COVID-19 လို့ ခေါ်နေကြတဲ့ ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဟာ နိင်င်ငံပေါင်း ၉၀ ခန့် က လူပေါင်း ၁ သိန်း ၃ ထောင်ကျော်ကို ကူးစက်ပျံ့နှံ့နေပြီး ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၃၅၂၂ ဦးအထိ ရှိလာနေပြီလို့ မတ်လ ၇ ရက်နေ့က Worldometers.info က ထုတ်ပြန်ထားပါတယ်။
အလွန်စိုးရိမ်ရပြီး တိကျတဲ့ ကုသမှုမျိုး မထွက်လာသေးတဲ့ COVID-19 ဟာ ဗိုင်းရပ်စ် မူလပြန့်ပွားရာ တရုတ်နိုင်ငံကနေ အခုဆို ထိုင်း ၊ စင်္ကာပူ ၊ တောင်ကိုရီးယား ၊ ပြင်သစ် ၊ အီရန် ၊ ဂရိ ၊ အာဖဂန်နစ္စတန် ၊ အီတလီနဲ့အမေရိကန် စသည်ဖြင့် ကမ္ဘာ့အရှေ့/အနောက် နိုင်ငံတွေဆီ ပျံ့လာနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစက်နိုင်တာကြောင့် နိုင်ငံတိုင်းလိုလိုမှာ လူစုလူဝေး ပွဲလမ်းသဘင်များ မလုပ်ဖို့နဲ့ အိမ်မှာပဲ နေဖို့ နှိုးဆော်မှုတွေ လုပ်နေပါတယ်။ ဒီတော့ အိမ်မှာ နေရင်းနဲ့ COVID-19 မကူးစက်အောင် ဆောင်ထားရမယ့် ပစ္စည်းလေးတွေအတွက် Shopping List လုပ်ပေးချင်ပါတယ်။
(၁) ဆေးဝါးနှင့် Mask များ
Photo: Business Insider
COVID-19 ဖြစ်ပွားရာ နိုင်ငံနဲ့ ဒေသတွေမှာ လူတွေဟာ လိုအပ်တဲ့ ဆေးဝါးတွေ ရဖို့အတွက် တန်းစီဝယ်နေရပါတယ်။ ကိုယ့်အိမ်ထဲမှာကို အဖျားအနာအတွက် အိမ်သုံးဆေးဝါးတွေ တစ်ခါတည်း ဝယ်ထားဖို့ အကြံပေးချင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျှော့ချဖို့နဲ့ ကာကွယ်ဖို့အတွက် Mask တပ်သင့်ပါတယ်။ ကျန်းမာနေတဲ့သူတစ်ယောက်အတွက် Mask မဖြစ်မနေ တပ်စရာ မလိုပေမယ့် ကိုယ်နေထိုင်ရာနေရာမှာ ဗိုင်းရပ်စ်ဖြစ်ပွားနေတယ်ဆိုရင် ၊ ကိုယ်ကိုယ်တိုင်လည်း သိပ်နေမကောင်းတာပဲ ဖြစ်ဖြစ် တစ်ခြား နေမကောင်းသူတစ်ဦးဦးကို ပြုစုရတာပဲ ဖြစ်ဖြစ် Mask ကို မဖြစ်မနေ တပ်ဖို့ လိုပါတယ်။
(၂) သန့်ရှင်းရေး ပစ္စည်းများ
Photo: Handy
ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ကိုယ့်အိမ်ထဲမှာ လက်ဆေးဆပ်ပြာရည် ၊ တစ်သျှူး ၊ Toilet Paper ၊ ဆပ်ပြာ နဲ့ သွားတိုက်ဆေးအထိ ဝယ်ထားသင့်ပါတယ်။ လက်ကို ပိုးသတ်နိုင်တဲ့ အယ်လ်ကိုဟောပါ Hand Sanitizer နဲ့ ပုံမှန် ဆေးကြော သန့်ရှင်းပေးဖို့ လိုပြီး တစ်ကိုယ်ရေ ကျန်းမာရေး သန့်ရှင်းရေးကို ဂရုပြုဖို့ တိုက်တွန်းချင်ပါတယ်။
(၃) သိုလှောင်ထားလို့ ရမယ့် စားစရာများ
Photo: Updater
ရေခဲသေတ္တာထဲ တစ်ပတ် ၁၀ ရက် အထားခံမယ့် ကြက်ဥလို ငါးသေတ္တာ နဲ့ နို့ဆီတို့လို အစားအသောက်တွေကနေ အသားငါး နဲ့ အသီးအရွက်တွေကိုလည်း ၃-၄ ရက်စာ ဝယ်ထားတာ လုပ်သင့်ပါတယ်။ အဓိကကတော့ ဈေးလိုမျိုး လူစုလူဝေးနဲ့ သွားလာနေတဲ့ နေရာမျိုးကို တတ်နိုင်သလောက် သွားစရာမလိုအောင် စီမံထားဖို့ပါပဲ။