အသက်ငယ်ရွယ်စဥ်အချိန်တွေဟာ ဘဝမှာပြန်မရနိုင်တော့တဲ့ အရာတွေပါ။ငယ်ရွယ်စဥ်စိတ်သွားတိုင်းကိုယ် ပါတုန်းအချိန်မှာ အခုပြောပြမယ့်အရာတွေ မလုပ်ခဲ့မိဘူးဆိုရင် တစ်ချိန်အသက်ကြီးတဲ့အခါ နောင်တရနေမိ မှာသေချာပါတယ်။
(၁) ခရီးများများသွားပါ

Source : Personare
လူငယ်ဘဝမှာ ခရီးများများသွားခြင်းက မဖြစ်မနေပြုလုပ်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။မရောက်ဖူးသေးတဲ့နေရာဒေသတွေ အစားအစာအသစ်အဆန်းတွေ လူအသစ်တွေနဲ့ တွေ့ဆုံပြီး အတွေ့အကြုံအသစ်တွေရှာဖွေသင့်ပါတယ်။အသက်ကြီးတဲ့အခါမှာတော့ ကျန်းမာရေးပြဿနာတွေ မိသားစုကဏ္ဍတွေ အလုပ် တွေကြောင့်တော်ရုံခရီးတစ်ခုထွက်ဖို့ မလွယ်တော့ပါဘူး။ဒါကြောင့်ငယ်ရွယ်စဥ်မှာ ခရီးများများသွားဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ဘာသာစကားသင်ယူပါ

Source : Blog Infoempleo
ငယ်ရွယ်စဥ်အချိန်ဟာ ဦးနှောက်ရဲ့အတက်ကြွဆုံးနဲ့ အလုပ်လုပ်နိုင်ဆုံးအချိန်တစ်ခုဖြစ်တာကြောင့် လေ့ လာသင်ယူမှုတွေပြုလုပ်ဖို့ အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ဒီလိုအချိန်မှာဘာသာစကားသင်ယူလေ့ လာတာဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ဘာသာစ ကားတစ်ခုကျွမ်းကျင်စွာတက်မြောက်သွားပြီဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပေါများလာမှာဖြစ်တာကြောင့် နောင်တစ်ချိန်အသက်ကြီးတဲ့အခါ နောင်တမရစေဖို့ ငယ်စဥ်အချိန်ကတည်းက ဘာသာ စကားတစ်ခုခုလေ့လာသင်ယူသင့်ပါတယ်။
(၃) ရည်မှန်းချက်ထားပါ

Source : Shutterstock
လူငယ်ဘဝဟာပျော်စရာကောင်းတဲ့အရာတွေနဲ့ ပြည့် နှက်နေတာသေချာပါတယ်။သို့သော်လည်း ဒီလိုပျော် စရာကောင်းတဲ့အရာတွေကိုပဲ အာရုံစိုက်ပြီး မျောနေလို့မရပါဘူး။ငယ်ရွယ်စဥ်အချိန်ကတည်းက တိကျသေချာတဲ့ရည်မှန်းချက် အနာဂတ်တစ်ခုတည်ဆောက် ထားသင့်ပါတယ်။ကိုယ်ကဘာဝါသနာပါတယ် ဘယ်လိုအရာတွေလုပ်ချင်လဲဆိုတာ ဆန်းစစ်ပြီး ခိုင်မာတဲ့အနာဂတ်ရည်မှန်းချက်ကောင်းတစ်ခု ချမှတ်ထားသင့်ပါတယ်။
(၄) ကျန်းမာရေးအလေးထားပါ

Source : PhotoDune
ကျန်းမာရေးနဲ့ပတ်သတ်ပြီး အသက်ငယ်ရွယ်တုန်းမှာ လစ်လျူရှု့မထားသင့်ပါဘူး။လူငယ်ဘဝထဲက အစား အသောက်အနေအထိုင် ထိန်းသိမ်းပြီး ကျန်းမာရေးကို ဂရုစိုက်တာကလည်း နောင်တစ်ချိန်အတွက်ရင်းနှီးမြုပ်နှံ့မှုတစ်ခုလို့ဆိုနိုင်ပါတယ်။အသက်ရွယ်ကြီးလာတဲ့အခါမှာမကျန်းမာတဲ့ ဘဝနဲ့မဖြတ်သန်းချင်ရင်တော့ အခုချိန်ကတည်းက အားကစားလုပ်တာ အစားအသောက်ဆင်ခြင်တာမျိုးတွေပြုလုပ်သင့်ပါတယ်။
(၅) လူများများနဲ့ထိတွေ့ဆက်ဆံပါ

Source : LOKI Systems
လူရယ်လို့ဖြစ်လာရင် ကောင်းမွန်တဲ့ပေါင်းသင်းဆက် ဆံရေးရှိဖို့ အမြဲလေ့ကျင့်ယူနေရပါမယ်။အသက်ကြီးမှ လူအများကြားမသွားရဲတာ လူတောမတိုးတာစတဲ့ပြ ဿနာတွေမဖြစ်စေဖို့ ငယ်စဥ်ကတည်းက လူတွေနဲ့ ထိတွေ့ဆက်ဆံပါ။အသက်ငယ်သူဖြစ်စေ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေနဲ့ပဲဖြစ်စေ မိတ်ဆွေဖွဲ့ပါ။
