ရုပ်ရှင်ကို အသေးစိတ်ကြည့်တတ်တဲ့ ပရိသတ်တွေတော်တော်များများဟာ ဒါရိုက်တာတွေ ရဲ့အမှားတွေကို ထောက်ပြနိူင်ကြတယ်။ တစ်ချို့သမိုင်းကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေမှာ ရှေ့နောက်မညီတဲ့ အခန်းလေးတွေ ပါဝင်တတ်ပါတယ်။
ဒီနေ့ kwee ကဘယ် သမိုင်းဝင်ရုပ်ရှင်တွေရဲ့လူသိနည်းတဲ့အလွဲလေးတွေကို ပြောပြပေးသွားမှာပါ။
The Green Mile, 1999

Source: colinwyattenglishblog
The Green Mile ဇာတ်ကားဟာ ၁၉၃၅ ခုနှစ် Louisiana မှာဖြစ်ပျက်ခဲ့တာကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာ လျှပ်စစ်ထိုင်ခုံဖြင့် သေဒဏ်ပေးတဲ့အခန်းတွေကို ပရိသတ်တွေ တွေ့ရမှာပါ။ ဒါပေမဲ့ ၁၉၄၁ မတိုင်ခင်အထိ Louisiana မှာ လျှပ်စစ်ထိုင်ခုံအသုံးပြုခြင်းမရှိသေးပါဘူး။
The Imitation Game, 2014

Source: FilmAffinity
ဒီဇာတ်ကားဟာ အင်္ဂလိပ်လူမျိုး သင်္ချာပညာရှင် တစ်ယောက်ဖြစ်တဲ့ Alan Turing အကြောင်းရိုက်ကူးထားတာပါ။
Alan Turing ဒုတိယကမ္ဘာစစ်အတွက် အရေးပါတဲ့ Enigma code ကိုဟက်ဖို့ ကွန်ပြုတာစက် တီထွင်ရာမှာ Gordon Welchman ဆိုတဲ့ သင်္ချာပညာရှင် တစ်ယောက်ရဲ့အကူအညီကို ယူခဲ့ရပါတယ်။ ဒါပေမဲ့ Gordon Welchman အကြောင်းကို ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခြင်းမရှိခဲ့ပါဘူး။
The Last Samurai, 2003

Source: Dribble
The Last Samurai ဟာ ၁၈၇၆ ခုနှစ်ကအဖြစ်အပျက်ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကြယ် ၄၃ လုံးပါတဲ့ US အလံကိုအသုံးပြုထားပါတယ်။ ဒါပေမဲ့ ကြယ် ၄၃ လုံးပါတဲ့ US အလံဟာ ၁၈၉၁ မှပေါ်မှာ ပေါ်လာခဲ့တာပါ။
Braveheart, 1995

Source: AliExpress
Braveheart ဇာက်ကားမှာ စကော့တလန်လူမျိုး စစ်သည်တော် William Wallace (ဝီလီယန် ဝေါ်လတ်ခ်) ဝတ်ဆင်ထားတဲ့ ဝတ်စုံဟာ စကော့တလန်လူမျိုးတွေရဲ့ ရိုးရာဝတ်စုံပါ kilt ပါ (kilt ဆိုတာက စကော့တလန်တောင်ပေါ်သားတွေ ဝတ်လေ့ရှိတဲ့ ဂါဝန်တမျိုးပါ။)
ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ဒီရိုးရာဝတ်စုံက ၁၈ ရာစုအစပိုင်းလောက်ကမှ ပေါ်လာတာဖြစ်ပြီး Braveheart ရုပ်ရှင်ကတော့ ၁၃ ရာစု နှောင်းပိုင်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာဟာ ဒီဝတ်စုံက ၁၃ ရာစုမှာ မပေါ်သေးတာ မသိလိုက်တာနေမှာပါ။
Titanic, 1997

Source: AliExpress
Titanic ဇာတ်ကားထဲမှာ မင်းသမီးချော် Rose ကမိမိကိုယ်ကို သက်သေမလို့လုပ်နေတဲ့ အခန်းကို ပရိသတ်တွေ မှတ်မိကြမှာပါ။ အဲ့ချိန်မှာ Jack က Rose ကယ်ဖို့ကြိုးစားတဲ့အချိန်မှာ သူ့ဘဝဇာတ်ကြောင်းကို ပြောနေခဲ့ပါတယ်။ သူဟာ Wisconsin နယ်မှာရှိတဲ့ Wissota ငါးကန်မှာ ငါးမျှားထွက်လေ့ရှိတယ်လို့ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီငါးကန်ဟာ ၁၉၁၇ အထိ မပေါ်သေးပါဘူး။ Titanic နှစ်မြုပ်ပြီး ၆ နှစ်အကြာမှာ ပေါ်လာခဲ့တာပါ။
Django Unchained, 2012

Source: Youtube
ဒီဇာက်ကားရဲ့ တချို့အခန်းတွေမှာ Django အဖြစ်သရုပ်ဆောင်ထားတဲ့ Jamie Foxx (ဂျေမီ ဖော့စ်) ဟာ ယနေ့ထက်ထိ ခေတ်စားနေတဲ့ နေကာမျက်မှန်ကြီးကို ဝတ်ထားတာတွေ့ရပါတယ်။
ဒါပေမဲ့ ပြသာနာက ဘာလဲဆိုတော့ ပထမဆုံးနေကာမျက်မှန်ကို ၁၉၂၉ မှာစရောင်းခဲ့တာဖြစ်ပြီး Django Unchained ကားကိုတော့ ၁၈၅၈ ခုနှစ်ကို အခြေခံရိုက်ကူးထားတာပါ။ ၁၈၅၈ ခုနှစ်မှာ နေကာမျက်မှန်တွေ မရှိသေးပါဘူး။
