နိုင်ငံခြားကနာမည်ကြီး အနုပညာရှင်တွေဟာ သူတို့ရဲ့နာမည် အရှိန်အဝါနဲ့ လူသုံးကုန်ပစ္စည်း အမျိုးမျိုးထုတ်တတ်ကြပါတယ်။ ဒီထဲမှာ လူကြိုက်များတဲ့ တံဆိပ်တွေရှိသလို လူကြိုက်နည်းပြီး မအောင်မြင်ခဲ့တဲ့ တံဆိပ်တွေလဲရှိပါတယ်။ အခုပြောပြမှာကတော့ အနုပညာရှင်တွေထုတ်တဲ့ နာမည်ကြီးယမကာတံဆိပ်တွေထဲက ပိုင်ရှင်အနုပညာရှင် (၅) ယောက်နဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Marilyn Manson ရဲ့ Mansinthe အရက်

တကယ်လို့ တယောက်ယောက်က သမရိုးကျပုံစံကနေခွဲထွက်ပြီး ဈေးကွက်ကိုထိုးဖောက်ခဲ့တယ်ဆိုရင် အဲ့ဒီသူက Marilyn Manson ပါပဲ။ သူ့ရဲ့ အစိမ်းရောင်ရှိတဲ့ စွဲမက်ဖွယ်ခါးသက်သက်အရသာနဲ့ Mansinthe လို့ အမည်ရတဲ့ အရက်ကို ဆွစ်ဇလန်မှာထုတ်လုပ်ဖန်တီးထားတာဖြစ်ပါတယ်။
Dave Matthews ရဲ့ Dreaming Tree Wines ဝိုင်

Dreaming Tree တံဆိပ်ဝိုင်ဟာ Dave Matthews Band ရဲ့ အဖွဲ့ဝင် Dave Matthews ရဲ့ ဖန်တီးမှုတခုပါ။ ဝိုင်ကောင်းဖြစ်ဖို့လိုအပ်တဲ့ အရာအားလုံးနဲ့ ရေရှည်ထိန်းထားနိုင်ဖို့အတွက်ပါ စိတ်ဝင်စားမှုအပြည့်နဲ့ ဖန်တီးထားတဲ့ထူးခြားမှုတခုပါ။ တံဆိပ်ကို ပြန်လည်အသုံးပြုလို့ရအောင်လုပ်ထားပြီး ပုလင်းအလေးချိန်ကလည်း ပေါ့ပါးတဲ့အတွက် သယ်ယူတဲ့နေရာမှာ အဆင်ပြေစေပါတယ်။
Hanson ရဲ့ Mmmhops ဘီယာ

Hanson အဖွဲ့ရဲ့ Mmmhops တံဆိပ် ဘီယာကိုတော့ လူတွေသိတာမကြာသေးပါဘူး။ ၁၉၉၇ ခုနှစ်ဝန်းကျင်က အမေရိကားတခွင် မုန်တိုင်းဆင်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ Mmmbop သီချင်းလို နောက်ထပ်သီချင်းတွေ ထပ်မထုတ်ခဲ့ပေမယ့် သူတို့ရဲ့ ထူးခြားတဲ့နာမည်နဲ့ ဘီယာကိုတော့ အသိအမှတ်ပြုပြီး အခွင့်ရေးရခဲ့ရင် မြည်းစမ်းကြည့်သင့်ပါတယ်နော်။
Santana ရဲ့ DVX ဝိုင်

DVX ဆိုတဲ့နာမည်က ခပ်ပြင်းပြင်း Tequila တခွက်လို့ထင်ရပေမယ့် တကယ်တော့မဟုတ်ပါဘူး။ ဂန္တဝင် ဂီတာသမားကြီး ကာလို့စ်စန်တာနာရဲ့ ဝိုင် စီးပွားရေးဖြစ်ပြီး Mumm Napa ဆိုတဲ့ ဝိုင်ထုတ်လုပ်သူနဲ့ပူးပေါင်းထားတာပါ။ ၁၉၉၉ မှာစတင်ဖန်တီးခဲ့ပြီး ဝိုင်ပြုလုပ်တဲ့နေရာမှာ ဒီအနုပညာရှင်ကသူကိုယ်တိုင်မြည်းစမ်းကြည့်ခြင်းဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။
Justin Timberlake ရဲ့ Sauza 901 Tequila

Justin Timberlake ကို သဘောကျဖို့ မခဲယဉ်းပါဘူး။ သူ့ကိုကြည့်ရတာ ဖော်ရွေပြီး ခပ်ပျော်ပျော်နေတတ်သလို နှစ်လိုဖွယ်အမူအရာလည်းရှိပါတယ်။ သူက Memphis မြို့မှာ ကြီးပြင်းခဲ့တာဖြစ်ပြီး Sauza 901 ကို သူ့ရဲ့ စပ်တူလုပ်ငန်းအမည် Sauza နဲ့ အဲ့ဒီမြို့ရဲ့ ဧရိယာကုဒ်နှစ်ခုပေါင်းစပ်ပြီး အမည်ပေးထားတာပါ။ အဆိုပါ tequila ဟာ လိုက်ကာနောက်ကွယ်က သူရဲ့အလုပ်ကြိုးစားမှုတွေကို အမှန်တကယ်တန်ဖိုးထားအသိအမှတ်ပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
