Self-Made Millionaires ဆိုတာ ငွေဇွန်းကိုက်ပြီး လူဖြစ်လာတဲ့ သူတွေ မဟုတ်ပါဘူး။ ထီပေါက်လို့ ချက်ချင်းကြီး ထချမ်းသာသွားသူတွေကိုတော့ အခုပြောမယ့် Self-Made Millionaires စာရင်းမှာ ထည့်မတွက်ထားပါဘူး။ ကိုယ်ဒူးကိုယ်ချွန်နဲ့ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာသူတွေမှာ သူတို့ကို ဒီနေရာရောက်စေတဲ့ နောက်ခံအကြောင်းတရားတွေ ရှိကြပါတယ်။

(၁) ရိုးသားတယ်

Photo: Freepik

ဓနဥစ္စာ ကြွယ်ဝရေးနဲ့ ပတ်သက်လို့ အကျော်ကြားဆုံး စာအုပ်တွေထဲက တစ်အုပ် ဖြစ်တဲ့ The Millionaire Mind စာအုပ်မှာ တောမတ်ဂျေ စတန်လီဟာ ရာနဲ့ချီတဲ့ မီလျံနာတွေနဲ့ တွေ့ဆုံပြီးနောက် ကိုယ်ထူကိုယ်ထ မီလျံနာဘဝနဲ့ အောင်မြင်သူတွေရဲ့ အရေးကြီးဆုံး အရည်အချင်းက ရိုးသားမှုပါတဲ့
ချမ်းသာမှု ဥစ္စာဓနဆိုတာ လူတွေဆီကနေ ဖြစ်လာတဲ့အရာပါ။ လူဟာ သူတို့ လက်ထဲက ငွေကို သူတို့ယုံတဲ့သူဆီမှာပဲ ရင်းနှီးမြှပ်နှံကြတာ ဖြစ်လို့ မရိုးသားသူနဲ့ လက်တွဲ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ပါတယ်။ ဒါကြောင့် ကိုယ်ဒူးကိုယ်ချွန်မီလျံနာ ဖြစ်ချင်ရင် အရင်ဆုံး ရိုးသားမှု ရှိပါလို့ ပြောချင်ပါတယ်။

(၂) Self-Discipline ကောင်းတယ်

Photo: Freepik

အောင်မြင်ရေးကျမ်းတွေ တစ်အုပ်ပြီး တစ်အုပ် ဖတ်ကြည့်ပါ။ အောင်မြင်သူတွေရဲ့ စရိုက်ကို ပြရာမှာ အမြဲလိုလို ပါနေတာက စည်းစနစ်ကောင်းခြင်းဆိုတဲ့ အချက်ပါပဲ။ Self-Discipine မရှိရင် ခဏပဲ အောင်မြင်မှုအခြေ ရောက်ပြီး ရေရှည်တည်တံ့အောင်မြင်တဲ့ သူဌေးတစ်ယောက် ြဖစ်လာမှာ မဟုတ်ပါဘူး။တစ်ခါက ရောဘတ် ကီရောစကီဆိုတဲ့ မီလျံနာကြီးက ပြောဖူးပါတယ်။ “Self-Discipline ဆိုတာ လူချမ်းသာ ၊ လူလတ်တန်းစား နဲ့ လူဆင်းရဲအကြား ခွဲခြားပေးတဲ့ နံပါတ်တစ် အချက်ပဲ”တဲ့။

(၃) တစ်ခြားသူတွေထက် အလုပ်ပိုကြိုးစားတယ်

Photo: Unsplash

စီးပွားရေးဆိုတာ အားကစားလုပ်သလိုမျိုးပါပဲ။ ပိုကြိုးစားတဲ့သူက ပိုပြီး အောင်မြင်တဲ့သူ ဖြစ်ဖို့ အလားအလာ များပါတယ်။ အောင်မြင်တဲ့သူတွေကို လိုက်ကြည့်ရင် ဒီအချက်ကို ပိုမြင်ရပါလိမ့်မယ်။ အလုပ်ကြိုးစားတယ်ဆိုတာ ရှေးဆန်သလောက် လက်တွေ့ကျတဲ့ လမ်းညွှန်ချက်လည်း ဖြစ်ပါတယ်။

(၄) Passion ရှိတယ်

Photo: Unsplash

Self-Made Millionaires တွေမှာ ပြင်းပြထက်သန်တဲ့ စိတ်ဆန္ဒတွေနဲ့ အိပ်မက်တွေ ရှိပြီး ဒီစိတ်ဆန္ဒတွေရဲ့ ခေါ်သံနောက်ကို လိုက်ဖို့ အမြဲပြင်ဆင်နေတဲ့ သူတွေပါ။ ဒီ Passion ကပဲ သူတို့ကို ပျော်ရွှင်ရေး လမ်းကြောင်းပေါ် ရောက်စေတဲ့ အရေးကြီးဆုံး အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။
စတိဗ်ဂျော့စ်ကလည်း ပြောဖူးတာ ရှိပါတယ်။ ခမ်းနားကြီးကျယ်တဲ့ အလုပ်တစ်ခု လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကိုယ်လုပ်တာကို ချစ်နေဖို့ပါပဲတဲ့။ ဒီတော့ သင်လုပ်နေတဲ့ အရာကို ချစ်တဲ့စိတ်နဲ့ လုပ်သူဟာ တစ်နေ့ အောင်မြင်မှာ အမှန်ပါပဲ။

(၅) ဈေးကွက်နဲ့ အလိုက်သင့်နေနည်း သိတယ်

Photo: Pexels

ချမ်းသာချင်တယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ လက်ရှိအနေအထားနဲ့ အနာဂါတ် အလားအလာကို မျက်ခြေမပြတ် ကြည့်နေဖို့ လိုပါတယ်။ ဒီထဲမှာ ဈေးကွက်ရဲ့ အထာအတိုင်း အလိုက်သင့် ပြောင်းလဲ လိုက်ပါနိုင်တဲ့သူ ဖြစ်ဖို့ဆိုတာလည်း အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။

ကိုယ့်အလုပ်ကို ချစ်နေရုံ သက်သက်နဲ့တင် မပြီးသေးပါဘူး။ ကိုယ့်ထုတ်ကုန်/ ဝန်ဆောင်မှု ဖြန့်ချိမယ့် ဈေးကွက်ကိုလည်း သိပြီး အမျှော်အမြင်ရှိရှိ ပြုပြင်မှုတွေ လုပ်မှသာ တကယ်အောင်မြင်မှာ ဖြစ်ပါတယ်။