ရီးရဲလ်အသင်းကဘာစီလိုနာအသင်းကို (၂-၀) နဲ့အနိူင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ El Clasico ပွဲစဉ်မှာ ရီးရဲလ်တောင်ပံကစားသမား Vinicius Jr ကရီးရဲအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိူင်ခဲ့ပါတယ်။

Source: Insider

ဒီဂိုးသွင်းယူနိူင်ခဲ့တာကြောင့် Vinicius Jr ဟာအသက်အငယ်ဆုံး (၁၉ နှစ်၊ ၂၃၃ ရက်ဖြင့်) El Clasico ပြိုင်ပွဲတွင် ဂိုးသွင်းယူနိူင်သူအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ ဒီစံချိန်ကို အရင်တင်ခဲ့သူကတော့ မက်စီဖြစ်ပြီး လွန်ခဲ့တဲ့ (၁၃) နှစ်က ၁၉ နှစ်၊ ၂၅၉ ရက် နဲ့စံချိန်တင်ထားတာပါ။

Source: Daily Express

El Clasico နိူင်ပွဲကြောင့် ရီးရဲလ်အသင်းဟာ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိခဲ့ပြီး ဒုတိယနေရာမှ ဘာစီလိုနာ အသင်းနဲ့ (၁) မှတ်ကွာအနေအထားမှာ ရှိနေပါတယ်။ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့အပက် ဗုဒ္ဓဟူးနေ့က အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ထားပါတယ်။ နည်းပြဇီဒန်းကတော့ မန်စီးတီးနဲ့ရှုံးပွဲဟာ El Clasico နိူင်ပွဲရနိူင်ဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

Source: Every Every NF

မက်လ ၁၇ ရက်နေ့မှာ မန်စီးတီးရဲ့အိမ်ကွင်းဖြစ်တဲ့ အီးတီဟက်မှာ ချန်ပီယံလိဂ် ဒုတိယ ကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာပါ။ ဒီပွဲမှာတော့ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ် ဟာပထမကျော့ပွဲစဉ်မှာ အနီကက် ပြသထားခံရတာကြောင့် ပါဝင်ကစားနိူင်မှာမဟုတ်ပါဘူး။

Vinicius Jr ဟာဒီရာသီ ရီရဲအသင်းအတွက် လာလီဂါ သွင်းဂိုး (၂) ဂိုးပဲရရှိအောင် စွမ်းဆောင်ထားပါသေးတယ်။ လာမဲ့ပွဲစဉ်တွေမှာ Vinicius Jr အနေ့နဲ့အသင်းအပေါ် ဘယ်လောက်ထိ အကျိုးပြုနိူင်မလဲဆိုတာ စောင့်ကြည့်ရအုံးမှာပါ။