နိုင်ငံဖြတ်ကျော်ပြီး ခရီးသွားတယ်ဆိုတာ စိတ်လှုပ်ရှားစရာပါ။ လေယာဉ်ခရီးစဉ်နဲ့ သွားရချိန်မှာ စိတ်လှုပ်ရှားတာအပြင် မျက်လုံးကြောင်ပြီး အိပ်ရေးပျက်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါက အလေ့အကျင့်နဲ့ နေရာထိုင်ခင်း အပြောင်းအလဲကြောင့်လည်း ပါပါတယ်။

ခရီးသွားနေချိန် အိပ်ရေးပျက်တယ်ဆိုတာ ကျန်းမာရေးကိုပါ ချက်ချင်း ထိနိုင်တဲ့ ကိစ္စဖြစ်လို့ လေယာဉ်နဲ့ ခရီးသွားတုန်းမှာ အိပ်ရေးမပျက်စေဖို့ အခုပြောမယ့် အချက်ကလေးတွေ အသုံးချသင့်ပါတယ်။

(၁) နေရာကောင်းရွေးပါ

Photo: ShutterStock

လေယာဉ်စီးတော့မယ်ဆိုရင် ပြတင်းပေါက်ဘက်ကျတဲ့ ခုံကို ရွေးတာ အမှန်ဆုံးပါပဲ။ အေးအေးဆေးဆေး နှပ်လို့ရပါတယ်။ လူသွားလူလာများတဲ့ အိမ်သာနားမှာဆို အသံလည်း ဆူ ၊ အနံ့အသက်ပါ ပြဿနာ ရှိနိုင်ပါတယ်။

(၂) ခုံကို နောက်လှန်အိပ်ပါ

Photo: huffingtonpost

ဒီခုံနေရာအတွက် သင်ဟာ အတိုင်းအတာအလျောက် ပိုက်ဆံပေးထားရပါတယ်။ ဒီတော့ ခုံပေါ်မှာ သက်တောင့်သက်တာ အိပ်စက်နိုင်ဖို့ ခုံကို လိုသလောက် အနောက်ကို လှန်ဖို့လိုပါတယ်။ နောက်ကလူကိုတော့ ကြိုပြီး Request လုပ်ထားသင့်ပါတယ်။

(၃) အိပ်ဖို့ အကူပစ္စည်း ပါပါစေ

Photo: stocksy

ခရီးသွားနေစဉ် အိပ်လို့ကောင်းဖို့ဆိုရင် Eye Mask နဲ့ Ear Plug ဆောင်ထားဖို့ လိုပါတယ်။ စိတ်ကို ဖြေလျှော့ပေးစေမယ့် တရားထိုင်နည်း ၊ အကြောဖြေလျှော့နည်း အသံဖိုင်တွေ နားထောင်သင့်ပါတယ်။ တကယ်လို့ သွားရမယ့် ခရီးကလည်း ၆ နာရီ ၇ နာရီ ရှိနေတယ်ဆိုရင် ဆေးအကူသုံးသင့်ပါတယ်။

(၄) အယ်လ်ကိုဟောပါတာ ရှောင်ပါ

Photo: Coastal Detox

လေထဲမှာ သောက်လိုက်တဲ့ အဖျော်ယမကာ တစ်ခွက်ဟာ ကုန်းပေါ်က နှစ်ခွက်နဲ့ ညီပါတယ်။ ဒါကကတော့ လေယာဉ််ခန်းထဲက လေထုနဲ့ ဖိအားကြောင့် ဖြစ်ပါတယ်။ ဒီတော့ အယ်လ်ကိုဟောပါတဲ့ ယမကာတစ်ခုခု သောက်မယ်ဆိုရင် ကိုယ့်လစ်မစ်ကို သိပါစေ။ မဟုတ်ရင်တော့ ခရီးသွားရင်း ပြဿနာတက်နိုင်ပါတယ်။

(၅) Monitor ပိတ်ထားပါ

Photo: huffpost

လေယာဉ်ပေါ်မှာ ပြနေတဲ့ တက်ဘလက်ပေါ်က ရုပ်ရှင်ဇာတ်ကားတွေ ၊ သီချင်းတွေ ဖွင့်ကြည့်တာမျိုးက သင့်ကို မျက်စိကြောင်စေပြီး အိပ်ရေးပျက်စေနိင်ပါတယ်။ ကောင်းကောင်း အိပ်ပျော်ဖို့ ဆိုရင် သင့်မျက်လုံးကို အနှောင့်အယှက်ပေးမယ့် screen ကို ပိတ်ပြီးမှ အိပ်သင့်ပါတယ်။