ပရဟိတလုပ်ငန်းတွေအတွက် အချိန်ပိုပေးနိုင်ဖို့ မိုက်ကရိုဆော့ဖ်ကုမ္ပဏီဘုတ်အဖွဲ့ကနေ နုတ်ထွက်တော့မယ်လို့ ဘီလ်ဂိတ်က ကြေညာလိုက်ပါတယ်။ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဘီလ်ဂိတ်ဟာ Berkshire Hathaway ကုမ္ပဏီ ဘုတ်အဖွဲ့မှ ၎င်း၏ နေရာမှလည်း နုတ်ထွက်ထားပြီ ဖြစ်သည်။
Source: Forbes
“Microsoft နဲ့ Berkshire Hathaway ကုမ္ပဏီတွေရဲ့ ဘုတ်အဖွဲ့ နှစ်ခုစလုံးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ကျွန်တော် ချခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပရဟိတ လုပ်ငန်း တွေအပါ် ပိုပြီးအာရုံစိုက်ချင်လို့ပါပဲ။ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှု၊ ပညာရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေးတို့မှာ ပိုပြီးဇောက်ချလုပ်ကိုင်လိုတာကြောင့် ခုလို နှုတ်ထွက်ရတာပဲ ဖြစ်ပါတယ်။” ဟု ဘီလ်ဂိတ်က ရေးသားခဲ့ပါတယ်။
Source: Inc.com
ဘီလ်ဂိတ်က ကုမ္ပဏီဟာ သူ့အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ အမြဲရှိနေမှာဖြစ်တယ်၊ သူ့အနေနဲ့လည်း ခေါင်းဆောင်မှု ဆက်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
ဘီလ်ဂိတ်ဟာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအဖြစ် ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၃ ဒသမ ၆ ဘီလီယံ ကြွယ်ဝတယ်လို့ ဖော့ဘ်မဂ္ဂဇင်းမှာ ဖော်ပြခံရပါတယ်။
ဘီလ်ဂိတ်ဟာ Microsoft ကို ပေါလ်အယ်လန်နှင့်အတူ ၁၉၇၅ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့တာပါ။ ယင်း ကုမ္ပဏီတွင် ဘီလ်ဂိတ်ဟာ ၂၀၀၀ ခုနှစ်တိုင်အောင် စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စတိဗ်ဘောမားက နောက်ပိုင်းတွင် စီအီးအိုအဖြစ် တာဝန်ယူခဲ့ပါတယ်။
Source: The Verge
မိုက်ခရိုဆော့ဖ်၏ လက်ရှိ စီအီးအိုမှာ ၂၀၁၄ ခုနှစ်က စတင်တာဝန်ထမ်းဆောင်သည့် စတေလာနာဒယ်လာဖြစ်သည်။ ၂၀၁၄ တိုင်အောင် ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ် ဘုတ်အဖွဲ့၏ ဒါရိုက်တာဖြစ်ခဲ့သော်လည်း ၂၀၀၈ တွင် စတင်တည်ထောင်သည့် Bill & Melinda Gates Foundation ဖောင်ဒေးရှင်းအတွက် အချိန်ပို၍ ပေးလာခဲ့ခြင်း ဖြစ်သည်။