ဗုဒ္ဓဟူးမနတ်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက လီဗာပူးအသင်းကို (၂) ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ကွင်းလယ်ကစားသမားဝီလျံက ပွဲကစားချိန် (၁၃) မိနစ်မှာ သွင်းယူပေးခဲ့ပြီး အနိူင်သေချာစေမဲ့ ဒုတိယဂိုးကိုတော့ တပွဲလုံးမှာ ချေစွမ်းပြကစားနေတဲ့ ဘာကလေက ဒုတိယပိုင်း ပွဲကစားချိန် (၆၄) မိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။

Source: NBS News

လီဗာပူးဟာ ဒီပွဲမှာ ကစားသမား အပြောင်းအလဲတွေ အများကြီးပြုလုပ်ကစားသွားခဲ့ပါတယ်။ အဓိက တိုက်စစ်မူတွေဖြစ်တဲ့ ဆာလက်နဲ့ ဖာမီနိုကိုအရန်ခုံမှာ ထိုင်ထားခိုင်းပြီး မာနေး၊ အိုရီဂီ နဲ့ မီနာမီနို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဂျူန်း၊ ဖာဘင်ဟို၊ လာလာနာ တို့ကို အသုံးပြုခဲ့ပြီး ဟန်ဒါဆန်ကတော့ ဒဏ်ရာကြောင့် ပါဝင်ကစားနိူင်ခြင်းမရှိခဲ့ပါဘူး။ နောက်တန်းမှာတော့ ရောဘက်ဆန်၊ ဗန်ဒိုက်၊ ဂိုးမက်စ် နဲ့ ဝီလီယံ တို့ ပါဝင်ကစားသွားခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြ ကလော့ပ် ဟာ ဂိုးသမား အလီဆန် ကို အနားပေးခဲ့ပြီး အေဒရီရန် နဲ့ပွဲထွက်လာခဲ့တာကြောင့်လည်း ဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။

Source: India TV

ချဲလ်ဆီးအသင်းမှာတော့ ဒဏ်ရာရ ကစားသမားတွေ များပြားနေခဲ့ပြီး အရံကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့ပေမဲ့ ခြေစွမ်းပြကစားနိူင်ခဲ့တာကြောင့် နိူင်ပွဲရရှိသွားခဲ့တာပါ။

လီဗာပူးအသင်းဟာ ဂိုးတွေ ခွင့်ပြုလိုက်ရပြီးနောက်ပိုင်းအဓိက ကစားသမားတွေထည့်သွင်း ကစားခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။

နိူင်ပွဲရရှိသွားတဲ့ ချဲလ်ဆီးအသင်းကတော့  အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Source: Sky Sports

လီဗာပူးအသင်းဟာ ဒီပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် (၅) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါတယ်။