ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကို ဆိုးရွှားစွာ ထိခိုက်စေနိုင်သည် ဆိုတာဆေးလိပ်သောက်သူတိုင်းသိပါတယ်။သို့သော်လည်း ဆေးလိပ်သောက်သူတော်တော်များများအတွက်အကြီးအမားဆုံး စိန်ခေါ်မှုက ဆေးလိပ်ဖြတ်ဖို့ပါပဲ။ဒီနေ့မှာတော့ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲနေသူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ဆောင်းပါးလေးကိုမျှဝေပေးချင်ပါတယ်။ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်ဘဝမှာဘယ်အရာတွေတိုးတက်ပြောင်းလဲလာမလဲဆိုတာ သိချင်ရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။
(၁) ကျန်းမာရေးပိုကောင်းလာစေတယ်

Source : Inner Strength
သိပ္ပံနည်းကျလေ့လာဆန်းစစ်ချက်တွေအရ ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်နဲ့ ခန္ဓာကိုယ်ကိုယ်တွင်း အင်္ဂါတွေ ကြွက်သားတွေကိုပျက်စီးစေရုံသာမက စိတ်ပိုင်းဆိုင်ရာတက်ကြွရွှင်လန်းမှုတွေကိုလည်း လျော့ကျလာစေပါတယ်။ဒါပေမယ့်စိတ်မပူပါနဲ့။သင်သာအမှန်တကယ်ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရုပ် ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါတိုးတက်ပြောင်းလဲလာပြီး ပိုမိုကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၂) ယုံကြည်မှုတိုးလာစေတယ်

Source : The Jakarta Post
ဆေးလိပ်သောက်ခြင်းဟာ လူနေမှုဘဝနဲ့ အများကြီးဆက်စပ်နေပြီး အဓိကဆိုးကျိုးအနေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းလာစေမှာဖြစ်ပါတယ်။ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် သွားတွေဝါညစ်လာခြင်း ခန္ဓာကိုယ်မှဆေးလိပ်ချိုးနံကဲ့သို့ အနံ့သက်ဆိုးတွေထွက်ခြင်းစတဲ့အချက်တွေကြောင့် လူအများနဲ့ ထိတွေ့ဆက်ဆံရာမှာအနှောက်ယှက်ဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာတော့ တစ်ကိုယ်သန့်ရှင်းမှုနဲ့ အနံ့အသက်ဆိုးတွေပပျောက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု Level တိုးတက်လာမှာသေချာပါတယ်။
(၃) အာရုံစူးစိုက်မှုကောင်းစေတယ်

Source : Spinal stenosis
ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်သုံးသူတွေအနေနဲ့ ဦးနှောက်ရဲ့ မှတ်ဥာဏ်စွမ်းရည်ကိုလျော့ကျစေပါတယ်။ နီကိုတင်းဓာတ်ကတက်ကြွလန်းဆန်းစေပြီး စွမ်းဆောင်ရည်မြင့်မားစေတယ်လို့ ထင်ရပေမယ့် နီကိုတင်းဓာတ်ပြတ်တောက်သွားချိန်မှာတော့ အရာအားလုံးအရုပ်ကြိုးပြတ်သကဲ့သို့ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို နှစ်ဆထိုးကျသွားစေမှာဖြစ်ပါတယ်။ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ သင်ရဲ့ဦးနှောက်နဲ့ မှတ်ဥာဏ်စွမ်းရည်တိုးတက်လာစေပြီး အာရုံစူးစိုက်မှုပိုကောင်းလာစေမှာဖြစ်ပါတယ်။ထိုအခါဘဝအတွက်ချမှတ်ထားတဲ့ရည်ရွှယ်ချက်တွေကို အာရုံစူးစိုက်မှုအပြည့်နဲ့စွမ်းဆောင်ဖို့ အခွင့်အရေးပိုရလာစေမှာဖြစ်ပါတယ်။
(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : Psych Centra
လေ့လာတွေ့ရှိချက်တွေအရ ဆေးလိပ်ပုံမှန်သောက်သုံးသူတွေဟာ သာမာန်လူတွေထက်ကိုပိုပြီး စိတ်ဖိစီးမှုများကြပါတယ်။ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးမှု စိုးရိပ်ပူပန်မှုတို့နဲ့ ဆက်စပ်နေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်တာကြောင့် သာမာန်ထက်ကိုပိုပြီး စိတ်ဖိစီးမှုဝေဒနာတွေကိုခံစားကြရမှာဖြစ်ပါတယ်။အကြောင်း ပြချက်မရှိ စိတ်ဖိစီးမှုဖြစ်စေခြင်း ဒေါသထွက်ခြင်းစတဲ့အချက်တွေဟာသင့်ရဲ့နေ့စဥ်ဘဝအတွက် ထိခိုက်နစ်နာမှုတွေအများကြီးကြုံတွေ့ရစေမှာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၃ ပတ်မြောက်မှာတော့ ပုံမှန်ထက် စိတ်ဖိစီးမှုပမာဏလျော့သွားမှာဖြစ်သလို ပိုမိုပျော်ရွှင် တဲ့အလုပ်ခွင်နဲ့လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မာဖြစ်ပါတယ်။
