့်တဲ့ စရင်းထဲမှာပါပါတယ်။ Relatonship တစ်ခုဖြစ်လာရင် ကိုယ်ဘက်သူ့ဘက် ပြောဆိုဆက်ဆံရမယ့် လူတွေအများကြီးရှိလာမှာပါ။ဒီလိုအခြေအနေတွေကြုံလာတိုင်း ကိုယ့်ရဲ့လက်တွဲဖော်က လူတွေနဲ့ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်တယ်ဆိုရင်တော့ ကိုယ့်အတွက်လည်း ဂုဏ်တက်စေမှာဖြစ်သလို လူတွေရဲ့လေးစားအားကျမှုကိုလည်းရရှိစေမှာဖြစ်ပါတယ်။
(၅) သစ္စာတရားကိုလက်ကိုင်ထားသူ
Source : Shutterstock
မကြာခဏစနိုက်ကြော်တယ် ခြံခုန်တယ်ဆိုတဲ့ သတင်းတွေကြားနေရတဲ့ ယနေ့ခေတ်ကြီးထဲမှာ သစ္စာရှိတဲ့သူတွေအရမ်းကိုရှားသွားပါပြီ။အဘက်ဘက်မှာကောင်းနေပေမယ့် သစ္စာမရှိရင်လည်းအလကားပါပဲ။ဒါကြောင့် သစ္စာတရားကိုလက်ကိုင်ထားပြီး ကိုယ်အပေါ်တန်ဖိုးထားချစ်တက်တဲ့ မိန်းကလေးဆိုရင်တော့ ဘယ်တော့ လက်မလွတ်ဖို့ အကြံပြုချင်ပါတယ်။