စမတ်ဖုန်းက သင့်ရဲ့ နေ့စဉ်ဘဝကို ချုပ်ကိုင် စိုးမိုးနေပြီလား။ လက်ထဲ ဖုန်းမရှိဘဲ တစ်နာရီတောင် မနေနိုင်အောင် ဖြစ်နေပြီလား။ သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ဒီနေ့ခေတ်လို လူတိုင်း ဖုန်းကိုင်ကြတဲ့ ခေတ်ကြီးမှာ စမတ်ဖုန်းစွဲလမ်းတဲ့ စိတ်အခြေအနေ Smartphone Addiction ဟာ အဖြစ်များနေပါတယ်။ စမတ်ဖုန်းသုံးစွဲမှု များခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မြင့်မားနိုင်သလို မျက်လုံးနဲ့ အာရုံကြောကျန်းမာရေးအတွက်လည်း စိုးရိမ်ရပါတယ်။

စမတ်ဖုန်းသုံးစွဲမှု လွန်ကဲလာပြီး စွဲလမ်းတဲ့ အဆင့် ဖြစ်လာတယ်ဆိုရင် အခုပြောမယ့် အဆင့် ၃ ဆင့်နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်သင့်ပါတယ်။

(၁) အချိန်သတ်မှတ်ပါ

Photo: pc-mind

စမတ်ဖုန်းသုံးမှုကို တစ်နေ့ ဘယ်နှစ်နာရီ လျှော့ချမယ်လို့ သတ်မှတ်ထားပါ။ အရင်ဆုံး ၁၅ မိနစ်လောက် ဖုန်းမကိုင်ဖြစ်အောင် စိတ်ထိန်းပါ။ နောက်နေ့တွေမှာ မိနစ် ၃၀ ၊ ၄၅ မိနစ် စသည်ဖြင့် ဖုန်းသုံးချိန်ကို လျှော့လျှော့သွားမယ်ဆိုရင် ဖုန်းစွဲမှု လျော့ပါးလာပါလိမ့်မယ်။

(၂) လူမှုကွန်ရက်တွေ မသုံးဖြစ်အောင် ရှောင်ပါ

Photo: indiatoday

ဖုန်းသုံးသူအများစုဟာ ဂိမ်းနဲ့ Social Networks တွေ အဓိက သုံးကြတာပါ။ ဒီအစား စာအုပ်ဖတ်တာ ၊ အပြင်ထွက်လည်တာ ၊ ဟင်းလျာသစ်တွေ စမ်းချက်ကြည့်ပါ။ အရေးကြီးတာက အွန်လိုင်းကနေ အချိန်အတိုင်းအတာ တစ်ခုအထိ စွန့်ခွာဖို့ပါပဲ။

(၃) ဖုန်းမပါဘဲ အိပ်ယာဝင်/ထ ပါ

Photo: Becoming Minimalist

Blue Screen တွေဟာ ခန္ဓာကိုယ် အနားယူဖို့ ဦးနှောက်က အချက်ပေးတဲ့ အသံကို နှောင့်ယှက်ပါတယ်။ ဒါကြောင့်ပဲ အိပ်ယာထဲ ဖုန်းယူလာသူတွေဟာ အိပ်ရေးပျက်ပြီး မနက် အိပ်ယာထလည်း နောက်ကျကြပါတယ်။ ဒါကြောင့် ဖုန်းနဲ့ သံယောဇဉ်ဖြတ်ဖို့ လုပ်နေချိန်မှာ ဖုန်းနဲ့ ဝေးနိုင်သမျှ ဝေး အောင် ခပ်ခွာခွာနေမယ်ဆိုရင် Smartphone Addiction ဖြစ်တာ လျော့သွားပါလိမ့်မယ်။