မျက်နှာအဆီပြန်တတ်တဲ့သူတွေဟာ အတော်လေး ဒုက္ခရောက်ကြရပါတယ်။ မျက်နှာအဆီပြန်တာကြောင့် တစ်ချိန်လုံး မျက်နှာအဆီတဝင်းဝင်းနဲ့ နေရခက်သလို ဝက်ခြံလည်း အဖြစ်များနိုင်ပါတယ်။ လူထူထပ်တဲ့ မြို့ကြီးပြကြီးမှာ နေတဲ့သူတွေမှာဆို မျက်နှာအဆီပြန်တတ်ရင် ပိုတောင် အခြေအနေဆိုးသွားနိုင်ပါတယ်။
အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေအနေနဲ့ Diet နဲ့ ပြုပြင်ရတဲ့အပြင် မျက်နှာပေါ်က ပိုနေတဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက်လည်း ဒီအချက်ကလေးတွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။
(၁) ပုံမှန်မျက်နှာချေးချွတ်ပေးပါ
Photo: Oto Shark
မျက်နှာအဆီပိုတွေ ဖယ်ရှားခြင်းနဲ့ မွေးညင်းပေါက်တွေ သန့်ရှင်းထားခြင်းက မဖြစ်မနေလုပ်ရမယ့် အခြေခံပါပဲ။ ခဏခဏတော့ လုပ်စရာမလိုပါဘူး။ နှစ်ရက်မှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် Facial Scrub လုပ်မယ်ဆိုရင် မျက်နှာပေါ်က ချွေးပေါက်တွေလည်း သန့်ရှင်းသလို အသားအရေလည်း ပိုပြီး နုပျိုလာပါလိမ့်မယ်။
(၂) မှန်ကန်တဲ့ မျက်နှာသစ်ဆေးသုံးပါ
Photo: Freepik
မျက်နှာသစ်ဆေး သုံးမယ်ဆိုရင် အရေပြားတွေထဲ စိမ့်ပြီး သန့်ရှင်းပေးနိုင်တဲ့ Face Wash မျိုး သုံးသင့်ပါတယ်။ မျက်နှာအဆီပြန်လွယ်သူတွေဟာ မကြာခဏဆိုသလို ပုံမှန်မျက်နှာသစ်ပေးမယ်ဆိုရင် အဆီပြန်တာ သက်သာပါလိမ့်မယ်။
(၃) ဂျယ်လ်အမျိုးအစား Moisturisers သုံးပါ
Photo: Forbes
Moisturiser တွေဟာ မျက်နှာပြောင်စေလို့ တော်တော်များများက မကြိုက်ကြပါဘူး။ ဒါပေမယ့် ရေနဲ့ ဂျယ်လ်ကနေ ထုတ်ထားတဲ့ Moisturisers တွေကတော့ စေးကပ်ကပ်လည်း မနေသလို အဆီပြန်တဲ့ မျက်နှာတွေက လိုအပ်တဲ့ အာဟာရဓါတ်ကိုလည်း ပေးနိုင်ပါတယ်။
(၄) ဆီကြော်အစားအစာတွေ ရှောင်ပါ
Photo: Mensxp
အသင့်စားအစားအစာတွေ ဖြစ်တဲ့ ဘာဂါတွေ ၊ အာလူးချောင်းကြော်နဲ့ ကြက်ကြော်တွေလိုမျိုး အသင့်စား အစားအစာတွေကို စားတာဟာ အဆီပြန်မှုကို ပိုတိုးပြီး ဝက်ခြံပိုဖြစ်စေနိုင်ပါတယ်။ မျက်နှာအဆီပြန်သူဟာ ကျန်းမာပြီး အာဟာရဖြစ်စေမယ့် Diet ပိုစားပေးဖို့ လိုပါတယ်။
(၅) Skin Care မှာ သံပုရာပါပါစေ
Photo: Freepik
သံပုရာဟာ စီထရစ်အက်ဆစ်နဲ့ ဗိုက်တာမင်စီ ကြွယ်ဝပြီး အရေပြားပေါ်က ပိုလျှံအဆီတွေကို ဖယ်ရှားနိုင်ပါတယ်။ မျက်နှာသစ်ဆေးမှာ ဖြစ်ဖြစ် Face Pack မှာဖြစ်ဖြစ် သံပုရာအရည်တစ်စက်နှစ်စက်လောက် ထည့်ပြီး သန့်ရှင်းပေးမယ်ဆိုရင် မျက်နှာအဆီပြန်ခြင်း သက်သာပြီး ကြည်လင်ဝင်းပလာပါလိမ့်မယ်။